မိုဘိုင်းအပ်ပလီကေးရှင်းများကို အသုံးပြု၍ ဂျပန်တွင် နေထိုင်မှု့ကို ပိုမို အဆင်ပြေစေနိုင်ပါသည်။ သုံးရန်အကြံပြုချင်သည့်အပ်ပလီကေးရှင်း ၆ ခု

ဂျပန်တွင်နေထိုင်ခြင်း

ဂျပန်ကို ရောက်ပြီးနောက် အသစ်ထည့်သွင်းထားတဲ့ အပ်ပလီကေးရှင်း ရှိပါသလား။  ယခုတစ်ခေါက်တွင်ဂျပန်၏နေထိုင်ရေးမှာ အထောက်အကူဖြစ်စေမည့် မိုဘိုင်းအပ်ပလီကေးရှင်း ၆ ခုကို မိတ်ဆက်ပေးပါမယ်။

ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများဆွေးနွေးတိုင်ပင်နိုင်သည်။

မြေပုံအပ်ပလီကေးရှင်း – Google Map
လမ်းကြောင်းရှာဖွေရေးနဲ့ လမ်းညွှန်မှုများ ပြုလုပ်နိုင်ပြီးローマ字 (ရိုမဂျီ) Englishအက္ခရာဖြင့်လည်း ရှာဖွေနိုင်ပါသည်။ ကြိုတင်ပြီး မြေပုံဒေါင်းလုပ်ထားလျှင် Wi-Fi မရှိလည်း အသုံးပြုနိုင်ပါတယ်။

သယ်ယူပို့ဆောင်ရေးအပ်ပလီကေးရှင်း – Japan Transit Planner
ရထားနဲ့ ဘတ်စ်ကားတို့ရဲ့ လမ်းကြောင်းရှာဖွေနိုင်ပြီး “ ခရီးစရိတ်သက်သာသော လမ်းကြောင်း” စသည့် အသေးစိတ်စီစဥ်ခြင်းများထိ ပြုလုပ်နိုင်ပါတယ်။ ဘာသာစကားများစွာ ဖြင့်အထောက်ပံ့ပေးထားသည့်အတွက် ဂျပန်စာ မသိသူများအတွက်လည်း အသုံးပြုရလွယ်ကူပါတယ်။

ငွေပေးချေမှုအပ်ပလီကေးရှင်း – PayPay
QR ကုဒ်ဖြင့် ငွေပေးချေနိုင်ပြီး ဂျပန်နိုင်ငံတွင်း ငွေလွှဲရာတွင်လည်း အထောက်အကူဖြစ်ပါတယ်။ ၂၄နာရီစတိုးဖြစ်သည့်ကွန်ဗီနီရှိ ATM များတွင် ငွေဖြည့်သွင်းနိုင်ပြီး နေထိုင်ခွင့်ကဒ်ဖြစ်သည့်ဇိုင်းယူးကဒ်ဖြင့် ကာယကံရှင်ဖြစ်ကြောင်းအထောက်အထားပြကာ အတည်ပြုနိုင်ပါတယ်။

ဆက်သွယ်မှု့အပ်ပလီကေးရှင်း – LINE
ဂျပန်မှာ အများဆုံး အသုံးပြုကြသည့် မက်ဆေ့ဂျ်ပို့နိုင်သော အပ်ပလီကေးရှင်းဖြစ်သည်။ အခမဲ့ဖုန်းခေါ်ဆိုနိုင်သည့်လုပ်ဆောင်မှု့ ပါဝင်ပြီး စတစ်ကာနဲ့ Emojiများ၊အများအပြားရှိသည်။

 မိုးလေဝသအပ်ပလီကေးရှင်း – WeatherJapan 
တစ်နာရီခန့်ချင်းစီအတွင်း မိုးလေဝသခန့်မှန်းချက်ကို ကြည့်ရှုနိုင်ပြီး အပူချိန်၊ နေထွက်ချိန်၊ နေဝင်ချိန် အစရှိသည့် အချက်အလက်များကိုဖော်ပြပေးပါသည်။ တစ်ပတ်အတွင်း မိုးလေဝသ ခန့်မှန်းချက်ကိုလည်း ကြည့်ရှုနိုင်ပါတယ်။

ဘာသာပြန်အပ်ပလီကေးရှင်း – Google Translate
အသံနဲ့ ကင်မရာ အသုံးပြု၍ လွယ်ကူစွာ ဘာသာပြန်နိုင်ပါတယ်။ ဂျပန်စာ မရသေးသည့် အခြေအနေတွင် စကားပြောဆိုရန်သုံးနိုင်သောကြောင့် အသုံးဝင်ပါတယ်။ 

အပ်ပလီကေးရှင်းအားလုံးသည် iOS နှင့် Android နှစ်မျိုးစလုံးတွင် ရနိုင်ပြီး အခမဲ့အသုံးပြုနိုင်ပါတယ်။ 

သင်အကြိုက်ဆုံး အပ်ပလီကေးရှင်းကိုလည်း မျှဝေသွားပေးပါ။  ဤဆောင်းပါးသည် ဂျပန်၏ နေထိုင်မှု့အတွက် အသုံးဝင်သည့် သတင်းအချက်အလက်များကို မျှဝေပေးပြီး သင့်အား ကူညီရန် ရည်ရွယ်ပါသည်။

ဂျပန်တွင် အလုပ်အကိုင် ရှာဖွေနေသူများသည် ဖောင်မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

စုံစမ်းရေးဖောင်