ဖေဖော်ဝါရီ ၁၄ ရက်နေ့၏ ဗယ်လင်တိုင်းဒေး သည် ရှေးရောမခေတ်က ဘုန်းတော်ကြီးသူတော်စင် စိန့်ဗယ်လင်တိုင် ၏ သေဆုံးသည့်နေ့မှ မူလအစပြုသည်ဖြစ်ပြီး၊ ချစ်သူများနှင့် မိမိတန်ဖိုးထားသည့်သူများအား မေတ္တာနှင့် ကျေးဇူးတင်စကားများကို ပို့ဆောင်သည့်နေ့အဖြစ် ကမ္ဘာတစ်ဝှမ်းသို့ ပြန့်ပွားလာခဲ့သည်။ ဂျပန်တွင် အမျိုးသမီးများက အမျိုးသားများကို ချော့ကလက် ပေးသည့်ဓလေ့ရှိပြီး၊ ချစ်ရေးချစ်ရာအတွက်သာ မဟုတ်ဘဲ မိတ်ဆွေများနှင့် မိသားစုအား ကျေးဇူးတင်ကြောင်း ဖော်ပြရန် အခွင့်အလမ်းလည်း ဖြစ်ပါသည်။
ယခင်က လုပ်ငန်းခွင်များတွင် “(義理チョコ)”Giri chokoဟုခေါ်သည့်Chocolateကိုပေးလေ့ရှိကြပေမဲ့၊နောက်ပိုင်းတွင်ဝန်ထုပ်ဝန်ပိုးဖြစ်လာမည်စိုးသောကြောင့်ထိုလုပ်ဆောင်မှုဓလေ့ကိုလျော့ချလိုက်သည်။မျက်မှောက်ကာလတွင်မိမိကိုယ်ကိုဆုချသည့်အနေဖြင့်စျေးကြီးသည့်Chocolateများကိုဝယ်ယူလာသည့်မိန်းကလေးအများအပြားရှိလာသည်။ ကုန်တိုက်များရှိChocolateပွဲတော်များသည်လည်းလူကြိုက်များကြသည်။ ဂျပန်လူမျိုးများသည် ချော့ကလက်ကို နှစ်သက်ကြပြီး၊ ကျန်းမာရေးအတွက်ကောင်းမွန်သည့်အစွမ်းသတ္တိများပါဝင်သည့်အတွက် စိတ်အပန်းပြေဖို့အတွက်လည်းမျှော်လင့်အားထားကြသည်။Chocolateလက်ခံရရှိထားသောအမျိုးသားများသည် မတ်လ ၁၄ ရက်နေ့၊ဂျပန်တွင်သာပြုလုပ်လေ့ရှိသည့် “White Day” ဟုခေါ်သည့်နေ့တွင် ပြန်လည်လက်ဆောင်ပေးကြသည်။ ဂျပန်၏ ဗယ်လင်တိုင်းဒေးသည် ဘာသာရေး အရိပ်အရာမပါဘဲ ချစ်သူများသာမက မိတ်ဆွေသူငယ်ချင်း၊ မိသားစုများနှင့် မိမိကိုယ်ကိုအတွက်ကျေးဇူးတင်သည့်စိတ်ကိုဖော်ပြရန်ပျော်ရွှင်ဆင်နွှဲကြသည့်ပွဲတော်လေးတစ်ခုပင်ဖြစ်သည်။
ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများFormမှတစ်ဆင့်ဆက်သွယ်မေးမြန်းပေးပါ။

