ကြယ်လေးတွေဆီကို ဆုတောင်းမည်ဆိုပါက၊ သင်သည်မည်သည့်အရာကို ဆုတောင်းမည်နည်း။
ဇူလိုင်လ၇ရက်နေ့သည်Tanabataပွဲတော်ဖြစ်ပါတယ်။၄င်းနေ့တွင်ဆုတောင်းခြင်းပြုလုပ်ပါကဆုတောင်းပြည့်တက်သည်ဟုပြောစမှတ်ပြုကြသည်။ Tanabata သည် တရုတ်ဒဏ္ဍာရီနှင့် ပွဲတော်ဖြစ်ပြီးဂျပန်တွင်သီးသန့်ထင်ရှားလာသည့်အရာပင်ဖြစ်သည်။
■Tanabata ပွဲတော်၏ပုံပြင်
နတ်ဘုရား၏သမီးတော်ဖြစ်သည့်ရက္ကန်းသမလေးကိုနတ်ဘုရားကအလုပ်ကြိုးစားတဲ့နွားကျောင်းသားကြယ်ကလေးနှင့်ပေးစားလိုက်ပေမဲ့၊ယူပြီးနောက်၂ယောက်လုံးကအရမ်းချစ်ပြီးအလုပ်မလုပ်ကြတော့ပါ။ထိုအကြောင်းရာကြောင့်နတ်ဘုရားကစိတ်ကွက်ကာ၂ယောက်လုံးကိုကောင်းကင်မြစ်ကြီးရဲ့အဆုံးနှစ်ဘက်ရောက်အောင်ခွဲလိုက်ပြီး၊ အလုပ်သေချာလုပ်ပါက၁နှစ်မှာ၁ကြိမ်Tanabataပွဲတော်တွင်တွေ့ဆုံ
ခွင့်ရမည်ဆို၍ခွင့်ပြုခဲ့ပါသည်။
ထို့နောက်မှစ၍၊ရက္ကန်းသမလေး(Bega)နှင့်နွားကျောင်းသားကြယ်လေး(Arutairu)သည်Tanabataပွဲတော်တွင်ပြန်ဆုံတွေဖို့ဖြစ်လာပြီး၊ကြယ်ကလေးများဆီတောင်းဆုပြုသည့်ပွဲဖြစ်လာပါသည်။
■Tanabata ပွဲတော်အခမ်းအနား
ဂျပန်နိုင်ငံတွင်ပွဲတော်အချိန်ရောက်ပါက၊ လူများသည် ဆုတောင်းစာများကို တန်ဇာကူ (tanzaku) လို့ခေါ်တဲ့ စာရွက်လေးများပေါ်မှာရေးပြီး၊ ဝါးသစ်ကိုင်းရွက်လေးပေါ်မှာ ချိတ်ဆွဲကြသည်။ ထိုစာရွက်များသည် အရောင်ငါးမျိုးရှိပြီး၊ တစ်ခုချင်းစီမှာ အဓိပ္ပါယ်ရှိပါသည်။ ဥပမာအားဖြင့် – အပြာရောင်သည် ကောင်းမှု့ကုသိုလ်၊ အနီရောင်သည် ကျေးဇူးတင်ရှိခြင်း၊ အဝါရောင်သည်ကိုယ်ချင်းစာတရား၊အဖြူရောင်သည်တာဝန်ဝတ္တရားများ၊ အမည်းရောင်နှင့်ခရမ်းရောင်သည်ပညာရေးတိုးတက်ခြင်းကိုဖော်ပြပါသည်။ထိုသို့အလှဆင်ရာတွင်လည်းအဓိပ္ပာယ်များရှိကြပြီး၊ငွေကြေးနှင့်အသက်ရှည်ကျန်းမာခြင်း၊ဘေးအန္တရာယ်ကင်းဝေးစေရေးများကိုဆုတောင်းပြီးပြုလုပ်ကြပါသည်။Tanabata ပွဲတော်ကာလအတွင်း၊အရောင်းကုန်တိုက်များနှင့်ဆိုင်
များ၊လုပ်ငန်းခွင်များတွင်Tanabataပွဲတော်ပြင်ဆင်မှု့များလုပ်ထားလေ့ရှိသည်။ဆုတောင်းများကိုTenzakuဆိုတဲ့စာရွက်ပေါ်ချရေးကာကြယ်လေးများထံသို့ဆုတောင်းကြည့်ပါ။
ဤဆောင်းပါးသည် ဂျပန်တွင် နေထိုင်မှု့အတွက် အသုံးဝင်သည့် သတင်းအချက်အလက်များကို မျှဝေပေးပြီး သင့်အား ကူညီရန် ရည်ရွယ်ပါသည်။
ဂျပန်တွင် အလုပ်အကိုင် ရှာဖွေနေသူများသည် ဖောင်မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။