ဂျပန်နိုင်ငံ၏အခွန်များ

Kakutei Shinkokuလျှောက်ထားရမည့် နေရာသို့ သွားပါ! ကြိုတင်စာရင်းသွင်းခြင်းနည်းလမ်းနှင့် လုပ်ငန်းစဉ်များကိုမိတ်ဆက်ပေးပါမည်။

ပထမဆုံးအကြိမ် Kakutei Shinkokuလျှောက်ထားခြင်း ဖြစ်ပါက Kakutei Shinkokuလျှောက်ထားခြင်းလက်ခံပေးသည့်နေရာမှာလုပ်ခြင်းသည်စိတ်အချရဆုံးဖြစ်သည်။ Kakutei Shinkokuလျှောက်ထားခြင်း နေရာသည် စိတ်ချရပြီး Kakutei Shinkokuလုပ်ငန်းစဉ်များကို အလွယ်တကူ ပြီးမြောက်စေပါသည်။ Kakutei Shinkokuလျှောက်ထားခြင်း နေရာအား ကြိုတင်စာရင်းသွင်းခြင်းနည်းလမ်း၊ လိုအပ်သောစာရွက်စာတမ်းများနှင့် လုပ်ငန်းစဉ်များကိုလည်း မိတ်ဆက်ပေးလိုက်ပါသည်။
ဂျပန်နိုင်ငံ၏အခွန်များ

နိုင်ငံခြားသားများအနေဖြင့် ဂျပန်နိုင်ငံတွင် Kakutei Shinkokuပြုလုပ်ဖို့အတွက်ဘာတွေလိုအပ်ပါသလဲ?ပထမဦးစွာ လိုအပ်သောစာရွက်စာတမ်းများကို စတင်စုဆောင်းပါ။

Kakutei Shinkokuအတွက် လိုအပ်သောစာရွက်စာတမ်းများကို အသေးစိတ်ရှင်းပြထားပါသည်။ Kakutei Shinkokuကို စနစ်တကျ ပြုလုပ်နိုင်ရန်၊ Gensen Choushuu-hyouဟုဆိုသည့်တစ်နှစ်စာဝင်ငွေစာရွက်နှင့်မှီခိုသူများအတွက်အခွန်လျော့ပေါ့နိုင်သည့်၊ မိသားစုဝင်တော်စပ်သည့်စာရွက်စာတမ်းများ၊ ဘဏ်အကောင့်အချက်အလက်များကို အဆင်ပြေချောမွေ့စွာပြုလုပ်နိုင်ရန်အမြန်ဆုံးစာရွက်စာတမ်းများကို ပြင်ဆင်ပါ။
ဂျပန်နိုင်ငံ၏အခွန်များ

Kakutei Shinkoku လိုအပ်သည့်အခြေနေဆိုသည်မှာ-ကိုယ်တိုင်နှင့်ကိုက်ညီသည့်အချက်များကိုစစ်ဆေးကြည့်ပါ။

နှစ်ကုန်အခွန်လျော့ပေါ့ခြင်းနှင့်မလုံလောက်သည့်အခါKakutei Shinkokuလုပ်ရန်လိုအပ်ပါသည်။Tokuteiginouနှင့်နည်းပညာသင်တန်းသားဂျစ်ရှူးဆေးများဖြစ်သည့်နိုင်ငံခြားသားများအတွက်မည်သည့်အခြေနေတွင်Kakutei Shinkokuလိုအပ်သည်ကိုရှင်းပြပါမည်။အခွန်ပိုဆောင်မိသွားနှင့်အရှုံးမရှိစေရန်သေချာပေါက်စစ်ဆေးပေးပါ။
ဂျပန်နိုင်ငံ၏အခွန်များ

ပေးပြီးပြီလို့ထင်တဲ့ အခွန်ပြန်ရမလား? နှစ်ကုန်အခွန်လျော့ပေါ့ခြင်း Nen-matsu Chousei နှင့် Kakutei Shinkokuဆိုသည်မှာ?

