မတ်လ ၃ ရက်နေ့သည် Hina Matsuriဖြစ်ပြီး! မိန်းကလေးများအတွက် သီးသန့်ပြုလုပ်သည့်ပွဲတော်ဖြစ်သည့်အတွက်အတူလိုက်ပါ ပျော်ရွှင်စွာခံစားကြရအောင်!

ဂျပန်တွင်နေထိုင်ခြင်း

3 မတ် 3 ရက်နေ့တွင် ကျင်းပသည့် 「Hina Matsuri」 သည့်အမျိုးသမီးလေးများ၏ ကျန်းမာစွာကြီးပြင်းလာမှုနှင့် ပျော်ရွင်ချမ်းမြေ့မှုကို ဆုတောင်းပေးသည့် ဂျပန်ရိုးရာပွဲတော်ဖြစ်ပြီး၊ များစွာသောဂျပန်လူမျိုးများသည် ကလေးဘဝမှစ၍ပျော်ရွှင်စွာဆင်နွှဲကျင်းပလေ့ရှိကြသည်။ နေအိမ်တွင်ဘုရင်နှင့် ဘုရင်မ၏ မင်္ဂလာဆောင်ကို ပုံစံတူပြထားသည့် ဟိနာအရုပ်နှင့်မက်မွန်ပန်းများတန်ဆာဆင်ထားပြီး၊သီးသန့်ဟင်းလျာများဖြင့်ဂုဏ်ပြုခြင်းကိုဖော်ပြထားကြသည်။

ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများဆွေးနွေးတိုင်ပင်နိုင်သည်။

အထင်ကရအစားအစာများမှာ အရောင်စုံစားသောက်စရာများကိုအပေါ်မှတင်ထားသည့် 「Chirashizushi」 နှင့် မိသားစုချစ်ခင်မြဲမြံမှု၏ အမှတ်လက္ခဏာအဖြစ်ဟမာဂူရီဟုခေါ်သည့်ခုံးကောင်ကို အသုံးပြုထားသည့် 「Hamaguri no Osuimono」ခေါ်ခုံးကောင်ဟင်းရည် ဖြစ်သည်။ နွေရာသီကိုဖော်ပြသည့်အရောင်များပါဝင်သည့် 「Hina Arare」 နှင့် 「Hishimochi」 ကဲ့သို့သော မုန့်များမှာလည်းပုံသေဟင်းလျာပြင်ဆင်မှုများဖြစ်သည်။ ထိုကာလအတွင်း စူပါမားကက်များတွင် Hina Matsuri အတွက် သီးသန့်အစားအသောက်များနှင့် ချစ်စရာကောင်းသော ကိတ်မုန့်များကို ဝယ်ယူနိုင်သည်။

ဒေသအလိုက် အထူးဧည့်ခံပွဲများလည်း ရှိပြီး၊ ဘေးအန္တရာယ်များကိုရေဖြင့်ဆေးကြောသန့်စင်သည်ဟု ယူဆသော 「Nagashi Bina」 သည် အထင်ကရနာမည်ကြီးပြီး၊ ကျိုတိုမြို့ရှိ下鴨神社 ဟုခေါ်သည့်(Shimogamoနတ်ဘုရားကျောင်း)နှင့် တိုကျိုမြို့ရှိ隅田川 ဟုခေါ်သည့်(Sumidaမြစ်)တို့တွင် ကျင်းပလေ့ရှိကြသည်။ ထို့ပြင် နေရာဒေသတော်တော်များများ၌ ဟိနာရုပ်ပုံစံတူများကြီးကြီးမားမားခင်းကျင်းပြသကာလှုံဆော်တိုက်တွန်းသည့်ပုံစံများကိုလည်းမြင်တွေ့နိုင်သည်။

အမျိုးသမီးငယ်လေးများ၏ပျော်ရွှင်ချမ်းမြေ့မှုကိုဆုတောင်းပေးရင်း၊ဂျပန်၏ဥတုရာသီကိုခံစားကြသည့်Hina Matsuriကိုပျော်ရွှင်ဆင်နွှဲကြည့်ပါ။

ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများFormမှတစ်ဆင့်ဆက်သွယ်မေးမြန်းပေးပါ။

စုံစမ်းရေးဖောင်