အလုပ်လက်မဲ့ဖြစ်သော်လည်းပိုက်ဆံရနိုင်လား!? Hello Work တွင် အလုပ်လက်မဲ့ထောက်ပံ့ကြေးလျှောက်ကြည့်ပါ!

ဂျပန်တွင်အလုပ်လုပ်ခြင်း

Japan တွင် အလုပ်ထွက်လိုက်သောသူများသည် “ အလုပ်လက်မဲ့ထောက်ပံ့ကြေး” (Shitsugyou Teate) ကိုရနိုင်သည်ကို သိပါသလား။ 

Tokutei Ginou ဗီဇာရှိသော နိုင်ငံခြားသားများအတွက်လည်းအကျုံးဝင်သည်ဖြစ်ပြီးမိမိသဘောထားဖြင့်ထွက်သည်ဖြစ်စေ၊ကုမ္ပဏီ၏သဘောထားဖြင့်ထွက်သည်ဖြစ်စေ သတ်မှတ်ချက်များပြည့်စုံပါက အလုပ်လက်မဲ့ထောက်ပံ့ကြေး ကို ရယူနိုင်ပါသည်။

ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများဆွေးနွေးတိုင်ပင်နိုင်သည်။

လက်ခံရရှိနိုင်ရန် အခြေအနေများ
・မိမိသဘောထားဖြင့် အလုပ်ထွက်ခြင်း– အလုပ်မထွက်မီ ၂ နှစ်အတွင်း အလုပ်သမားအာမခံ (Koyou Hoken) သို့ ၁၂ လနှင့်အထက် ပေးဆောင်ထားခြင်း။
・ကုမ္ပဏီ၏သဘောထားဖြင့်ထွက်ခြင်း– အလုပ်မထွက်မီ ၁ နှစ်အတွင်း အလုပ်သမားအာမခံသို့ ၆ လအထက် ပေးဆောင်ထားခြင်း။ 

■ထောက်ပံ့ကြေးလက်ခံရရှိရန် လိုက်နာရမည့် အဆင့်များ
① လိုအပ်သော စာရွက်စာတမ်းများကို ပြင်ဆင်ခြင်း(Rishokuhyou, Taishoku Shoumeisho, Zairyuu Card, ဓာတ်ပုံစသည်) 

Hello Work တွင်လျှောက်လွှာတင်ရန် (ကောင်တာတွင်လုပ်ထုံးလုပ်နည်းအားဆောင်ရွက်ခြင်း)

အလုပ်သမားအာမခံ ရှင်းလင်းပွဲ (Koyou Hoken Setsumeikai) တွင် တက်ရောက်ပြီး လက်ခံသူမှတ်ပုံတင် (Jukyu Shikakusha Shou) ကို ရယူရန် 

စောင့်ဆိုင်းကာလပြီးနောက် ငွေပေးချေမှု စတင်ခြင်း (Shikyuu Kaishi) 
・ကုမ္ပဏီဘက်မှ အလုပ်ရပ်ဆိုင်းခြင်း ဖြစ်ပါက- ၇ ရက်အကြာတွင် စတင်ပေးချေခြင်း
・မိမိသဘောဖြင့် အလုပ်ထွက်ခြင်း ဖြစ်ပါက-  ပေးချေမှု့အတွက်၁ လစောင့်ရခြင်း 

၄ ပတ်တစ်ခါ အလုပ်မရှိခြင်း အတည်ပြုမှု (Shitsugyou Nintei) ပြုလုပ်ရန် (အလုပ်ပြန်ရှာခြင်းလှုပ်ရှားမှုကို သက်သေပြရန် လိုအပ်သည်) 

အလုပ်ပြန်ရပါက ငွေပေးချေမှု ရပ်စဲမည် (Shikyuu Shuuryou) 
・အမြန်ဆုံးအလုပ်ပြန်လည်ရရှိပါက ပြန်လည်အလုပ်ဝင်ခြင်းဆိုင်ရာ အထောက်အပံ့ငွေ (Saishushoku Teate) ကိုလည်း ရရှိနိုင်သည်။ 

■သတိပြုရန် အချက်များ
・ငွေပေးချေမှု စတင်ခြင်းအထိ ၁~၂ လကြာနိုင်သည်။ 
・Tokutei Ginou ဗီဇာရှိသူများသည် ၃ လအထက် အလုပ်မလုပ်ပါက နေထိုင်ခွင့် ဗီဇာ(Zairyu Shikaku) အားပယ်ဖျက်ခံရနိုင်သည်။ 

Hello Work သည် အလုပ်လက်မဲ့ထောက်ပံ့ကြေးလျှောက်တင်နိုင်ခြင်းသာမက အလုပ်ရှာဖွေရေးဆိုင်ရာ အကြံဥာဏ်များနှင့်အလုပ်အကိုင်များကိုလည်းမိတ်ဆက်ပေးနေပါသည်။လိုအပ်သလိုအသုံးပြုဖို့အကြံပြုပါသည်။

ဂျပန်တွင် အလုပ်အကိုင် ရှာဖွေနေသူများသည် ဖောင်မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

စုံစမ်းရေးဖောင်