သင်အကြိုက်ဆုံးဂျပန်အစားအစာကဘာဖြစ်မလဲ။ “ ဆူရှီ´၊ “ ramen´ နှင့် “ kareဟင်း´ဆိုပြီးအကြိုက်ပုံစံအမျိုးမျိုးနဲ့အမြင်အမျိုးမျိုးရှိမည်ထင်ပါသည်။
ယခုတစ်ကြိမ်တွင်ဂျပန်စားသောက်ဆိုင်များ၌စိတ်လွတ်လပ်စွာစားသောက်နိုင်ရန်ထားရှိသင့်သည့် အခြေခံအပြုအမူများကို မျှဝေချင်ပါတယ်။
■ဆိုင်အတွင်းသို့ဝင်ချိန်
ဆိုင်ဝန်ထမ်းမှလိုက်လံပြသပေးသည့်ထိုင်ခုံတွင်ထိုင်ပါ။စားသောက်ခွင့်လတ်မှတ်စနစ်ဖြင့်ရောင်းသောဆိုင်များတွင်လတ်မှတ်ရောင်းသည့်စက်တွင်ကြိုတင်ဝယ်ယူပါ။
■အစားအစာမှာသည့်အချိန်
ရေနှင့်လက်သုတ်အဝတ်ကိုဝန်ထမ်းမှအစားသောက်များလာချပေးသည့်အခါတွင်မှာယူပါ။ဂျပန်စာမရသော်လည်းမီနူးကိုညွှန်ပြရုံဖြင့်သဘောပေါက်ပါလိမ့်မည်။ယခုလတ်တလောတွင်QRကုဒ်ဖြင့်ကိုယ်တိုင်မှာယူနိုင်သည့်ဆိုင်များတိုးပွားလာနေပြီဖြစ်သည်။
■ အစားစားနေစဉ်
တိတ်တိတ်ဆိတ်ဆိတ်စားသုံးခြင်းသည်အခြေခံကျင့်ဝတ်ဖြစ်သော်လည်း၊ramenနှင့်ခေါက်ဆွဲများစားသည့်အခါအသံထွက်ပြီးစားသုံးနိုင်သည်။အစာစားနေစဥ်အတွင်းလေတက်ခြင်းကိုရှောင်ကြည်ပါ။
■အစားအစာကျန်ရှိခြင်းနှင့် အိမ်သို့ ပါဆယ်ထုပ်ခြင်း
ဟင်းချက်ပေးသည့်သူများကိုကျေးဇူးတင်သည့်အနေဖြင့်အစားအစာကိုကုန်အောင်စားမယ်ဆုံးဖြတ်ပြီးမှစားစေချင်ပါသည်။ဂျပန်တွင်ပိုလျှံသောအစားသောက်များကိုအိမ်သို့ပါဆယ်ထုပ်ပြန်ခြင်းကိုမပြုလုပ်ပါ။အသားစိမ်းများကိုပါဆယ်ထုပ်ပြန်ခြင်းကိုကျန်းမာရေးအရမပြုလုပ်ပေးပဲဆိုင်မှငြင်းဆိုတက်ပါသည်။
■ ပိုက်ဆံရှင်းသည့်အခါ
ပိုက်ဆံရှင်းသည့်အခါငွေရှင်းကောင်တာတွင်မှာယူထားသည့်စာရင်းစာရွက်ကိုထုတ်ပြပေးပါ။အပိုမုန့်ဖိုးtipပေးရန်မလိုပေမဲ့၊ငွေသားဖြင့်သာရှင်းနိုင်သည့်ဆိုင်များရှိသည့်အတွက်သတိပြုပါ။
ဂျပန်နိုင်ငံ၏စားသောက်ဆိုင်များ၌စားသုံးကြည့်ခြင်းသည်ဂျပန်၏ယဥ်ကျေးမှု့ကိုသိနိုင်သောတန်ဖိုးရှိသောအတွေ့ကြုံပင်ဖြစ်သည်။မိမိ၏အပြုမူကိုအနည်းငယ်ဆင်ခြင်လိုက်ရုံဖြင့်ပိုမိုကျေနပ်ပျော်ရွှင်ဖွယ်ကောင်းသောစားသောက်မှု့ကိုပြုလုပ်နိုင်သည်။ယခုတစ်ခေါက်ရှင်းလင်းပြောပြခဲ့သည့်အကြောင်းအရာများကိုကိုးကားလိုက်နာကျင့်သုံးကြည့်ပါ။
ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများFormမှတစ်ဆင့်ဆက်သွယ်မေးမြန်းပေးပါ။