နှစ်ကုန်အခွန်လျော့ပေါ့ခြင်းနှင့်Kakutei Shinkokuသည် ဂျပန်မှာ အခွန်ဆိုင်ရာအရေးကြီးတဲ့လုပ်ငန်းစဉ်များဖြစ်ပါသည်။သိထားမည်ဆိုပါက အခွန်အပေးလွန်ခြင်း သို့မဟုတ် အခွန်မပေးခြင်းကြောင့် အပြစ်ပေးခံရမည့်စိုးရိမ်မှုများကို လျှော့ချနိုင်ပါတယ်။ မိမိအလုပ်လုပ်နေသည့်ကုမ္ပဏီမှ ကိုယ်စားလုပ်ဆောင်ပေးသည့် နှစ်ကုန်အခွန်ရှင်းစစ်ခြင်းNen-matsu Chouseiနဲ့ ကိုယ်တိုင်ဆောင်ရွက်ရမယ့် Kakutei Shinkokuတို့ရဲ့ လုပ်ဆောင်ချက်နဲ့ လိုအပ်တဲ့အခြေအနေများကို ရှင်းပြပေးပါမယ်။
ဂျပန်တွင်နေထိုင်ခြင်း

ဘဝမှာတစ်ကြိမ်သာရှိသော! ဂျပန်နိုင်ငံ၏” အရွယ်ရောက်သူများနေ့ ” အခမ်းအနားတွင်မည်သည့်အရာများပြုလုပ်ပါသနည်း?

ဂျပန်နိုင်ငံ၏ " အရွယ်ရောက်သူများနေ့ " သည် အရွယ်ရောက်လာသောလူငယ်များကိုဂုဏ်ပြုသောထူးခြား‌သောနေ့ဖြစ်သည်။ ဇန်နဝါရီလ ဒုတိယတမြောက်အပတ် တနင်္လာနေ့တွင် ကျင်းပသော အရွယ်ရောက်သူများနေ့ အခမ်းအနား၊ ဂျပန်၏အရွယ်ရောက်ခြင်းသတ်မှတ်သည့်အသက်အရွယ်နှင့်အရက်သောက်ခွင့်၊ ဆေးလိပ်သောက်ခွင့်အသက်အရွယ်၏ ကွာခြားချက်များကိုလည်း မိတ်ဆက်ပေးပါမည်။
ဂျပန်တွင်နေထိုင်ခြင်း

ပျော်ရွှင်စရာနှစ်သစ်ဖြစ်ပါစေ။ဂျပန်နိုင်ငံ၏နှစ်သစ်ကူးပွဲတော်ဓလေ့များနှင့်ထိတွေ့ကြည့်ရ‌အောင်။

ဂျပန်နိုင်ငံ၏ နှစ်သစ်ကူးနေ့သည် ပြက္ခဒိန်စာရွက်ရှိ၁လပိုင်း၁ရက်နေ့ပင်ဖြစ်သည်။ နှစ်သစ်ကူးဘုရားသွားခြင်းနှင့်အိုဆဲချိဟင်းလျာများ၊ပို့စကတ်များအစရှိသည့်ဂျပန်တွင်သာရရှိနိုင်သည့်နှစ်သစ်ကူးပွဲတော်များနှင့်ပတ်သတ်ပြီးမိတ်ဆက်ပေးသွားပါမည်။
ဂျပန်တွင်နေထိုင်ခြင်း

ဂျပန်နိုင်ငံရှိခရစ်စမတ်ပွဲ‌တော်အကြောင်းအရာများကိုမိတ်ဆက်ခြင်း။illuminationမီးအလှများနှင့်ခရစ်စမတ်cakeများဖြင့်ပျော်ရွှင်စရာကောင်းသောDecember

