ဂျပန်မှာ မိုဘိုင်းဖုန်းကို စျေးသက်သာစွာ ဝယ်ယူနိုင်ဖို့ဆိုလျှင်? ဖုန်းနှင့် SIM ကဒ် အတူဝယ်ခြင်းက ပိုပြီး အကျိုးရှိနိုင်သည်။

ဂျပန်တွင်နေထိုင်ခြင်း

ဂျပန်မှာ မိုဘိုင်းဖုန်း ဝယ်ယူနည်းကို သိပါသလား? ယခုခါ၊ မိုဘိုင်းဖုန်း ဝယ်ယူနိုင်သောဆိုင်များနှင့် ဂျပန်နိုင်ငံရှိ ဆက်သွယ်ရေးမိုင်ဘိုင်းကုမ္ပဏီများအကြောင်း မိတ်ဆက်ပေးပါမည်။

■ စက်ပစ္စည်းဖြစ်သည့်ဖုန်း (သီးသန့်) ဝယ်ယူသည့်အခါ
ဖုန်းစက်ပစ္စည်းသာလျှင် ဝယ်ယူလိုပါက အောက်ပါနေရာများတွင်ဝယ်ယူနိုင်ပါသည်။ 

ဆက်သွယ်ရေးမိုဘိုင်းကုမ္ပဏီဆိုင်များ(Docomo, au, SoftBank စသည်) 

လျှပ်စစ်ပစ္စည်း အရောင်းဆိုင်များ(Bic Camera, Yodobashi Camera စသည်) 

အွန်လိုင်းစျေးဝယ်ရေး ဝဘ်ဆိုဒ် (Amazon, Rakuten စသည်) 

စျေးနှုန်းသက်သာစွာ ဝယ်ယူလိုပါက၊ အသုံးပြုပြီးဖြစ်သော (Second-hand) ဖုန်း ရောင်းချသော ဆိုင်များကို ရှာဖွေနိုင်ပါသည်။ သို့သော်၊ ဂျပန်ရှိ အချို့သော အသုံးပြုပြီးသော ဖုန်းများသည် SIM Lock  များဖြစ်နေတက်ပါသည်။  SIM Free (SIM Unlock) ဖြစ် မဖြစ်ကိုသေချာအတည်ပြု စစ်ဆေးရန် လိုအပ်ပါသည်။ 

■ ဖုန်းနှင့် SIM ကဒ် ကိုတစ်ဆက်တည်း ဝယ်ယူခြင်း 

ဖုန်းနှင့် SIM Card ကို တစ်ဆက်တည်း ဝယ်ယူလိုပါက ဆက်သွယ်ရေးမိုဘိုင်းကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုရပါမည်။ 

ဆက်သွယ်ရေးမိုဘိုင်းကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုခြင်း (Docomo, au, SoftBank စသည်) 

စျေးသက်သာသော smartဖုန်းကုမ္ပဏီများနှင့် ချုပ်ဆိုခြင်း (Y!mobile, ahamo, IIJmio စသည်) 

ဂျပန်နိုင်ငံတွင် ဖုန်းနှင့် SIM Card ကို **တစ်ဆက်တည်း ဝယ်ယူလေ့ရှိကြသည်။

တစ်ဆက်တည်း ဝယ်ယူပါက၊ ဖုန်းစျေးနှုန်းလျှော့စျေးများနှင့် အထူးပရိုမိုးရှင်းများ ရရှိနိုင်ပါသည်။ 

ဖုန်းစျေးနှုန်းကို အရစ်ကျ ပေးချေနိုင်ပြီး၊ လစဉ် အသုံးပြုခနှင့်အတူ ပေးသွင်းနိုင်သည်။ သို့သော်၊ သင်၏ ဗီဇာ (သက်တမ်း) သည် 2 နှစ် မပြည့်လျှင်၊ အရစ်ကျ ပေးချေနိုင်မှုကို ချုပ်ဆိုရန် ခက်ခဲနိုင်ပါသည်။

အသုံးပြုခ အစီအစဉ်များသည်ကုမ္ပဏီအလိုက် ကွဲပြားပါသည်။

ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများဆွေးနွေးတိုင်ပင်နိုင်သည်။

