ဆေးလိပ်သောက်သုံးသည့်သူဖြစ်ပါကသတိပြုသင့်သည့်အရာများ!ထင်ထားသည့်ထက်စည်းကမ်းတင်းကျပ်သည့်ဂျပန်နိုင်ငံ၏ ဆေးလိပ်သောက်ခြင်းစည်းကမ်းများ

ဂျပန်တွင်နေထိုင်ခြင်း

ယခုတစ်ကြိမ်တွင်ဆေးလိပ်သောက်လေ့ရှိသူများအတွက်ဂျပန်နိုင်ငံ၏ဆေးလိပ်သောက်သည့်အခါလိုက်နာရမည့်စည်းကမ်းများကို မျှဝေပေးလိုက်ပါသည်။

ဂျပန်နိုင်ငံတွင် ဆေးလိပ်စသောက်နိုင်သည့် အသက်ရွယ်သည် ၂၀ပြည့်သည်နှင့်အထက်ဖြစ်ပြီး  ၀ယ်ယူသည့်အခါတွင် အသက်ရွယ်အတည်ပြုမှု လိုအပ်ပါတယ်။

ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများဆွေးနွေးတိုင်ပင်နိုင်သည်။

ဆေးလိပ်သောက်ခွင့်ရသော နေရာများကိုကန့်သတ်ထားပြီး လမ်းဘေးဆေးလိပ်သောက်ခြင်း သို့မဟုတ် လမ်းလျှောက်ရင်း ဆေးလိပ်သောက်ခြင်းကို ခွင့်မပြုဘဲ ပြဋ္ဌာန်းထားသော ဥပဒေအရတားမြစ်ထားသည်။  တဖန်၊စားသောက်ဆိုင်များမှာလည်းဆေးလိပ်မသောက်ရဟု၍တားမြစ်ထားပါသည်။ ဆေးလိပ်တိုများကို စွန့်ပစ်ပါကဒဏ်ငွေဆောင်ရခြင်းများလည်းရှိတက်သည်။ဆေးလိပ်သောက်ခြင်းကိုသီးသန့်ပြုလုပ်ထားသော ဧရိယာနေရာများ သို့မဟုတ် ဆေးလိပ်သောက်ခွင့်ပြုထားသော စားသောက်ဆိုင်များတွင်သာ ပြုလုပ်ပါ။

စုပေါင်းအိမ်ယာများတွင်၊ ဝရံတာနှင့် လေစုပ်စက်အောက်တွင် ဆေးလိပ်သောက်ခြင်းကြောင့် အိမ်နီးချင်းများနှင့်ပြဿနာဖြစ်စေနိုင်သည်ကိုသတိပြုရမည်။ကုမ္ပဏီအဆောင်များ၊ငှားယူထားသောအိမ်များဖြစ်ပါကအခန်းတွင်းဆေးလိပ်သောက်ခြင်းကိုတားမြစ်ထားသော နေရာအများအပြားရှိသည်။

ယနေ့ခေတ်တွင်ဆေးလိပ်၏ကျန်းမာရေးထိခိုက်မှု့များအကြောင်းသိရှိမှုများလာသောကြောင့် ဆေးလိပ်မသောက်သူများအတွက်ထည့်သွင်းစဥ်းစားပေးရပါမည်။တဖန်၊အီလက်ထ‌ရောနစ်ဆေးလိပ်များနှင့် အပူဖြင့်သောက်သုံးသော ဆေးလိပ်များအပေါ်တွင်လည်းတူညီသောကန့်သတ်ချက်များ ရှိနေပါသည်။

ဂျပန်နိုင်ငံတွင် ဆေးလိပ်တစ်ဘူး၏ စျေးနှုန်းမှာ ယန်း600 ခန့်ဖြစ်ပြီး၊ ဆေးလိပ်ဖြတ်လိုက်ပါက ထိုကုန်ကျစရိတ်ကိုလျှော့ချနိုင်ပြီးငွေစုကာမိသားစုဆီပိုဆောင်ပေးနိုင်ပါလိမ့်မည်။ကျန်းမာရေးအတွက်လည်း အကျိုးရှိပါသည်။

ဂျပန်နိုင်ငံရှိနေထိုင်မှု့ကိုအကြောင်းပြုပြီး၊ ဆေးလိပ်သောက်ခြင်းကျင့်ဝတ်စည်းကမ်းများကို လိုက်နာကာ ဆေးလိပ်ဖြတ်ဖို့ကိုလည်းစဥ်းစားကြည့်ပါ။

ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများFormမှတစ်ဆင့်ဆက်သွယ်မေးမြန်းပေးပါ။

စုံစမ်းရေးဖောင်