ငွေအမြောက်အများတောင်းခံမှု့များနှင့်လိမ်လည်မှု့များမှသတိထားပါ! ဂျပန်တွင်မိုဘိုင်းဖုန်းသုံးစွဲရာတွင်ဖြစ်နိုင်သောပြသာနာများနှင့်ဖြေရှင်းနည်းများကိုမိတ်ဆက်ပေးခြင်း 

ဂျပန်တွင်နေထိုင်ခြင်း

ဒီတစ်ခေါက်မှာတော့ နိုင်ငံခြားသားများကြုံတွေ့နိုင်သော မိုဘိုင်းဖုန်းပြသာနာများနှင့် ၎င်းတို့၏ဖြေရှင်းနည်းများကို ရှင်းပြပေးသွားပါမည်။ 

ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများဆွေးနွေးတိုင်ပင်နိုင်သည်။

ဖြစ်ရပ်① ငွေအမြောက်အများတောင်းခံမှု့
ပုံမှန်အားဖြင့်ဂျပန်၏ မိုဘိုင်းဖုန်းဝန်ဆောင်မှု့များသည် အသုံးပြုပြီးနောက်မှငွေချေရခြင်းဆိုသည့် “ Postpaid” စနစ်ဖြစ်သည်။ဒေတာအသုံးပြုမှု့များပြားခြင်းသို့မဟုတ်နိုင်ငံတကာဖုန်းခေါ်ဆိုမှု့များကြာရှည်စွာပြုလုပ်ခြင်းကြောင့် မျှော်မှန်းထားသည့်ထက်ပိုများသောကြေးငွေတောင်းခံမှု့များရှိနိုင်ပါသည်။ 

《ဖြေရှင်းနည်း》
မိမိချုပ်ဆိုထားသော ဝန်ဆောင်မှု့အစီအစဉ်ကို စစ်ဆေးအတည်ပြုပြီး Wi-Fi ကို အသုံးပြုပါ။ ဖုန်းခေါ်ဆိုမှုများအတွက် “ WhatsApp” သို့မဟုတ် “ LINE” ကဲ့သို့သော အခမဲ့အက်ပ်များကို အသုံးပြုပါ။

ဖြစ်ရပ်② မလိုအပ်သောအပလီကေးရှင်းများ
စာချုပ်ချုပ်ဆိုရာတွင် အခမဲ့ဖုန်းခေါ်ဆိုမှုနှင့် ချို့ယွင်းမှု့အာမခံ၊ ဗိုင်းရပ်စ်ကာကွယ်မှုစသည့် ‌ရွှေးချယ်မှု့များကို  အကြံပြုခြင်းများရှိနိုင်သည်။ ထို့နောက်ဝန်ဆောင်မှု့များသည် ပထမလအတွက် အခမဲ့ဖြစ်နိုင်သော်လည်းနောက်ပိုင်းတွင်အလိုလျောက်ငွေပေးချေရသည့်ဝန်ဆောင်မှု့အဖြစ်ပြောင်းလဲသွားလေ့ရှိသည့်။ ဂျပန်စာကို ပြည့်စုံစွာနားမလည်ခြင်းကြောင့် မလိုအပ်သော ဝန်ဆောင်မှု့များကို ဆက်လက်ပေးဆောင်နေမှု့များ ဖြစ်တတ်ပါသည်။

《ဖြေရှင်းနည်း》
ချုပ်ဆိုမှု့ဆောင်ရွက်သည့်အခါ မိမိအတွက် လိုအပ်သည့် ဝန်ဆောင်မှု့များကိုသာ ရွေးချယ်ပါ။ မလိုအပ်ပါက ငြင်းဆိုခြင်းများပြုလုပ်နိုင်ပါသည်။ ဘာသာစကားအမျိုးမျိုးဖြင့်ကူညီ ပံ့ပိုးပေးနိုင်သည့် မိုဘိုင်းဖုန်းကုမ္ပဏီတစ်ခုကို ရွေးချယ်ရန် သို့မဟုတ် ဂျပန်စကားပြောတတ်သော သူငယ်ချင်း သို့မဟုတ် ကုမ္ပဏီတွင်တာဝန်ရှိသူတစ်ဦးအား စစ်ဆေးခိုင်းလျှင်လည်းစိတ်ချရနိုင်ပါသည်။

ဖြစ်ရပ်③ မိုဘိုင်းဖုန်းနှင့် SIM ကတ်အတုအယောင်အရောင်းအဝယ်
ချုပ်ဆိုထားရှိသော မိုဘိုင်းဖုန်း သို့မဟုတ် SIM ကတ်များကို တစ်ဦးတစ်ယောက်ထံငှား‌ပေးခြင်း သို့မဟုတ် ရောင်းချခြင်းပြုလုပ်ပါကSIMကတ်များကိုရာဇဝတ်မှု့မြောက်သည့်နေရာများတွင်အသုံးချခံရနိုင်ပါသည်။မကောင်းသည့်စိတ်မရှိသော်လည်းဥပဒေမကင်းလွတ်ခြင်းများဖြစ်နိုင်ပါသည်။

《ဖြေရှင်းနည်း》
ဂျပန်မှနိုင်ငံပြန်ဖို့ဖြစ်လာပြီး မိုဘိုင်းဖုန်းမလိုအပ်တော့သောအခါ SNS များတွင် “ စျေးများများဖြင့် မိုဘိုင်းဖုန်း/SIM ကတ်ဝယ်မည်” ဟုကြော်ငြာထားသည်များတွေ့ရှိပါကလုံးဝမယုံကြည်သင့်ပါ။ နိုင်ငံပြန်သည့်အခါသေချာပေါက်ဖုန်းနံပါတ်စာချုပ်ကိုပယ်ဖျက်သွားပါ။မိုဘိုင်းကုမ္ပဏီများပေါ်မူတည်ပြီး စာချုပ်ပယ်ဖျက်ပြီးနောက် SIM ကတ်ပြန်ပေးရန် တောင်းဆိုခံရခြင်းမျိုးများရှိနိုင်ပါသည်။ SIM ကတ်မပါသောဖုန်းကိုsecondပစ္စည်းဆိုင်များတွင် ပြန်လည်ရောင်းချနိုင်ပါသည်။


ဂျပန်ရှိ မိုဘိုင်းဖုန်းစာချုပ်များသည် အလွန်ရှုပ်ထွေးပါသည်။ ပြသာနာများမဖြစ်စေရန် မိမိယုံကြည်ရသောသူများနှင့်တိုင်ပင်ဖို့ရန်မှာအရေးကြီးသည့်အချက်ပင်ဖြစ်သည်။ထို့နောက်၊မိမိကိုယ်တိုင် စာချုပ်အကြောင်းအရာနှင့် စည်းမျဉ်းများကို နားလည်ထားရန် မဖြစ်မနေလိုအပ်ပါသည်။ 

ဤဆောင်းပါးသည် ဂျပန်၏ နေထိုင်မှု့အတွက် အသုံးဝင်သည့် သတင်းအချက်အလက်များကို မျှဝေပေးပြီး သင့်အား ကူညီရန် ရည်ရွယ်ပါသည်။ 

ဂျပန်နိုင်ငံတွင် အလုပ်အကိုင်ရှာဖွေနေသူများသည်ဖောင်မှတဆင့်ဆက်သွယ်မေးမြန်းနိုင်သည်။

စုံစမ်းရေးဖောင်