ဂျပန်မှာ အိမ်အငှားရှာဖွေရန် အထောက်အကူပြုမည့် အခန်းဖွဲ့စည်းပုံနဲ့ အသုံးအနှုန်းများရှင်းပြချက်

ဂျပန်တွင်နေထိုင်ခြင်း

ဂျပန်တွင်အိမ်ရှာသည့်အခါ၊ သီးသန့်အသုံးပြုသော အသုံးအနှုန်းများကြောင့် ရှုပ်ထွေးသွားတာမျိုး ရှိတက်ပါသလား?

「1R」၊ 「押し入れ」ကဲ့သို့သောအသုံးအနှုန်းများကို နားလည်ထားပါက အိမ်ရှာဖွေရန် အထောက်အကူဖြစ်နိုင်ပါသည်။

ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများဆွေးနွေးတိုင်ပင်နိုင်သည်။

■အခန်းဖွဲ့စည်းပုံ ဖော်ပြခြင်း
・1R… မီးဖိုချောင်နှင့်အိပ်ခန်းတစ်ခန်းတည်းဖြစ်နေခြင်းワンルームလို့လည်းအသုံးပြုသည်။
・1K…မီးဖိုချောင်ခန်းသည်အိပ်ခန်းနှင့်သီးသန့်ဖြစ်နေခြင်း။
・1DK / 1LDK…ကျယ်ဝန်းသည့်မီးဖိုချောင်အခန်းတွင်ထမင်းစားသည့်နေရာ ダイニングရှိခြင်း(DK) သို့မဟုတ် ဧည့်ခန်းリビング(LDK)ပါဝင်သည့် အခန်းဖွဲ့စည်းပုံ။ ဂဏန်း အရေအတွက်တိုးလာခြင်းသည်အခန်းအရေအတွက်တိုးလာခြင်းဖြစ်သည်။(ဥပမာ:2LDK)。

■ခဏခဏတွေ့ရတက်သည့်အသုံးအနှုန်းများ
・玄関(げんかん)…စင်ဝင်ပေါက်၊ ဖိနပ်ချွတ်သည့်နေရာ။
・洋室(ようしつ)… အနောက်တိုင်းစတိုင်အိပ်ခန်း။
・和室(わしつ)…ကြမ်းပြင်တွင်ဖျာခင်းထားသည့်ဂျပန်စတိုင်အိပ်ခန်း။
・帖(じょう)…အကျယ်အဝန်း တိုင်းတာမှုစနစ်ဖြစ်ပြီး။ 「1帖」 = ခန့်မှန်းခြေ1.62㎡အကျယ်ရှိသည်။
・押入(おしいれ)… 和室ခေါ်ဂျပန်စတိုင်အိပ်ခန်းတွင်ရှိသည့်ဗီဒို(ပစ္စည်းသိမ်းဆည်းခန်း)။
・物入(ものいれ)・CL(クロゼット)closet…အဝတ်အထည်ပစ္စည်းများသိမ်းဆည်းသည့်နေရာ။
・洗面(せんめん)… မျက်နှာသစ်ခြင်း၊ သွားတိုက်ခြင်းများပြုလုပ်သည့်နေရာ။
・浴室(よくしつ)…ရေချိုးခန်း။

နားမလည်သည့်အသုံးအနှုန်း ရှိပါက အိမ်ခြံမြေ ကုမ္ပဏီအားမေးမြန်းကြည့်ပါ။

ယခုဆောင်းပါးသည် ဂျပန်၏ နေထိုင်မှုဘဝတွင် အသုံးဝင်မည့် ဗဟုသုတနှင့် အချက်အလက်များကို တင်ဆက်ပေးနေပြီး ကြိုးစားနေသည့် သင့်အတွက် အားပေးနေပါမည်။

ဂျပန်မှာ အလုပ်ရှာနေသူများသည် ဖောင်မှတဆင့်ဆက်သွယ်စုံစမ်းပေးပါ။

စုံစမ်းရေးဖောင်