■ ဂျပန်နိုင်ငံရှိ အဓိကဆက်သွယ်ရေးမိုဘိုင်းကုမ္ပဏီများ
docomo
အင်တာနက်နှင့် ဆက်သွယ်မှု အရည်အသွေးကောင်းမွန်ပြီး၊ ကျေးလက်ဒေသများနှင့် တောင်တန်းများရှိနေလျှင်တောင်အသုံးပြုရလွယ်ကူသည်။

au
ဗီဒီယိုတင်ဆက်သည့်ဝန်ဆောင်မှု့များ၊ အနုပညာဆိုင်ရာ ဝန်ဆောင်မှု့များ ပါဝင်သည့် စျေးနှုန်းအစီအစဉ်များစွာ ရှိသည်။

Soft Bank
မိသားစုလျှော့စျေးများရှိပြီး၊အ တူနေသူများ၊ သူငယ်ချင်းများလည်း အကျုံးဝင်ပါသည်။

■ဂျပန်နိုင်ငံရှိ အဓိက စျေးသက်သာသော မိုဘိုင်းကုမ္ပဏီများ (MVNO)
Y!mobile
SoftBank ၏ sub-brandကုမ္ပဏီဖြစ်ပြီး၊ ဈေးနှုန်းသက်သာသော်လည်း၊ ဆက်သွယ်မှု့ အရည်အသွေးမှာ ယုံကြည်စိတ်ချရသည်။

ahamo
Docomo ၏ စျေးသက်သာသည့်အစီစဥ်သည် 5 မိနစ်အတွင်း အခမဲ့ ဂျပန်ပြည်တွင်း ဖုန်းခေါ်နိုင်သည်။30GB အထိ နိုင်ငံခြားတွင်လည်း အခမဲ့ အသုံးပြုနိုင်သည်။

IIJmio
စျေးသက်သာသော မိုဘိုင်းကုမ္ပဏီများထဲမှ တစ်ခုဖြစ်ပြီး၊ ပိုမိုသက်သာသောအသုံးပြု ခကြောင့် လူကြိုက်ပိုများသည်။ ဂျပန်ပြည်တွင်း ဖုန်းခေါ်မှု့စျေးနှုန်းလည်း တခြားကုမ္ပဏီများထက် ဈေးသက်သာသည်။

အရည်အသွေးကောင်းမွန်ပြီး၊ ကျယ်ပြန့်သော ဆက်သွယ်မှု့ကွန်ယက်အား လိုအပ်သူများသည် ဆက်သွယ်ရေးမိုဘိုင်းကုမ္ပဏီကြီး များကို ရွေးချယ်သင့်ပါသည်။** 

သုံးစွဲမှု့နည်းပြီး၊ အင်တာနက်dataအသုံးပြုခြင်းနည်းသောသူများသည် စျေးသက်သာသော မိုဘိုင်းကုမ္ပဏီများ (MVNO) ကို ရွေးချယ်နိုင်ပါသည်။ 

ဂျစ်ရှုးဆေးနှင့်တိုခုတေးဂိနိုးများဖြစ်ပါက၊ခုမိအိုင်အိခေါ်ထောက်ပံ့ပေးသောအဖွဲ့စည်း၊သို့မဟုတ်အလုပ်လုပ်နေသည့်ကုမ္ပဏီမှစာချုပ်လုပ်ထုံးများကိုလုပ်ပေးသည်များရှိတက်သည်။အလုပ်အတွက်လိုအပ်ပါကကုမ္ပဏီမှ ဖုန်းပေးအပ်နိုင်ခြင်းများလည်း ရှိနိုင်ပါသည်။

ဂျပန်နိုင်ငံရှိ မိုဘိုင်းဖုန်း အသုံးပြုခ အစီအစဉ်များမှာ **ရှုပ်ထွေးသော သဘောတူညီမှုများ ပါဝင်နိုင်သည်။** ထို့ကြောင့်ဖုန်းကိစ္စစာချုပ်ချုပ်ဆိုခြင်းများပြုလုပ်ပါကယုံကြည်စိတ်ချရသောဂျပန်လူမျိုးများကိုအတူသွားပေးဖို့အကူညီတောင်းကြည့်ပါ။

ဂျပန်နိုင်ငံတွင် အလုပ်အကိုင်ရှာဖွေနေသူများသည်ဖောင်မှတဆင့်ဆက်သွယ်မေးမြန်းနိုင်သည်။

စုံစမ်းရေးဖောင်