Nen-matsu Chousei” နှင့် “ Kakutei Shinkoku” ဆိုသောစကားလုံးများကို ကြားဖူးပါသလား?
ထိုနှစ်ခုလုံးမှာ အခွန်နှင့်ဆိုင်သော အရေးကြီးသော အဆင့်များဖြစ်ပြီး မှန်မှန်ကန်ကန် လုပ်ဆောင်နိုင်ပါက ပိုသွင်းထားသော အခွန်များကို ပြန်လည်ရရှိနိုင်ပါသည်။
■Nen-matsu Chousei (နှစ်ကုန်ညှိနှိုင်းမှု) ဆိုတာ ဘာလဲ
လစဥ်လစာမှ နုတ်ထားသော အခွန်များ မှန်ကန်မှုရှိ၊ မရှိကို စစ်ဆေးသောလုပ်ထုံးလုပ်နည်းဖြစ်ပြီး၊ ၎င်းကို သင်အလုပ်ဝင်နေသော ကုမ္ပဏီမှ စီမံဆောင်ရွက်ပေးသည်။
ပိုသွင်းထားသော အခွန်များ ရှိပါက ၁၂ လပိုင်းလစာတွင် ပြန်လည်ရရှိမည်ဖြစ်ပြီး၊ လိုအပ်သော အခွန်များရှိပါက လစာမှ နှုတ်ယူခံရပါမည်။
1နှစ်ကျော်အလုပ်တောက်လျှောက်လုပ်ကိုင်နေသူများနှင့်ထိုနှစ်၏၁၂လပိုင်းအထိအလုပ်လုပ်သူများအတွက် အကျုံးဝင်ပြီး၊ Tokutei Ginou (အထူးကျွမ်းကျင်မှု) နှင့် Gino Jisshuu (နည်းပညာကျွမ်းကျင်သင်တန်းသား) ဖြစ်သောနိုင်ငံခြားသားများလည်း ပါဝင်ပါသည်။ တဖန်အမိနိုင်ငံသို့ငွေပေးပို့နေသောသူဖြစ်ပါကNen-matsu Chouseiမှီခိုနုတ်ယူခြင်း(အခွန်လျော့ပေးခြင်း)ကိုလက်ခံဖို့အတွက်သီးသန့်ဖော်ပြချက်ကိုပြည့်စုံစေရန်လိုအပ်ပါသည်။
■Kakutei Shinkoku (အခွန်အတည်ပြုခြင်း) ဆိုတာ ဘာလဲ
Kakutei Shinkoku ဆိုသည်မှာ တစ်နှစ်တာ အခွန်နှင့် ဝင်ငွေကို နိုင်ငံတော်ကိုတင်ပြရသည့်လုပ်ထုံးလုပ်နည်းဖြစ်ပြီး ကိုယ်ပိုင်လုပ်ငန်းရှင်များနှင့်သီးသန့်နုတ်ယူမှု့ကိုလက်ခံလိုသူများအတွက်အကျုံးဝင်ပါသည်။
ကုမ္ပဏီမှ Nen-matsu Chousei မလုပ်ဆောင်သော အခါများ၊ သို့မဟုတ် မိခင်နိုင်ငံသို့ ငွေပေးပို့ရာတွင် Nen-matsu Chousei လုပ်သည့်ကာလကိုအချိန်မှီ ပြည့်စုံမှုမရှိသည့်အခါများတွင်၊ သင့်ကိုယ်တိုင် Kakutei Shinkoku လုပ်ဆောင်ရန် လိုအပ်ပါသည်။
Kakutei Shinkoku ကို နေ့စွဲအားဖြင့် 2 လပိုင်း 16 ရက်မှ 3 လပိုင်း 15 ရက်အတွင်း ကျင်းပလုပ်ဆောင်ပါသည်။
Nen-matsu Chousei နှင့် Kakutei Shinkoku ကို မှန်မှန်ကန်ကန် နားလည်ထားပါက အခွန်ပိုသွင်းမှုမှ ဆုံးရှုံးခြင်း၊ သို့မဟုတ် အခွန်မပေးဆောင်ထားမှုကြောင့် ဒဏ်ငွေ ပေးချေရခြင်းတို့ကိုလျော့ချပေးနိုင်ပါသည်။
နောက်ကြိမ်တွင် Kakutei Shinkoku လိုအပ်သော အခြေအနေများကို အသေးစိတ်ရှင်းပြပေးမည်ဖြစ်သည်။
ဤဆောင်းပါးသည် ဂျပန်နိုင်ငံ၏နေထိုင်မှုအတွက် အသုံးဝင်သည့် အချက်အလက်များကို တင်ဆက်ပေးနေပြီးကြိုးစားနေသောသင့်အတွက်အားပေးမှုတစ်ခုဖြစ်လာပါမည်။
ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများFormမှတစ်ဆင့်ဆက်သွယ်မေးမြန်းပေးပါ။

