ဂျပန်နိုင်ငံ၏အခွန်များ စုစုပေါင်းယန်း၄သောင်းအခွန်လျော့စေသောအခွင့်အလမ်း!ကန့်သတ်အချိန်ဖြင့်「သတ်မှတ်ပုံသေအခွန်လျော့ခြင်း」 ဆိုတာဘယ်လိုစနစ်လဲ?
၂၀၂၄ခုနှစ် ဇွန်လမှ စတင်မည့် " သတ်မှတ်ပုံသေအခွန်လျော့ခြင်း " သည် ဝင်ငွေအခွန် ယန်း၃သောင်း နှင့် နေထိုင်ခွင့်အခွန်ယန်း၁သောင်းဖြင့်စုစုပေါင်းယန်း၄သောင်းသက်သာမည့်ယခုတစ်ကြိမ်အတွက်သာလျှင်ဖြစ်သောစနစ်ဖြစ်ပါသည်။နိုင်ငံခြားသားအလုပ်သမားများအတွက်ကိုက်ညီအကျုံးဝင်သောသတ်မှတ်ချက်များနှင့် အခွန်လျော့ခြင်းဖွဲ့စည်းထားသည့်ပုံစံအားရှင်းလင်းပြပါမည်။




