တိုခုတေးဂိနိုး ဖြင့် အလုပ်လုပ်နေစဉ် “အလုပ်စိတ်ဝင်စားမှု မရှိတော့ဘူး” ဆိုသည့် အကြောင်းရင်းသည်ဘယ်အရာဖြစ်မလဲ?ဂျပန်၏ အလုပ်ခန့်မှုစနစ်ကိုရှင်းပြပါမည်။

ဂျပန်တွင်အလုပ်လုပ်ခြင်း

တိုခုတေးဂိနိုး ဖြင့်လုပ်ကိုင်နေစဉ်တွင် “ကျွမ်းကျင်စွမ်းရည်များကို အသုံးချလို့မရဘူး” ဟု ခံစားဖူးပါသလား။ 

ဤအခြေအနေသည် ဂျပန်နိုင်ငံ၏ အဖွဲ့ဝင်အခြေပြု အလုပ်အကိုင်စနစ် နှင့် သင့်မိခင်နိုင်ငံ၏ အလုပ်အကိုင်အခြေပြုစနစ်ဖြစ်သည့် (ジョブ型) တို့ကြားရှိ ကွာခြားမှုကြောင့် ဖြစ်နိုင်သည်။ 

ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများဆွေးနွေးတိုင်ပင်နိုင်သည်။

■အဖွဲ့ဝင်အခြေပြု စနစ် (ဂျပန်)
အလုပ်ဝင်ပြီးနောက်မှသာ တာဝန်များ သတ်မှတ်ခြင်း 
လုပ်ငန်းဆောင်တာများကိုကျွမ်းကျင်ကျယ်ပြန့်စွာ လုပ်ဆောင်ရင်း တိုးတက်မှု့ရှိလာခြင်း
အသက်အရွယ်နှင့် တာဝန်ထမ်းဆောင်ချိန်ပေါ်မူတည်၍ လစာတိုးခြင်း 
အလုပ်ထုတ်ခံရနိုင်ချေနည်းခြင်း 

■အလုပ်အကိုင်အခြေပြု စနစ် (ပြင်ပနိုင်ငံများ)
– ကျွမ်းကျင်မှုနှင့် ကိုက်ညီမှုအပေါ်မူတည်၍ အလုပ်ခန့်အပ်တာဝန်ပေးခြင်း
– အလုပ်ဆောင်ရွက်မှုရလဒ်ပေါ်မူတည်၍ ရာထူးတိုးတက်ခြင်းနှင့် လစာတိုးခြင်း
ပိုမိုကောင်းမွန်သည့် လုပ်ခလစာနှင့် အလုပ်အခြေအနေ ရရှိရန် အလုပ်ပြောင်းခြင်း 

Tokutei Ginou အလုပ်အကိုင်အခြေပြုစနစ်ဖြစ်သည့်(ジョブ型) နှင့် ဆင်တူပါသည်။ သို့သော် ဂျပန်ကုမ္ပဏီများသည် အဖွဲ့ဝင်အခြေပြုစနစ် ကို အသုံးချနေကြသေးသည့်အတွက်၊ အသစ်ဝင်ရောက်လာသောဝန်ထမ်းသည် တိုက်ရိုက်ထိထိရောက်ရောက် လုပ်ကိုင်ဆောင်ရွက်နိုင်မည် ဟု မျှော်လင့်ထားခြင်း မရှိပါ။ ဤကဲ့သို့သော ကွာခြားမှုသည် အလုပ်အပေါ် မကျေနပ်မှု ဖြစ်ပေါ်စေနိုင်သည့်အကြောင်းရင်းဖြစ်နိုင်သည်။ 

အလုပ်ပြောင်းခြင်းဖြင့် ပြဿနာများအားလုံး ဖြေရှင်းနိုင်မည်မဟုတ်ပါ။ ဂျပန်နိုင်ငံ၏ အလုပ်လုပ်ပုံစံကို နားလည်ပြီး သင့်ကိုယ်သင် **လိုက်လျောညီထွေမှုရရှိရန် ကြိုးစားဖို့ လည်း မဖြစ်မနေ လိုအပ်ပါသည်။ 

သင့်ကိုယ်တိုင်၏စွမ်းရည် ကျွမ်းကျင်မှုများကို ပိုမိုနားလည်စေရန် ဂျပန်လုပ်ဖော်ကိုင်ဖက်များနှင့် တက်ကြွစွာ ပြောဆိုဆက်ဆံဆောင်ရွက်ကြည့်ဖို့ဆုံးဖြတ်ထားခြင်းသည်ပိုမိုမှန်ကန်နိုင်ပါသည်။ 

ဂျပန်တွင် အလုပ်အကိုင် ရှာဖွေနေသူများသည် ဖောင်မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

စုံစမ်းရေးဖောင်