ဂျပန်နိုင်ငံရှိ ခရစ်စမတ်သည် ပွဲတော်တစ်ခုလိုပင် ပျော်ရွှင်ဖွယ်အခမ်းအနားတစ်ခုဖြစ်သည်။ မြို့တော်များကို illuminationမီးအလှဆင်ခြင်းများပြုလုပ်ထားကာခရစ်စမတ်ပွဲတော်အစားစာများအစရှိသည့်ဂျပန်နိုင်ငံ၏အထူးသီးသန့်ပွဲတော်တစ်ခုဖြစ်သောခရစ်စမတ်ပွဲတော်အကြောင်းအရာများကိုရှင်းလင်းပြောပြသွားပါမည်။
ဂျပန်တွင်အလုပ်လုပ်ခြင်း

「5S」ဆိုသည်မှာ?။ ဂျပန်တွင်အလုပ်လုပ်သည့်အခါ လိုက်နာကျင့်သုံးသင့်သည့်အချက်များကိုလေ့လာကြည့်ပါစို့။

5S ဆိုတာက ဂျပန်မှာစတင်ခဲ့တဲ့ အလုပ်ခွင်တိုးတက်ရေးနည်းလမ်းဖြစ်ပေမဲ့၊ လက်တွေ့မှာတော့、ဂျပန်လူမျိုးများနဲ့ဆက်ဆံရေးပြုလုပ်သည့်အခါတွင်လည်းအသုံးဝင်သည့်အရာဖြစ်သည်။ ဂျပန်မှာအလုပ်လုပ်ဖို့လိုက်နာကျင့်သုံးသင့်သည့် 5S အပေါ်အခြေခံပြီးရှင်းပြသွားပါမည်။
ဂျပန်တွင်အလုပ်လုပ်ခြင်း

ဂျပန်လုပ်ငန်းခွင်တွင်အောင်မြင်မှု့ရနိုင်စေရန်? ဂျပန်လူမျိုးများနှင့်communicationပြုလုပ်ပုံနည်းလမ်းများကိုရှင်းပြခြင်း

ဂျပန်လုပ်ငန်းခွင်တွင်cmmunicationနှင့်ပတ်သတ်၍စိတ်ညစ်နေသူများအတွက်သေချာပေါက်သိထားသင့်ပါသည်။ညွှန်ကြားချက်များအတည်ပြုနည်းနှင့်လုပ်ငန်းခွင်အတွင်းသိထားသင့်သောအပြုမူများကိုရှင်းပြပြီး၊ ဂျပန်လူမျိုးများနှင့်အတူအလုပ်လုပ်သောအခါဂရုစိုက်ရမည့်အချက်များကိုလည်းရှင်းလင်း‌ပြောပြသွားပါမည်။
ဂျပန်တွင်အလုပ်လုပ်ခြင်း

ဂျပန်လူမျိုးများ၏ပြောဆိုဆက်ဆံရေး ထူးခြားချက်များ ဆိုသည်မှာ? “ မတင်မကျပြောခြင်း” နဲ့ “ ပါးနပ်မှု့ရှိခြင်း” ဆိုသည့်ယဉ်ကျေးမှုကိုရှင်းပြပါမည်။

ပြောဆိုဆက်ဆံရေး၏ အခြေခံအချက်သည်တစ်ဖက်လူကို လက်ခံပေးဖို့ဖြစ်ပါသည်။ ဂျပန်လူမျိုးများတွင်သာရှိသည့်ပြောဆိုဆက်ဆံရေးကိုသိထားခြင်းဖြင့်လုပ်ငန်းခွင်တွင်အပေးယူကောင်းမွန်ချောမွေ့စွာလုပ်ဆောင်ကြည့်ကြပါစို့။
ဂျပန်တွင်အလုပ်လုပ်ခြင်း

ကိုယ်ပိုင်ဘဝထက် အလုပ်ကို ဦးစားပေးနေပါသလား? ဂျပန်လူမျိုးတို့၏ အလုပ်လုပ်ပုံများထဲမှာ ဒီအချက်တွေကပုံမှန်မဟုတ်ဘူးဟုထင်နေပါသလား။!

