ဂျပန်နိုင်ငံတွင် မေလ ဒုတိယအပတ်တနင်္ဂနွေနေ့သည်အမေများနေ့ဖြစ်သည်ကိုသင် သိပါသလား။
အမေများနေ့ဆိုသည်မှာ မိခင်အပေါ် ကျေးဇူးတင်စကားပြောသည့်နေ့ဖြစ်သည်။ ဂျပန်နိုင်ငံ၏အမေများနေ့သည် အမေရိကန်မှ စတင်ခဲ့သည်ဟုဆိုကြသည်။ 1900 ခုနှစ်များတွင် အမေရိကန်အမျိုးသမီးတစ်ဦးသည် သေဆုံးသွားသော မိခင်ကို အောက်မေ့ဝမ်းနည်းခြင်းအဖြစ် ဘုရားကျောင်းတွင် အခမ်းအနားပြုလုပ်ကာ Carnation ပန်းဖြူများကို ပူဇော်ခဲ့ကြသည်ဟု ဆိုကြသည်။ ထိုအချိန်မှစ၍ အသက်ရှင်နေစဉ် မိခင်ကို ကျေးဇူးတင်စကားပြောသည့်နေ့၊ အမေများနေ့အဖြစ် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ဂျပန်နိုင်ငံ၏အမေများနေ့တွင် မိခင်ကို Carnation အနီရောင်ပန်းများ လက်ဆောင်ပေးကြသည်။ အနီရောင်သာမက ပန်းရောင်၊ ခရမ်းရောင် စသည့် အရောင်အသွေးစုံ Carnation ပန်းများလည်း လူကြိုက်များသည်။ Carnation ပန်းတွင် “ ချစ်ခင်မှု” ၊ “ ကျေးဇူးတင်မှု” စသည့် အဓိပ္ပာယ်များပါဝင်ပြီး မိခင်အတွက် လက်ဆောင်ပေးရန်အတွက် သင့်တော်သောပန်းတစ်မျိုးဖြစ်သည်။ မိခင်သေဆုံးသွားသည့်အခါ၌သာ Carnation အဖြူရောင်ပန်းများပေးကြသည်။
ပန်းပေးခြင်းအပြင် အမေများကြိုက်တက်သည့် အချိုပွဲများ သို့မဟုတ် accessories ပစ္စည်းများအစရှိသည့်လက်ဆောင်များပေးခြင်း၊ Onsen သို့မဟုတ် စားသောက်ဆိုင်များသို့ ခေါ်သွားခြင်း စသည့် နည်းလမ်းများဖြင့်လည်း ပျော်ရွှင်စေကြသည်။ အိမ်တွင်းအလုပ်များကို ကိုယ်တိုင်ပြုလုပ်ပေးကာ မိခင်ကို အနားယူစေခြင်းမှာလည်း ချစ်ခင်မှု့ ပြသခြင်းပင်ဖြစ်သည်။
Shopping Mall များတွင် အမေများနေ့နှင့်ဆိုင်သော ပစ္စည်းအရောင်းပွဲတော်များ ကျင်းပသောကြောင့် အမိနိုင်ငံတွင်ရှိသောမိခင်အတွက် လက်ဆောင်ရွေးချယ်ရန်အကောင်းဆုံးအခွင့်ရေးတစ်ခုပင်ဖြစ်သည်။
ငွေမကုန်သည့်နည်းလမ်းအနေဖြင့်အဝေးမှ Email ဖြင့်စာပို့ခြင်းနှင့် Video Call ဖြင့် ကျေးဇူးတင်စကား ပြောခြင်းသည်ပင်လျှင်ပြည့်စုံသောမိဘကျေးဇူးဆပ်ခြင်းပင်ဖြစ်သည်။
ဂျပန်နိုင်ငံ၏အမေများနေ့နှင့်အမိနိုင်ငံ၏အမေများနေ့သည်ဂုဏ်ပြုပုံပြုနည်းကွာခြားနိုင်သော်လည်းမိခင်များအပေါ်ကျေးဇူးတင်ကြောင်းပြသခြင်းဆိုသည်မှာကြိမ်ဖန်များစွာဖော်ပြလျှင်လည်းလွန်မည်မထင်ပါ။
ထို့အပြင်၊ ဂျပန်နိုင်ငံတွင် ဇွန်လ တတိယအပတ်တနင်္ဂနွေနေ့သည်အဖေများနေ့ ဖြစ်သည်။ အမေများနေ့နှင့် နှိုင်းယှဉ်လျှင်အခမ်းနားပွဲပြုလုပ်သည်မှာနည်းပါးသော်လည်း အဝါရောင်ပန်းများ၊ လက်ဆောင်များဖြင့် ကျေးဇူးတင်မှု့ကို ပြသကြသည်။
မေလတွင် အမေများနေ့၊ ဇွန်လတွင် အဖေများနေ့ရှိသည်။ ဂျပန်ပုံစံအတိုင်း မိသားစုအား စိတ်ချမ်းသာပြီးနွေးထွေးမှု့ဖြစ်စေသော Surprise တစ်ခုခုပေးကြည့်ပါ။
ဤဆောင်းပါးသည် ဂျပန်နိုင်ငံ နေထိုင်မှု့အတွက် အသုံးဝင်သော အချက်အလက်များကို တင်ဆက်ပေးလျက်ရှိပြီး၊ သင်၏ကြိုးစားမှု့ကိုအားပေးကူညီပံ့ပိုးပေးသွားပါမည်။
ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများFormမှတစ်ဆင့်ဆက်သွယ်မေးမြန်းပေးပါ။