“ ဂျပန်နိုင်ငံမှာ အိမ်သာတွေသန့်ရှင်းတယ်ဆိုပြီး ထင်မိတဲ့သူတွေ များစွာရှိလိမ့်မယ်။ ဂျပန်မှာ အခမဲ့သုံးလို့ရတဲ့ အများသုံးအိမ်သာ များစွာရှိပြီး သက်ဆိုင်ရာအိမ်သာသုံးပစ္စည်းများကို ပြည့်စုံစွာတပ်ဆင်ထားပါတယ်။သို့သော်အသုံးပြုသည့်အခါတွင်သင့်တော်သည့်အပြုမူကိုလိုက်နာရန်မှာအရေးကြီးသည့်အချက်ပင်ဖြစ်သည်။
■ အိမ်သာအမျိုးအစားနှင့် အသုံးပြုနည်း
ဂျပန်အိမ်သာများတွင် 洋式ဆိုသည့်“Western-style”နဲ့和式ဆိုသည့် “Japanese-style” ဆိုပြီး အမျိုးအစားနှစ်မျိုးရှိပါတယ်။Western-style သည်ထိုင်ရသည့်ခုံရှိပြီးJapanese-styleသည်
ဆောင့်ကြောင့်ထိုင်ချပြီးအသုံးပြုရပါသည်။
■ အိမ်သာစက္ကူများကို ရေနှင့်မျောချရန်
အသုံးပြုပြီးတဲ့အိမ်သာစက္ကူများကို အိမ်သာခွက်ထဲတွင်ရေနှင့်တူမျောချပါ။ စက္ကူအထူများနှင့်wet-tissueများကိုတော့မျောမချရပါ။
■ သန့်ရှင်းစွာအသုံးပြုခြင်း
အိမ်သာအသုံးပြုပြီးနောက်တွင်ရေသေချာလောင်းရန်လိုအပ်ပါသည်။ အိမ်သာအမှိုက်ပုံးတွင်လစဥ်သုံးပစ္စည်းများနှင့်သက်ဆိုင်သောအရာများကိုသာလျှင်ပစ်ပါ။တခြားအမှိုက်များကိုမပစ်ပါနှင့်။
■ သတိထားရမည့်အချက်များကို သေချာဖတ်ကြည့်ပါ
အိမ်သာအသုံးပြုနည်းကိုမသိပါကခလုတ်များနှင့်သတိပြုရန်စာများကိုသေချာဖတ်ကြည့်ပါ။အိမ်သာအများစုမှာ နိုင်ငံတကာဘာသာစကားအမျိုးမျိုးဖြင့်ဖော်ပြထားပါသည်။
■ လက်ဆေးရန်မမေ့ပါနဲ့
အိမ်သာအသုံးပြုပြီးပါကသေချာပေါက်လက်ဆေးပါ။ပြီးလျှင်စက္ကူဖြင့်လက်သုပ်ကာအခြောက်ခံစက်ဖြင့်အခြောက်ခံပါ။လက်ကိုင်ပုဝါဆောင်ထားပါကပိုမိုအဆင်ပြေနိုင်သည်။
■ ဆေးလိပ်သောက်ခြင်းနှင့် အစားအစာစားခြင်းအားတားမြစ်ထားခြင်း
အိမ်သာအတွင်းတွင် ဆေးလိပ်သောက်ခြင်းနဲ့ အစားအစာစားခြင်းကို တားမြစ်ထားပါသည်။ အထူးသဖြင့် ဆေးလိပ်သောက်ခြင်းက မီးလောင်မှု့ဖြစ်စေနိုင်တာကြောင့် လုံးဝမပြုလုပ်ပါနှင့်။
ဂျပန်နိုင်ငံ၏အများပြည်သူသုံးအိမ်သာများ သန့်ရှင်းနေခြင်းမှာ သုံးစွဲသူများကmannerကို လိုက်နာခြင်းကြောင့်ဖြစ်ပါတယ်။ယခုတစ်ခေါက်ပြောထားသည့်အချက်များကိုသတိထားကြည့်ကာစိတ်သက်သာစွာ အသုံးပြုကြည့်ပါ။
ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများFormမှတစ်ဆင့်ဆက်သွယ်မေးမြန်းပေးပါ။