အိမ်ငှားစာချုပ်ချုပ်ရန်အတွက်ပူပင်စရာမလိုတော့ပါ။တိုခုတေးလုပ်သားများရရှိနိုင်သောနေရာထိုင်ခင်းပံ့ပိုးပေးမှုဆိုသည်မှာ?

ဂျပန်တွင်နေထိုင်ခြင်း

ဘာသာစကားအတားအဆီးနဲ့ စာချုပ်ချုပ်ဆိုဖို့ ခက်ခဲမှုကြောင့် 「ဂျပန်မှာ အခန်းငှားဖို့ မလွယ်ဘူး」 လို့ ခံစားမိနိုင်ပါသည်။

သို့သော်လည်း တိုခုတေးဂိနိုးဖြင့်အလုပ်လုပ်သူဖြစ်ပါကစိတ်ပူရန်မလိုပါ။ ကုမ္ပဏီဘက်မှ နေထိုင်ဖို့အတွက် အကူအညီပေးဖို့ တာဝန်ရှိပြီး၊ သင့်အနေဖြင့် စိတ်အေးသက်သာစွာ နေထိုင်နိုင်ပါသည်။

ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများဆွေးနွေးတိုင်ပင်နိုင်သည်။

■အဆောင် နှင့် ဝန်ထမ်းအိမ်ရာပေးခြင်း
ကုမ္ပဏီဘက်မှပြင်ဆင်ပေးသည့်အဆောင်နှင့်ဝန်ထမ်းအိမ်ရာများတွင်နေထိုင်နိုင်သည်။ အိမ်ထောင်ပရိဘောဂနှင့်အိမ်သုံးလျှပ်စစ်ပစ္စည်းများစုံလင်စွာထားရှိနေတက်ပြီးအိမ် ငှားခနှင့် ရေမီးဂတ်စ် ကုန်ကျစရိတ်များကိုလျော့ချနိုင်ပါသည်။ နေထိုင်မှုအတွက်သင်ကိုယ်တိုင်၏သဘောတူညီမှုလိုအပ်ပြီး၊ဆန္ဒရှိပါက၊ သာမာန်ငှားရမ်းရသည့်အိမ်များကိုစာချုပ်ချုပ်၍ငှားရမ်းခြင်းကိုလည်းကူညီပေးပါသည်။

■ ကုမ္ပဏီစာချုပ်ဖြင့် အိမ်ငှား နေခြင်း
ကုမ္ပဏီမှ စာချုပ်ချုပ်ထားသည့်အိမ် အခန်းများကိုပေးတာမျိုးလည်းရှိနိုင်ပါသည်။ နေထိုင်ရန်အိမ်ကို ကုမ္ပဏီက ရွေးပေးသော်လည်း သင်၏သဘောတူညီမှုလိုအပ်ပါသည်။အိမ် လခကိုကိုယ်တိုင်ပေးရ‌သော်လည်း敷金စပေါ်နှင့်礼金ကျေးဇူးတင်ငွေများဖြစ်သည့်ကနဦးကုန်ကျစရိတ်များကိုအလုပ်ဘက်မှအကုန်ကျခံပေးတက်ပါသည်။

■အိမ်ငှားစာချုပ်အတွက် ကူညီပံ့ပိုးမှု
သင့်အနေဖြင့် ကိုယ်တိုင် အိမ်အခန်းရှာသည့်အခါ ကုမ္ပဏီဘက်က အိမ်အခန်းရှာဖွေရေးနဲ့ စာချုပ်ချုပ်ဆိုသည့်လုပ်ငန်းစဥ်ကို ကူညီပေးပါသည်။ကုမ္ပဏီပေါ်မူတည်၍ အာမခံသူ (guarantor) အဖြစ်ပြုလုပ်ပေးသည်များရှိသလို ၊ ကုမ္ပဏီဘက်မှခက်ခဲသည့်အခါ အာမခံကုမ္ပဏီကိုအသုံးပြုနိုင်ပါသည်။ အာမခံကုမ္ပဏီသုံးဖို့ လိုအပ်သည့် ကုန်ကျစရိတ်ကိုလည်း ကုမ္ပဏီဘက်သို့မဟုတ်ထောက်ပံ့ရေးအဖွဲ့အစည်းဖြစ်သည့်ခုမိအိုင်အိမှ ကုန်ကျခံပေးပါလိမ့်မည်။

တိုခုတေးဂိနိုးဖြင့်အလုပ်လုပ်သူ တစ်ဦးအတွက် အခန်းအကျယ်မှာ အနည်းဆုံး 7.5㎡ အထက် ရှိဖို့ လိုအပ်ပါသည်။ ဂျစ်ရှူးဆေး(技能実習生)မှတဆင့်  ပြောင်းခဲ့သည်ရှိသော် အိပ်ခန်းအကျယ် 4.5㎡ နှင့်အထက်ဆိုလျှင်OKပါသည်။

 ရေနှင့်လျှပ်စစ် မီး ၊ ဂတ်စ်များသုံးရအောင်ပြုလုပ်ပေးခြင်း နေထိုင်မှု စည်းကမ်းများ နှင့်ပတ်သတ်၍လမ်းညွှန်ပေးခြင်း၊ မြို့နယ်ရုံးရပ်ကွက်ရုံးများတွင်လုပ်ဆောင်ရသည့်လုပ်ငန်းစဥ်များကိုလည်းကုမ္ပဏီဘက်မှကူညီလုပ်ဆောင်ပေးပါသည်။ ယခုကဲ့သို့သော ပံ့ပိုးမှုများကြောင့် သင့်အနေဖြင့် ဂျပန်မှာ နေထိုင်မှုအသစ်ကို စိတ်ချစွာ စတင်နိုင်ပါသည်။

(Specific Skills)ဂျပန်နိုင်ငံတွင် စိတ်ချစွာ အလုပ်လုပ်နိုင်ရန် ကူညီပံ့ပိုးပေးသည့် စနစ် (၁၀) ဆိုသည်မှာ

ပန်မှာ အလုပ်ရှာဖွေနေသူများသည် ဖောင်မှတဆင့် ဆက်သွယ်ပေးပါ။

စုံစမ်းရေးဖောင်