「5S」ကိုနားလည်ပါသလား?
5S ဆိုသည်မှာ ဂျပန်မှာစတင်ခဲ့သည့် အလုပ်ခွင်တိုးတက်ရေးအတွက် စဥ်းစားနည်းအယူအဆတစ်ခုဖြစ်ပါသည်။ ထုတ်လုပ်မှုထိရောက်မှုကိုမြှင့်တင်ဖို့ အရေးကြီးတဲ့ အချက် ၅ ချက်ကို ဆိုလိုခြင်းဖြစ်သည်။
■5S အကျဉ်းချုပ်နဲ့ ဂျပန်မှာအလုပ်လုပ်တဲ့အခါလိုအပ်သည့်လိုက်နာကျင့်သုံးသင့်သည့်အချက်များ
・整理(Seiri):လိုအပ်တာတွေကိုရွေးထုတ်ပြီး မလိုအပ်တာတွေကိုလွှင့်ပစ်ခြင်း။ အလုပ်လမ်းစဉ်ကိုလိုက်နာခြင်းသည်အရေးကြီးပါသည်။
・整頓(Seiton):လိုအပ်သည့်ပစ္စည်းများကို သတ်မှတ်ထားတဲ့နေရာတွင်ထားရှိခြင်း။ 報告・連絡・相談(အကျိုးကြောင်းတင်ပြခြင်း၊ ဆက်သွယ်အကြောင်းကြားခြင်း၊ ဆွေးနွေးတိုင်ပင်ခြင်း)ကိုသေချာစေ့စပ်အောင်ပြုလုပ်ခြင်း။
・清掃(Seiso):အလုပ်ခွင်ကိုအမြဲသန့်ရှင်းစွာထားရှိခြင်း။ စည်းမျဉ်းများကိုလိုက်နာပြီး ရိုးသားမှုနဲ့အလုပ်လုပ်ခြင်း။
・清潔(Seiketsu):မိမိ၏အသွင်အပြင်ကိုသန့်ရှင်းစွာထားရှိခြင်း။ လက်ဆေးခြင်း၊ ရေချိုးခြင်းစသည့်အလေ့အထများကိုပုံမှန်ပြုလုပ်ခြင်း။
・しつけ(Shitsuke):စည်းမျဉ်းများနဲ့အပြုအမူအကျင့်များကိုလိုက်နာခြင်း။ အချိန်သေချာလိုက်နာခြင်းနှင့်၊နှုတ်ဆက်ခြင်းကိုမမေ့မလျော့လုပ်ဆောင်ခြင်း။
ဂျပန်မှာအလုပ်လုပ်တဲ့အခါ 5S ကိုစဉ်းစားပြီးအလုပ်လုပ်ပါက ဂျပန်လူမျိုးများနဲ့ ယုံကြည်မှုတည်ဆောက်နိုင်မည်ဖြစ်ပါသည်။ သေးငယ်တဲ့နေ့စဥ်ကြိုးစားမှု့များသည်အနာဂတ်ရည်မှန်းချက်အောင်မြင်မှု့များနှင့်ဆက်စပ်မှု့ရှိပါသည်။ထို့ကြောင့်၊လက်တွေ့လိုက်နာကြည့်ဖို့အကြံပြုပါသည်။
ဂျပန်တွင် အလုပ်အကိုင် ရှာဖွေနေသူများသည် ဖောင်မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

