အငှားနေသည့်အိမ်တွင် ပြဿနာမဖြစ်စေရန် သိထားသင့်သည့်အရာများမှာ? ဂျပန်နိုင်ငံ၏ စည်းမျဉ်းများနှင့် လိုက်နာရမည့်ကျင့်ဝတ်အပြုအမူများကိုရှင်းပြပါမည်။

ဂျပန်တွင်နေထိုင်ခြင်း

「နိုင်ငံခြားသားတွေ ဂျပန်မှာ အခန်းငှားရခက်တယ်」လို့ ကြားဖူးပါသလား?

ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးတမ်းများကွာခြားမှုကြောင့် အိမ်ပိုင်ရှင်များအနေဖြင့် ပြဿနာဖြစ်မလားဆိုပြီး စိုးရိမ်မှုရှိခြင်းကြောင့်ဖြစ်သည်။သို့သော်လည်း အချက်လက်များကိုသေချာသိထားပါက အဆင်ပြေစွာ နေထိုင်နိုင်ပါသည်။

ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများဆွေးနွေးတိုင်ပင်နိုင်သည်။

■ မိတ်ဆွေသူငယ်ချင်းများ၊ချစ်သူများနှင့် အတူမနေရ
စာချုပ်ချုပ်ထားသူမှအပ၊တခြားသူများနေထိုင်ခြင်းကိုတားမြစ်ထားလေ့ရှိသည်။ စာချုပ်အကြောင်းအရာကို သေချာစစ်ဆေးပြီး စည်းမျဉ်းများကို လိုက်နာပါ။

■ဆူညံမှုသတိပြုပါ
အထူးသဖြင့် ည (၁၁ နာရီနောက်ပိုင်း) မှာ တိတ်ဆိတ်စွာနေပါ။ အသံကျယ်လောင်စွာအော်ဟစ်ခြင်း၊ ကျယ်လောင်စွာသီချင်းဖွင့်ခြင်း၊ ညပိုင်းသန့်ရှင်းရေးလုပ်ခြင်း၊အဝတ်လျှော်စက် အသုံးပြုခြင်းများကိုရှောင်ကြဥ်ပါ။

ဂျပန်တွင် ခြေချသံသည်ပတ်ဝန်းကျင်ကို အနှောင့်ယှက်ဖြစ်နိုင်သပါလား!? ဆူညံသံနှင့် ပတ်သက်သော mannerအပြုမူများကို ရှင်းပြခြင်း

■အမှိုက်ပစ်စည်းမျဥ်းများကိုလိုက်နာခြင်း
တိုင်းဒေသအလိုက် အမှိုက်အမျိုးအစားခွဲခြမ်းခြင်းနှင့်အမှိုက်ပစ်သည့်နေ့များသတ်မှတ်ထားသည်။ အိမ်ခြံမြေကုမ္ပဏီမှ ပေးသည့် လမ်းညွှန်ချက်များကို သေချာဖတ်ပြီး စည်းမျဉ်းအတိုင်းလုပ်ဆောင်ပါ။

အမှိုက်မပစ်ခင်အရင်ဦးစွာအမျိုးအစားခွဲခြားပါ!ဂျပန်နိုင်ငံ၏အမှိုက်ပစ်ခြင်းအခြေခံစည်းမျဉ်းစည်းကမ်းများကိုရှင်းပြခြင်း

■ အခန်းကို မပျက်စီးအောင်နေခြင်း
နံရံထဲတွင် အပေါက်ဖောက်ခြင်း၊ ဆေးလိပ်ကြောင့်ညစ်ညမ်းခြင်းများဖြစ်လာပါက ပြန်ပြင်စရိတ် အနေဖြင့်ငွေကြေးကုန်ကျနိုင်ပါသည်။ သန့်ရှင်း သပ်ရပ်စွာအသုံးပြုပါကအခန်းပြန်အပ်ချိန်တွင်စပေါ်ငွေများများပြန်ရတက်ပါသည်။

■ စာချုပ်သက်တမ်းတိုးခြင်း
 ၂ နှစ်လျှင်တစ်ကြိမ် အိမ်ငှားစာချုပ်သက်တမ်းတိုးကြေးအနေဖြင့် ငှားခ၁လစာပေးရတက်ပါသည်။ ၄င်းစနစ်သည်Kantou ဒေသ(တိုကျိုတစ်ဝိုက်ဘက်)မှာ အများအပြားတွေ့ရပြီး၊ Kansaiဒေသ(အိုဆာကာတစ်ဝိုက်ဘက်)မှာ မရှိသလောက်ရှားပါသည်။

■အခန်းပြန်အပ်သည့်လုပ်ငန်းစဥ်
အခန်းမှမထွက်ခွာခင် တစ်လကြိုတင် အကြောင်းကြားပေးဖို့လိုအပ်ပြီး၊ သန့်ရှင်းရေးနဲ့ သော့အပ်ပြန်ခြင်းကို မမေ့ပါနှင့်။

လတ်တလောအခြေနေတွင်နိုင်ငံခြားသားဝင်ရောက်လာမှုများပြားနေပြီး၊အိမ်လျှောက်ထားခြင်းစိစစ်မှုများလည်းလွယ်ကူလာပါသည်။ စည်းမျဉ်းနဲ့ ကျင့်ဝတ်မျာကို လိုက်နာပြီး အဆင်ပြေစွာ နေထိုင်ကြပါစို့။

ပန်မှာ အလုပ်ရှာဖွေနေသူများသည် ဖောင်မှတဆင့် ဆက်သွယ်ပေးပါ။

စုံစမ်းရေးဖောင်