ဂျပန်လူမျိုး၏ အလုပ်လုပ်ပုံနှင့်ပုံစံမတူသည့်မကိုက်ညီသောအရာများကိုမှတ်သားဖို့အကြောင်းပြ ချက်မှာ?အချိန်အများကြီးအလုပ်လုပ်ခြင်းနှင့်လစာမရသည့်အချိန်ပိုလုပ်ခြင်းများ၊လစာရှိခွင့်ရက်များကိုယူ၍မရခြင်းအစရှိသည့်နှင့်「အလုပ်အလွန်ကျွံလုပ်သည်」ဟူသောလုပ်ငန်းခွင်များခြင်း၏ နောက်ခံအခြေနေများနှင့်တကွဂျပန်လူမျိုးများ၏အလုပ်ပေါ်ထားရှိသည့်အထင်မြင်အယူဆတန်ဖိုးထားမှု့ကိုလေ့လာကြည့်ကြပါစို့။
ဂျပန်တွင်အလုပ်လုပ်ခြင်း

တိုခုတေးဂိနိုး ဖြင့် အလုပ်လုပ်နေစဉ် “အလုပ်စိတ်ဝင်စားမှု မရှိတော့ဘူး” ဆိုသည့် အကြောင်းရင်းသည်ဘယ်အရာဖြစ်မလဲ?ဂျပန်၏ အလုပ်ခန့်မှုစနစ်ကိုရှင်းပြပါမည်။

ဂျပန်တွင်သာရှိသည့် အဖွဲ့ဝင်အခြေပြု (Membership-based) အလုပ်ခန့်ထားမှုစနစ်နှင့် အလုပ်ပေါ်တွင်ထားရှိသည့် စဉ်းစားမှုကိုရှင်းပြပါမည်။အပြန်အလှန်နားလည်ခြင်းကိုတိုးမြှင့်ကာ လိုက်လျောညီထွေစွာပြောင်းလဲမှု့ရှိခြင်းကိုမှတ်သားကာမိမိ၏စွမ်းဆောင်ရည်များကိုအသုံးချပြီးဆောင်ရွက်ကြည့်ပါ။
ဂျပန်တွင်နေထိုင်ခြင်း

အရောင်အသွေးစုံလင်သည့်ဂျပန်၏ ဆောင်းဦးရာသီကို ခံစားကြည့်ကြမယ်! Momiji (မိုမိဂျီ) ကြည့်ခြင်း၏ စိတ်ဝင်စားဖွယ်ရာ နည်းလမ်းများ

Momiji ၊ Kaede ၊ Ginkgoအရွက်များအရောင်ပြောင်းခြင်းကိုပျော်ရွှင်ခံစားနိုင်သည့်(Momiji-gari) သည် ဂျပန်နိုင်ငံ၏ထူးခြားသည့် ဆောင်းဦးရာသီ၏ ရာသီအခမ်းအနားတစ်ခုဖြစ်သည်။ ကမ္ဘာကြီး၏စိတ်ဝင်စားအံ့သြဖွယ်ကောင်းသည့်ဝါစိမ်းနီ၊ရောင်စုံယှက်ဖြာနေသည့်သဘာဝမြင်ကွင်းတစ်ခုကိုသေသေချာချာကိုယ်တွေ့ခံစားကြည့်ပါ။
ဂျပန်တွင်အလုပ်လုပ်ခြင်း

အလုပ်လက်မဲ့ဖြစ်သော်လည်းပိုက်ဆံရနိုင်လား!? Hello Work တွင် အလုပ်လက်မဲ့ထောက်ပံ့ကြေးလျှောက်ကြည့်ပါ!

