ယခုတစ်ကြိမ်တွင် ဂျပန်မှာ အိမ်ရှာခြင်းမှ စာချုပ်ချုပ်ဆိုသည့်အထိ အစဥ်လိုက်လုပ်ဆောင်ပုံကို မိတ်ဆက်ပေးပါမည်။
ပုံမှန်အားဖြင့် အိမ်ပိုင်ရှင် (大家さん) ဆိုသူနဲ့ တိုက်ရိုက်စကားမပြောရပဲ၊ အိမ်ခြံမြေကုမ္ပဏီမှတဆင့် ဆောင်ရွက်ရပါသည်။
1. လိုချင်သည့်အချက်များကိုစုဆောင်းခြင်း
ရှေးဦးစွာ၊ အိမ်ငှားခ၊တည်နေရာ၊ အခန်းဖွဲ့စည်းပုံအကျယ်အဝန်း စသဖြင့် မိမိနေချင်သည့် အခန်းအမျိုးအစားကို စဉ်းစားကြည့်ပါ။ “အဲယားကွန်းပါပြီး” သို့မဟုတ် “သူငယ်ချင်းနဲ့အတူ နေရန်” စသဖြင့် အသေးစိတ်လိုအပ်ချက်များကို စုဆောင်းပြီး အိမ်ခြံမြေကုမ္ပဏီကို ပြောသင့်ပါသည်။
2. အိမ်အခန်းရှာခြင်း
အိမ်ရှာပုံနည်းနှစ်မျိုးရှိပါတယ်။
・အင်တာနက်တွင်ရှာဖွေခြင်း (SUUMO၊ HOME’S စသည့် အိမ်ခြံမြေရှာဖွေရန်ဆိုဒ်များတွင် လွယ်ကူစွာရှာဖွေနိုင်ခြင်း)
・အိမ်ခြံမြေကုမ္ပဏီထံ တိုက်ရိုက်သွားပြီး မိမိလိုအပ်ချက်နှင့် ကိုက်ညီသော အိမ်များကို မိတ်ဆက်ပေးဖို့ရန်ဆွေးနွေးခြင်း
အင်တာနက်ပေါ်မှာ နိုင်ငံခြားသားများအတွက် ဖော်ရွေအဆင်ပြေသော အိမ်ခြံမြေကုမ္ပဏီကို ရှာပြီး အသုံးပြုမည်ဆိုပါက ပိုမိုချောမွေ့နိုင်ပါသည်။
3. အိမ်သွားကြည့်ခြင်း
အိမ်ခြံမြေကုမ္ပဏီဝန်ထမ်းနဲ့ အတူ အခန်း၂~၄ ခန်းခန့် သွားကြည့်ပါ။ စိတ်ကြိုက်အိမ်ရှာတွေ့သည့်အထိ သေချာ စဉ်းစားဆုံးဖြတ်ပါ။ မသေချာသည့်အချက်များရှိပါကထိုနေရာတွင်ပင် တိုက်ရိုက်မေးရန် အရေးကြီးပါတယ်။
4. လျှောက်ထားခြင်းနှင့် စိစစ်ခြင်း
“ဒီအခန်းကိုယူဖို့ဆုံးဖြတ်လိုက်ပြီ” ဆိုပြီးဖြစ်လာပါက နေထိုင်ခွင့်ကဒ် (在留カード) နှင့် ဝင်ငွေထောက်ခံစာ စသည့် စာရွက်စာတမ်းများ ကိုလျှောက်တင်ပြီးစစ်ဆေးမှု့ခံယူရပါမည်။ ပြဿနာမရှိပါက စာချုပ်ချုပ်ဆိုသည့်အဆင့်ထိရောက်ရှိပါမည်။
日本の賃貸契約に必要な書類とは?日本特有の「連帯保証人」制度についても解説
5. အိမ်ငှားစာချုပ်ချုပ်ဆိုခြင်း
စာချုပ်အကြောင်းအရာကို သေချာစွာ စိစစ်ကြည့်ပြီး၊ အိမ်ငှားခ၊စပေါ်ငွေ၊ကျေးဇူးတင်ငွေ၊ များကို ပေးချေရပါမည်။ ထို့နောက် သော့ကို လက်ခံရရှိပြီးပါက နေထိုင်၍ရပါပြီ။
※နေထိုင်ပြီးနောက် လျှပ်စစ်၊ ဂတ်စ်၊ ရေ စသည်တို့အတွက် လိုအပ်သည့်လုပ်ထုံးလုပ်နည်းများလည်း ရှိပါသည်။ အိမ်ခြံမြေကုမ္ပဏီအနေဖြင့်အခကြေးငွေမယူပဲကိုယ်စားလုပ်ဆောင်ပေးသော်လည်း၊မလိုအပ်သော ဝန်ဆောင်မှုများကို ပြုလုပ်ရန်အကြံပြုတိုက်တွန်းလာနိုင်သည့်အတွက်သတိပြုသင့်ပါသည်။
ယခုဆောင်းပါးသည် ဂျပန်နိုင်ငံ၏ နေထိုင်မှုအတွက် အသုံးဝင်သည့်အချက်အလက်များ၊ အသိပညာများကိုမျှဝေပေးဖို့ရည်ရွယ်ပါသည်။ကြိုးစားနေသောသင့်အတွက်အထောက်အကူဖြစ်ဖို့မျှော်လင့်ပါသည်။
ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများFormမှတစ်ဆင့်ဆက်သွယ်မေးမြန်းပေးပါ။

