ဂျပန်နိုင်ငံ၏ရေပူစမ်းများတွင်အပန်းဖြေအနားယူခြင်း၊ အများပြည်သူရေချိုးသည့်နေရာများတွင်ထားရှိသင့်သည့်mannerများကိုရှင်းပြခြင်း

ဂျပန်တွင်နေထိုင်ခြင်း

ဂျပန်ကိုရောက်လာပါကသေချာပေါက် စမ်းကြည့်သင့်တဲ့အရာမှာ (Onsen)ရေပူစမ်း ဖြစ်ပါသည်။

ဂျပန်နိုင်ငံမှာ မီးတောင်ရှင်များစွာရှိတဲ့အတွက် (Onsen)ရေပူစမ်း လည်း မြောက်များစွာရှိပါသည်။ အသေးစားရေနွေးစိမ်ချိုးခန်းမှသည်ကြီးမားသည့်ရေပူစမ်းနေရာများအထိအမျိုးမျိုးသောOnsenယဉ်ကျေးမှု့များကိုခံစားနိုင်ပါသည်။စိတ်နှင့်ခန္ဓာကိုယ်ကိုသေချာအနားပေးပြီးနေ့စဉ်ဘဝမောပန်းမှု့များမှလွတ်မြောက်စေနိုင်သောOnsen၏ဆွဲဆောင်နိုင်သည့်အချက်ကို ခံစားကြည့်ပါ။

ယခုတစ်ကြိမ်တွင်၊ အများသုံးရေနွေးစိမ်ချိုးခန်းများ တွင် လိုက်နာရမည့် အခြေခံmannerများ အကြောင်းမိတ်ဆက်ပေးပါမယ်။

ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများဆွေးနွေးတိုင်ပင်နိုင်သည်။

■ရေနွေးစိမ်ချိုးကန်ထဲမဝင်ခင် ခန္ဓာကိုယ်ကို ရေ‌နွေးနွေးဖြင့်‌လောင်းချိုးပါ
ရေနွေးခန်းတွင်ခန္ဓာကိုယ်အားရေလောင်းချိုးပြီး၊သန့်ရှင်းပြီးမှသာလျှင်ရေနွေးကန်ထဲသို့ဝင်ရပါမည်။

■ရေချိုးသည့်နေရာအသုံးပြုနည်း
သုံးပြီးသည့် ရေပုံးရေခွက်များနှင့်၊ ထိုင်ခုံများကို ဆေးကြောသန့်စင်ပြီး မူလနေရာအတိုင်း ပြန်ထားပါ။ မိမိကိုယ်ပိုင်ပစ္စည်းများကိုအဝတ်လဲလှယ်ခန်းနှင့်ပစ္စည်းထားသည့်နေရာများတွင်ထားပြီးနေရာဦးယူတာမျိုးကိုရှောင်ကြည့်ပါ။

■ဆံပင်နဲ့တဘတ်အသုံးပြုပုံ
ဆံပင်ရှည်ရှိသူများသည်ဆံပင်ကိုစုသိမ်းကာရေနွေးစိမ်ကန်ထဲဆံပင်မကျစေရန်ပြုလုပ်ရပါမည်။တဘတ်ကိုရေနွေးစိမ်ကန်ထဲသို့ယူလာခြင်းမျိုးကိုလည်းရှောင်ကြည်ရမည်ဖြစ်သည်။သို့မဟုတ်ပါက၊ခေါင်းပေါ်တွင်ပတ်တင်ထားခြင်းနှင့်ရေနွေးစိမ်ကန်အပြင်ဘက်တွင်ထားခြင်းမျိုးကိုပြုလုပ်ပေးပါ။

■တိတ်ဆိတ်စွာဖြင့်ရေနွေးစိမ်ကန်ကိုအသုံးပြုပါ
ရေနွေးစိမ်ကန်ထဲတွင်ရေကူးခြင်း၊မျက်နှာသစ်ခြင်းတို့မပြုလုပ်ရပါ။အခြားသူများအားအနှောင့်အယှက်မဖြစ်အောင်ဆိတ်ငြိမ်မှု့ဖြင့်အသုံးပြုပါ။

■တားမြစ်ချက်များ
ရေချိုးခန်းနှင့်အဝတ်လဲခန်းများတွင် ကင်မရာနှင့် စမတ်ဖုန်း အသုံးပြုခြင်းကို တားမြစ်ထားပါသည်။ တဖန်၊Tattoo  ရှိသူများဝင်လို့မရသည့်ရေချိုးခန်းများရှိသည့်အတွက်Tattoo ကို ဖုံးအုပ်ထားခြင်း သို့မဟုတ် Tattoo OK ဆိုသည့် ရေချိုးခန်းကိုရှာကြည့်ပါ။

ဂျပန်၏Onsenယဉ်ကျေးမှု့အားပျော်ရွှင်စွာခံစားနိုင်စေရန်အတွက်mannerများကိုလိုက်နာကြပါစို့။အများသုံးရေချိုးခန်းသို့သွားပါကယခုတစ်ခေါက်ပြောပြပေးခဲ့သောအချက်များကိုသတိထားလုပ်ဆောင်ကြည့်ပါ။

ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများFormမှတစ်ဆင့်ဆက်သွယ်မေးမြန်းပေးပါ။

စုံစမ်းရေးဖောင်