Tokutei Ginouဗီဇာဖြင့်အလုပ်လုပ်ကိုက်လျက်ရှိသောနိုင်ငံခြားသားများသည် Hello Work တွင် လျှောက်တင်ကြည့်ပါက အလုပ်ထွက်၍ နောက်အလုပ်အသစ်တွင် စတင်မလုပ်ကိုင်ခင်ကာလတွင်အလုပ်လက်မဲ့ထောက်ပံ့ကြေး(Shitsugyou Teate)ကို ရရှိနိုင်ပါသည်။ လိုအပ်သော စာရွက်စာတမ်းများ၊ လျှောက်ထားခြင်းလမ်းစဉ်များနှင့် သတိပြုရမည့် အချက်များကို ရှင်းပြပေးထားသည်။
ဂျပန်တွင်အလုပ်လုပ်ခြင်း

တိုခုတေးဂီနိုးဗီဇာဖြင့် ဂျပန်တွင် အလုပ်ထွက်ပါကလုပ်ဆောင်ရန်လုပ်ထုံးလုပ်နည်းများ?ဂျပန်တွင်အလုပ်ဆက်လက်လုပ်ကိုင်နိုင်ရန် အရေးကြီးသော အချက် ၃ ချက်ကိုရှင်းပြပါမည်!

အလုပ်ထွက်သော်လည်းလိုအပ်သည့်လုပ်ထုံးလုပ်နည်းများကိုမှန်မှန်ကန်ကန်ပြုလုပ်ပါက ဗီဇာသက်တမ်းကာလရှိသည့်ထိ ဂျပန်တွင် နေထိုင်နိုင်ပါသည်။ ဤဆောင်းပါးတွင် အလုပ်ထွက်ပြီးနောက် **ဂျပန်လဝကသို့ အကြောင်းကြားခြင်း၊ ကျန်းမာရေးအာမခံ၊ ပင်စင်နှင့် အခွန်ဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊ အလုပ်လက်မဲ့လစာ (失業手当) ကို မည်သို့လျှောက်ထားရမည်?** ဆိုသည်တို့ကိုဖော်ပြသွားပါမည်။
ဂျပန်တွင်အလုပ်လုပ်ခြင်း

<အထူးကျွမ်းကျင်မှု့> အလုပ်ထုတ်ခံရပါက မည်သို့လုပ်ရမည်နည်း?  မရသေးသည့်လစာနှင့်ထောက်ပံ့ကြေးခံစားခွင့်များကို ရယူနည်း 

အထူးကျွမ်းကျင်မှု (Tokutei Ginou) ဖြင့် အလုပ်လုပ်နေသည့် နိုင်ငံခြားသားများအတွက် အလုပ်ထုတ်ခံရခြင်းသို့မဟုတ်အလုပ်စာချုပ်သက်တမ်းကုန်ဆုံးသွား၍စာချုပ်အသစ်မချုပ်တော့ခြင်းများဖြစ်လာပါက မည်သို့ဆောင်ရွက်ရမည်ကိုရှင်းလင်းပြောပြထားပါသည်။ အလုပ်ထုတ်ခံရခြင်းနှင့်ပတ်သက်သည့်ဥပဒေများနှင့်တောင်းဆိုရရှိနိုင်သည့်ထောက်ပံ့ကြေးခံစားခွင့်များကို သိရှိထားပြီး အကျိုးကြောင်းမညီညွှတ်သည့်အလုပ်ထုတ်ခံရခြင်းမှမိမိကိုယ်ကိုကာကွယ်ပါ။
ဂျပန်တွင်အလုပ်လုပ်ခြင်း

သတ်မှတ်ကျွမ်းကျင်မှုဖြင့် အလုပ်အသစ်ရှာဖွေရန် မှာ?အသုံးပြုနိုင်သောဝန်ဆောင်မှုများနှင့်သတိပြုရန်အချက်များကိုရှင်းပြပါမည်!

