Kakutei Shinkoku (確定申告) သည် တစ်နှစ်တာ ဝင်ငွေများအပေါ်သတ်မှတ်သည့် အခွန်ပမာဏကို နိုင်ငံတော်သို့ တင်ပြရမည့် လုပ်ငန်းစဉ်ဖြစ်သည်။
ကုမ္ပဏီတွင် အလုပ်လုပ်သော အခါ Nen-matsu Chousei (年末調整) ကို ကုမ္ပဏီက လုပ်ဆောင်ပေးသဖြင့် အများအားဖြင့် Kakutei Shinkoku လုပ်ရန် မလိုအပ်ပါ။
သို့သော် ကိုယ်တိုင် Kakutei Shinkoku ဆောင်ရွက်ရမည့် အခြေအနေများလည်း ရှိနိုင်ပါသည်။
ယခုတစ်ကြိမ်တွင် Kakutei Shinkoku အတွက် လိုအပ်သော စာရွက်စာတမ်းများအကြောင်းကို ရှင်းပြပါမည်။
■Kakutei Shinkoku လုပ်ဆောင်နိုင်သည့် ကာလ
Kakutei Shinkoku ကို အများအားဖြင့် နှစ်စဉ် ၂ လပိုင်း ၁၆ ရက်မှ ၃ လပိုင်း ၁၅ ရက်အထိ လုပ်ဆောင်နိုင်သည်။ ထိုကာလအတွင်း လုပ်ဆောင်ချက်များပြီးစီးရန် အစောပိုင်းကတည်းကစပြီး ပြင်ဆင်ထားပါ။
■လိုအပ်သော စာရွက်စာတမ်းများ
-Gensen Choshuu-hyo (源泉徴収票)
တစ်နှစ်တာ ဝင်ငွေများနှင့် အခွန်ပမာဏ ရေးသားထားသည့် ကုမ္ပဏီမှထုတ်ပေးထားသည့် စာရွက်
-My Number Card သို့မဟုတ် /Juminhyo (住民票)သန်းခေါင်စာရင်း
ကာယကံရှင်၏ပုဂ္ဂိုလ်ရေးနံပါတ် အတည်ပြုရန်
– Zairyu Card (在留カード)
ကာယကံရှင်ဖြစ်ကြောင်းအတည်ပြုရန်အတွက် မိတ္တူစာရွက်ကိုပြင်ဆင်ပါ
– 居住形態等に関する確認書
ဂျပန်ရောက်ရှိပြီး ၅ နှစ်မပြည့်သေးသော နိုင်ငံခြားသားများအတွက်လိုအပ်သည်။
စာရွက်စာတမ်းကို Kokuzei-cho (国税庁) ဝဘ်ဆိုဒ်မှ ရယူနိုင်သည်။
– ဘဏ်အပ်ငွေစာအုပ် (預金通帳)
ပြန်လည်ရရှိနိုင်သော အခွန်ငွေပမာဏကိုလွှဲပေးရန် အတည်ပြုနိုင်သည့်ဘဏ်စာအုပ်
扶養控除 (Fuyou Koujo) မှီခိုလျော့ပေါ့ခြင်းရယူလိုပါက လိုအပ်သော စာရွက်စာတမ်းများ
– 親族関係書類 (Shinzoku Kankei Shorui)
မိသားစု ဆက်နွယ်မှုကို အတည်ပြုနိုင်သည့် 戸籍謄本 (Koseki Touhon)အမိနိုင်ငံမှမိသားစုသန်းခေါင်စာရင်းစာရွက် သို့မဟုတ် 出生証明書 (Shusshou Shoumeisho) မွေးစာရင်းစာရွက်
※ ဂျပန်ဘာသာ ပြန်ပါရှိရမည်
– 送金関係書類 (Soukin Kankei Shorui)
ငွေလွှဲ အထောက်အထားများ (တစ်နှစ်လျှင် ၃၈ သောင်းနှင့်အထက်ငွေလွှဲပေးထားသည့်အထောက်ထားကို အတည်ပြုရန်)
လိုအပ်သော စာရွက်စာတမ်းများကို downloadရယူခြင်းနှင့် ဘာသာပြန်စာရွက်စာတမ်းများနှင့်ပတ်သတ်ပြီးစိုးရိမ်မှုရှိပါက ကုမ္ပဏီ သို့မဟုတ် ခုမိအိုင်အိဖြစ်သည့်မှတ်ပုံတင် ထားသည့်ကူညီထောက်ပံ့ပေးသည့်အဖွဲ့စည်းများနှင့် တိုင်ပင်ပါ။
နောက်ဆောင်းပါးတွင် Kakutei Shinkoku ဆောင်ရွက်မှုအဆင့်ဆင့်အကြောင်းကို ရှင်းပြပေးပါမည်။
ဤဆောင်းပါးသည် ဂျပန်နိုင်ငံတွင် နေထိုင်မှုအတွက် အသုံးဝင်သည့် သတင်းအချက်အလက်များကို ပေးပို့ရန် ရည်ရွယ်ထားပြီး၊ သင်၏ ကြိုးစားမှုကို အားပေးကာအထောက်ကူဖြစ်ဖို့မျှော်လင့်ပါသည်။
ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများFormမှတစ်ဆင့်ဆက်သွယ်မေးမြန်းပေးပါ။


