ဂျပန်နိုင်ငံ၏ လူအပြည့်ကျပ်ဖြစ်နေသည့်ရထားအပေါ် စိတ်ညစ်သွားတာမျိုးဖြစ်ဖူးကြပါသလား။
အထူးသဖြင့်မြို့ကြီးပြကြီးများ၌မနက်ပိုင်းနှင့်ညနေပိုင်းအလုပ်အသွားအပြန်အချိန်များတွင်အလွန်လူပြည့်သိပ်ကျပ်နေသည့်အခြေအနေများဖြစ်လေ့ရှိသည်။ရထားပေါ်အတက်အဆင်းအားအဆင်ပြေချောမွေ့စေရန်အတွက်mannerကိုလိုက်နာရန်မှာ အလွန်အရေးကြီးပါသည်။
■ရထားစီးရန်အစဥ်လိုက်တန်းစီစောင့်ခြင်းmannerကိုလိုက်နာပါ
စီးမည့်ပလက်ဖောင်းပေါ်ရှိ စီးရမည့်နေရာတွင် တန်းစီရပ်ပြီး ရထားမှ ဆင်းလာသည့်သူများကို ဦးစားပေး၍ အစဥ်လိုက်အတိုင်းစီးနင်းရမည်။ ရထားပေါ်သို့ ပြေးတက်ခြင်းမှာ အန္တရာယ်ရှိနိုင်သဖြင့် မပြုလုပ်ပါရန်။
■ရထားပေါ်တွင် တိတ်တိတ်ဆိတ်ဆိတ်နေပါ
ရထားပေါ်တွင်စကားအကျယ်ကြီးပြောခြင်းသည်mannerကိုချိုးဖောက်ခြင်းပင်ဖြစ်သည်။ မိုဘိုင်းဖုန်းကို (Silent Mode) ထားပြီး ဖုန်းပြောခြင်းကို ရှောင်ရပါမည်။ နားကြပ်ဖြင့် သီချင်းနားထောင်သည့်အခါ တွင်လည်းနားကြပ်မှအသံအနည်းငယ်မထွက်စေရန်သတိပြုပါ။
■ဦးစားပေးထိုင်ခုံအတွက်နေရာမှဖယ်ပေးခြင်း
သက်ကြီးရွယ်အိုများ၊ကိုယ်ဝန်ဆောင်မိန်းမများနှင့်မဖြစ်မနေထိုင်ရန်လိုအပ်သူများအားထိုင်ခုံနေရာဖယ်ပေးပါ။
■အမျိုးသမီးသီးသန့်စီးနိုင်သည့်ရထားတွဲ
လုံခြုံစိတ်ချရသည်ဟုပြောလေ့ရှိကြသည့်ဂျပန်နိုင်ငံ၏ရထားများပေါ်တွင်၊နှာဘူးခံရသည့်ကိစ္စရပ်များဖြစ်လေ့ရှိသည်။လူအရမ်းပြည့်ကျပ်နေသည့်အချိန်မျိုးတွင်နှာဘူးအန္တရာယ်ကာကွယ်ရန်အတွက်အမျိုးသမီးသီးသန့်ရထားတွဲများကိုပြုလုပ်ပေးထားသည်။” အမျိုးသမီးများသီးသန့်” ဆိုသောစာသားပါသောရထားတွဲများတွင် အမျိုးသားများ မစီးသင့်ပါ။
■လူပြည့်ကျပ်နေသောအချိန်တွင် အထုပ်အပိုးများသယ်ဆောင်နည်း
လူပြည့်ကျပ်နေသည့်ရထားပေါ်တွင်ကျောဘက်တွင်လွယ်ရသည့်အိတ်များကိုရှေ့ဘက်သို့ထားကာလွယ်ခြင်း၊ခြေထောက်နှစ်ချောင်းအောက်တွင်ထားရှိခြင်းများလုပ်ကာဘေးပတ်လည်မှနေရာများကိုလွတ်အောင်ပြုလုပ်ပေးပါ။
■အခြားလိုက်နာရမည့်mannerများ
-ထိုင်ခုံတွင်ထိုင်သည့်အခါနေရာလွတ်မရှိအပြည့်ထိုင်ရပါမည်။ခြေထောက်ကိုကားပြီးသူတစ်ပါး၏နေရာကိုရောက်မနေစေရန်သတိပြုပါ။
-တံခါးအနီးတွင်မတ်တပ်ရပ်စီးနင်းသည့်အခါ၊အခြားသူများ အတက်အဆင်းလွယ်ကူစွာပြုလုပ်နိုင်စေရန် စဥ်းစားပေးပါ။
-ချောင်းဆိုးခြင်း၊နှာချေခြင်းများပြုလုပ်ရမည့်အချိန်တွင်လက်ဖြင့်ကာခြင်း၊လက်ကိုင်ပုဝါဖြင့်အုပ်ခြင်း၊သို့မဟုတ်maskတပ်ခြင်းမျိုးကိုပြုလုပ်ပေးပါ။
ဂျပန်နိုင်ငံ၏ရထားများသည်လိုက်ပါစီးနင်းသူအားလုံးmannerများကိုလိုက်နာခြင်းဖြင့်ပိုမိုကောင်းမွန်အဆင်ပြေသည့်သွားလာရေးကိုဖော်ညွှန်းနေသည်။ယခုမှစ၍၊ရထားစီးရသည့်အခါအထက်တွင်ရှင်းပြခဲ့သည့်mannerများကိုသတိပြုပြီးလိုက်နာကြည့်ပါ။
ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများFormမှတစ်ဆင့်ဆက်သွယ်မေးမြန်းပေးပါ။