သတ်မှတ်ကျွမ်းကျင်မှု (特定技能) ဖြင့် ဂျပန်တွင် အလုပ်ပြောင်းလိုသူများအတွက်、Hello Work、SNS နှင့် အလုပ်မိတ်ဆက်ပေးသည့်အလုပ်အကိုင်ရှာဖွေရေးကုမ္ပဏီများမှတဆင့် အလုပ်ရှာဖွေရန် နည်းလမ်းများရှိသည်။ သို့သော် မကောင်းသောလုပ်ငန်းရှင်များမှ နည်းလမ်းမမှန်သောလုပ်ရပ်များဖြင့်အလုပ်မိတ်ဆက်ကြေးများတောင်းခံရနိုင်သည့်အန္တရာယ်များလည်းရှိသည်။ ထို့ကြောင့် အလုပ်အသစ်ရှာဖွေသည့်အခါတွင် ယုံကြည်စိတ်ချရသောသူများနှင့် တိုင်ပင်ဖို့ အရေးကြီးပါသည်။
ဂျပန်တွင်အလုပ်လုပ်ခြင်း

အထူးကျွမ်းကျင်မှု (Tokutei Ginou) ဖြင့် အလုပ်ပြောင်းလို့ရနိုင်ပါသလား? အခြေခံစည်းမျဉ်းများနှင့် သတိပြုရမည့်အချက်များ

အထူးကျွမ်းကျင်မှု (Tokutei Ginou) သည် နိုင်ငံခြားသားအလုပ်သင် (技能実習) နှင့်ကွဲပြားပြီး၊ အလုပ်ပြောင်းရန် ခွင့်ပြုထားပါသည်။ သို့သော် အလုပ်လုပ်နိုင်သည့် လုပ်ငန်းအမျိုးစားများတွင် ကန့်သတ်ချက်များရှိပြီး၊ နေထိုင်ခွင့်ပြုမိန့်ပြောင်းလဲမှုတွင် အချိန်ကြာတတ်သည်။ အလုပ်ပြောင်းရန် စဉ်းစားနေသူများအတွက် သိထားသင့်‌သောလိုအပ်ချက်၊သတ်မှတ်များနှင့် သတိပြုရန် အချက်များကိုရှင်းပြပါမည်။
ဂျပန်တွင်နေထိုင်ခြင်း

ဩဂုတ်လတွင်ခရီးသွားမည်ဆိုပါက သတိပြုရန်လိုအပ်ပါသည်။! ဂျပန်၏ “ Obon” အချိန်နှင့် အခမ်းအနားများကိုရှင်းပြပါမည်။

"Obon" ဆိုသည်မှာ ဂျပန်နိုင်ငံ၏ ဘိုးဘွားများအားရည်စူးမှုအခမ်းအနားတစ်ခုဖြစ်ပြီး ပုံမှန်အားဖြင့် ဩဂုတ်လတွင်ကျင်းပကြသည်။Obonအချိန်အခါသည်ရက်ရှည်ပိတ်ရက်ယူနိုင်သည့်အချိန်လည်းဖြစ်ပါသည်။ Mukaebi၊ Okuribi၊ Shoryo-uma နှင့် Bon Odori စသည့် ထူးခြားသောဓလေ့များနှင့် Obon အချိန်အခါဖြတ်ကျော်နည်းကိုရှင်းပြပါမည်!
ဂျပန်တွင်နေထိုင်ခြင်း

မိုဘိုင်းအပ်ပလီကေးရှင်းများကို အသုံးပြု၍ ဂျပန်တွင် နေထိုင်မှု့ကို ပိုမို အဆင်ပြေစေနိုင်ပါသည်။ သုံးရန်အကြံပြုချင်သည့်အပ်ပလီကေးရှင်း ၆ ခု

ဂျပန်နိုင်ငံတွင် အသုံးဝင်သော မြေပုံ၊ သယ်ယူပို့ဆောင်ရေး၊ ဈေးဝယ်ခြင်းနှင့် ဘာသာပြန်ခြင်း အစရှိသည့် မိုဘိုင်းအပ်ပလီကေးရှင်းများကို မိတ်ဆက်ပေးပါမည်။ အခမဲ့အပ်ပလီကေးရှင်းများကို အသုံးပြု၍ အဆင်ပြေစွာနေထိုင်နိုင်မည်ဟုမျှော်လင့်ပါသည်။