ဂျပန်တွင် အလုပ်လုပ်သည့်အခါ လစာလွှဲရန် ဘဏ်အကောင့် ဖွင့်ခြင်းမှာ အရေးကြီးပါသည်။ ဂျပန်တွင် ဘဏ်ပေါင်းများစွာ ရှိပြီး တစ်ခုချင်းစီတွင် ထူးခြားချက်များနှင့် ဝန်ဆောင်မှု့များကွဲပြားကြပါသည်။ အောက်ဖော်ပြပါအကြောင်းအရာတွင် အဓိက ဘဏ်အမျိုးအစားများနှင့် နိုင်ငံခြားသားများအတွက် သင့်တော်သော ဘဏ်များကို မိတ်ဆက်ပေးပါမည်။
■ဂျပန်ရှိ အဓိက ဘဏ်အမျိုးအစားများ
・Yucho Bank (Japan Post Bank)
စာတိုက်ဖြင့်ဆက်သွယ်ရေးကွန်ယက်ကိုပိုင်ဆိုင်ထားသောကြောင့်ဂျပန်နိုင်ငံအနှံ့တွင်အလွယ်တကူ အသုံးပြုနိုင်ပါသည်။ ATM အရေအတွက်များပြီး မြို့ကြီးများနှင့် တောမြို့များမရွေး အသုံးပြုရန် အဆင်ပြေသည်။
・Toshi Bank (မြို့ပြဘဏ်များ)
တိုကျို၊ အိုဆာကာကဲ့သို့ မြို့ကြီးများတွင် ဗဟိုရုံးချုပ်ရှိသော ကြီးမားသည့် ဘဏ်များဖြစ်သည်။ Mitsubishi UFJ Bank၊ Mitsui Sumitomo Bank၊ Mizuho Bank တို့မှာ နာမည်ကြီးသည်။ နိုင်ငံအနှံ့ ဆိုင်ခွဲများရှိသော်လည်း မြို့ကြီးများ၏နေရာတော်တော်များများတွင်ကျယ်ပြန့်စွာရှိကြသည်။
・Net Bank (အင်တာနက်ဘဏ်များ)
ဘဏ်ခွဲများမရှိဘဲ အင်တာနက်မှတဆင့် လုပ်ငန်းများ ဆောင်ရွက်နိုင်သော ဘဏ်များဖြစ်သည်။ နာမည်ကြီး ဘဏ်များဖြစ်သည့် Rakuten Bank နှင့် Sumishin SBI Net Bank တို့ရှိသည်။ အမြတ်အတိုး နှုန်းထားမြင့်ခြင်း၊ ဝန်ဆောင်မှုကြေး အခမဲ့ဖြစ်ခြင်းစသည့် ထူးခြားသော ဝန်ဆောင်မှုများ လုပ်ဆောင်ပေးလျှက်ရှိသည်။
・Chihou Bank (တိုင်းဒေသကြီးများဘဏ်)
ဒေသတွင်းတည်မြဲရေးဘဏ်ဟုခေါ်ကာ၊၄င်းဒေသ၏လိုအပ်ချက်များနှင့်ကိုက်ညီကာ ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိသောဘဏ်များဖြစ်သည်။အဓိကအားဖြင့်သက်ဆိုင်ရာဒေသတွင်သာ၄င်းဘဏ်ရှိသောကြောင့် အဆိုပါဒေသတွင် ရေရှည်အလုပ်လုပ်မည်ဆိုသောလူများနှင့်သင့်တော်သည်။
■နိုင်ငံခြားသားများအတွက် သင့်တော်သည့် ဘဏ်များ
・Yucho Bank (Japan Post Bank)
နေထိုင်ခွင့် သုံးလအထက်ရှိပါက အကောင့်ဖွင့်နိုင်သည်။ နိုင်ငံအနှံ့ ဘဏ်အခွဲများရှိပြီး အသုံးပြုရ လွယ်ကူသည်။ နိုင်ငံခြားသားများအတွက် အသေးစိတ် လမ်းညွှန်ချက်များရှိပြီး” ゆうちょ手続きアプリ(Japan Post Bank Procedures App)” ကို အသုံးပြုလျှင် မိုဘိုင်းဖုန်းမှ တိုက်ရိုက် အကောင့်ဖွင့်နိုင်သည်။
・三菱UFJ銀行/三井住友銀行 (Mitsubishi UFJ Bank / Mitsui Sumitomo Bank)
ဂျပန်တွင် အခိုင်မာတည်ရှိသော မြို့ပြဘဏ်များ ဖြစ်ပြီး၊ ယုံကြည်စိတ်ချရသည့်ဘဏ်များဖြစ်သည်။ အင်တာနက်Bankingများလည်းသုံးလို့ရနိုင်ပြီး မိုဘိုင်းအပ်ပလီကေးရှင်းလည်း ရှိသည်။
・楽天銀行 (Rakuten Bank)
ဂျပန်တွင် အကြီးမားဆုံးသောNet Bank အင်တာနက်ဘဏ် ဖြစ်သည်။ ၂၄နာရီ မည်သည့်အချိန်တွင်မဆို အသုံးပြုနိုင်ပြီး ကွန်ဗီနီတွင်လည်း ငွေထုတ်ငွေသွင်း ပြုလုပ်နိုင်သည်။ သတ်မှတ်ထားသည့် လိုအပ်ချက်များ ပြည့်မီပါက ATM ဝန်ဆောင်ခ အခမဲ့ဖြစ်နိုင်သည့်အပြင် pointရနိုင်သည့် အစီအစဉ်များလည်း ရှိသည်။
・SBIレミットNEOBANK (SBI Remit NEOBANK)
နိုင်ငံခြားသို့ ငွေလွှဲနိုင်သော ဝန်ဆောင်မှု (SBI Remit) နှင့် ပေါင်းစပ်ထားသည့် ဘဏ်လုပ်ငန်းဖြစ်သည်။ ဘာသာစကားအမျိုးမျိုးဖြင့် ဝန်ဆောင်မှု့များ ရှိပြီး နိုင်ငံခြားငွေလွဲခြင်းများနှင့် Tokuteiginou (Specified Skilled Worker) ဖြင့် အလုပ်လုပ်သူများအတွက်ဝန်ဆောင်မှု့ကောင်းမွန်စွာပေးနေသောဘဏ်ဖြစ်ပါ သည်။
မိမိအတွက် ဘဏ်အကောင့်ဖွင့်သည့်အခါ၊ ကုမ္ပဏီ သို့မဟုတ် နေအိမ်နှင့် ဘဏ်ကြား အကွာအဝေး၊ ATM သုံးနိုင်သည့် အချိန်များ၊ မိုဘိုင်းဖုန်းမှ တဆင့် လုပ်ငန်းစဥ်များဆောင်ရွက်နိုင်မှု့ စသည့် မိမိနေထိုင်မှု့နှင့် ကိုက်ညီသည့်ဘဏ်ကိုစဥ်းစား၍ရွေးချယ်ပါ။
ဤဆောင်းပါးသည် ဂျပန်နိုင်ငံ နေထိုင်မှု့အတွက် အသုံးဝင်သော အချက်အလက်များကို တင်ဆက်ပေးလျက်ရှိပြီး၊ သင်၏ကြိုးစားမှု့ကိုအားပေးကူညီပံ့ပိုးပေးသွားပါမည်။
ဂျပန်နိုင်ငံတွင် အလုပ်အကိုင်ရှာဖွေနေသူများသည်ဖောင်မှတဆင့်ဆက်သွယ်မေးမြန်းနိုင်သည်။