ဂျပန်နိုင်ငံတွင် အလုပ်လုပ်ပါက လစဉ် လစာမှ အခွန်အမျိုးမျိုး၊ အလိုအလျောက် ဖြတ်တောက်ခံရပါမည်။
အခွန်များအနက် **Shotokuzei (所得税)** သည် တစ်နှစ်တာ ဝင်ငွေကို ခန့်မှန်း၍ တွက်ချက်ထားပြီး Nen-matsu Chousei (年末調整) ဖြင့် မှန်ကန်သော အခွန်ပမာဏကို စစ်ဆေးနိုင်သည်။
ပိုဆောင်ထားသည့် အခွန်ပမာဏကို ပြန်လည်ရရှိနိုင်သော်လည်း၊ အချို့သောအခြေအနေများတွင် **Kakutei Shinkoku (確定申告)** ကို ကိုယ်တိုင်ဆောင်ရွက်ရနိုင်ပါသည်။
ပေးပြီးပြီလို့ထင်တဲ့ အခွန်ပြန်ရမလား? နှစ်ကုန်အခွန်လျော့ပေါ့ခြင်း Nen-matsu Chousei နှင့် Kakutei Shinkokuဆိုသည်မှာ?
Kakutei Shinkoku လိုအပ်သော အခြေအနေများမှာအောက်ပါအတိုင်းဖြစ်ပါသည်
①လစာအပြင် ယန်းသောင်း၂၀ထက်ကျော်သောအပိုဝင်ငွေရှိခြင်း
အပိုဝင်ငွေဟုဆိုထားသော်လည်းTokutei Ginou (特定技能) သို့မဟုတ် Gino Jisshuu (技能実習) ဗီဇာဖြင့် နေထိုင်နေသူများကိုဒုတိယဝင်ငွေဖြစ်သည့်အပိုအလုပ်လုပ်ခြင်းကိုတားမြစ်ထားပါသည်။
②ထိုနှစ်ထဲတွင် အလုပ်ထွက်ခြင်း
၄င်းနှစ်တွင်အလုပ်ထွက်၍နှစ်ကုန် ၁၂ လပိုင်းအထိအလုပ်သစ်မရပါက၊အလုပ်ထွက်သည့်အချိန် ရရှိထားသည့် “ Gensen Choshuu-hyo (源泉徴収票)” တစ်နှစ်စာလစာစာရွက်ကို အသုံးပြုကာလျှောက်ထားရမည်ဖြစ်သည်။
③ဆေးကုသခြင်းကုန်ကျစရိတ်များနှင့်လှူဒါန်းထားသည့်ငွေများအတွက်အခွန်သက်သာလက်ခံ ရယူလိုခြင်း
တစ်နှစ်အတွင်း ဆေးကုသမှုကုန်ကျစရိတ် ယန်း၁၀သောင်းကျော်ကုန်ကျထားခြင်းနှင့်အလှူငွေအတွက်တင်ပြလျှောက်ထားကာအခွန်လျော့ပေါ့ခြင်းပြုလုပ်နိုင်သည်။
④Nen-matsu Chousei မှာ အချက်အလက်မှားယွင်းမှုရှိခြင်း
တင်သွင်းထားသည့်စာရွက်တွင်လိုအပ်ချက်များနှင့် အချက်အလက်မှားယွင်းခြင်း များရှိပါက Kakutei Shinkoku ဖြင့် ပြန်လည်ပြင်ဆင်ရမည်။
⑤扶養控除 (Fuyou Koujo) မှီခိုသက်သာလျှောက်ထားခြင်းမရရှိနိုင်ခြင်း
မိခင်နိုင်ငံရှိ မိသားစုများကို တစ်နှစ်အတွင်း ၃၈ သောင်းနှင့်အထက်ငွေလွှဲပေးထားသော်လည်းNen-matsu Chousei ပြုလုပ်သည့် ၁၁ လပိုင်းတွင် လွှဲငွေ၃၈ သောင်း မပြည့်ခဲ့သည့်အခါ၊နောက်နှစ် Kakutei Shinkoku (翌年2~3月) ကို ဆောင်ရွက်သည့်အခါသက်သာခွင့်လျှောက်တင်နိုင်ပါသည်။
အထူးသဖြင့်** **⑤ Fuyou Koujoမှီခိုသက်သာလျှောက်ထားခြင်း** **ကြောင့် Kakutei Shinkoku လိုအပ်သော အခြေအနေများသည် နိုင်ငံခြားသား အလုပ်သမားများအတွက် ပိုများလေ့ရှိသည်။**
ကုမ္ပဏီမှပြုလုပ်ပေးသည့်Nen-matsu Chousei နှင့်နှိုင်းယှဥ်ကြည့်ပါကဘာရိယများ၍အလုပ်ရှုပ်နိုင်သော်လည်း၊ Kakutei Shinkoku ပြုလုပ်ခြင်းသည် အခွန်ပိုဆောင်မှု ပြန်လည်ရရှိခြင်းနှင့် Juminzei (住民税) နေထိုင်ခွန်ပမာဏ လျော့နည်းသွားခြင်းကဲ့သို့သော အကျိုးကျေးဇူးများ ရရှိနိုင်သည်။
**နောက် ဆောင်းပါးတွင် Kakutei Shinkoku အတွက်လိုအပ်သော စာရွက်စာတမ်းများကို ရှင်းပြပါမည်။** ဤဆောင်းပါးသည် ဂျပန်နိုင်ငံတွင် နေထိုင်မှုအတွက် အသုံးဝင်သည့် သတင်းအချက်အလက်များကို ပေးပို့ရန် ရည်ရွယ်ထားပြီး၊ သင်၏ ကြိုးစားမှုအတွက်အထောက်ကူပြုဖို့မျှော်လင့်ပါသည်။
ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများFormမှတစ်ဆင့်ဆက်သွယ်မေးမြန်းပေးပါ။


