ဂျပန်လူမျိုးများသည်တန်းစီစောင့်ဆိုင်းရခြင်းကိုကြိုက်နှစ်သက်ပါသလား?public နေရာများတွင်နံပါတ်စဥ်အစဥ်လိုက်စောင့်စားခြင်းmannerဆိုသည်မှာ?

ဂျပန်တွင်နေထိုင်ခြင်း

ဂျပန်ရှိ  ဘူတာရုံများ၊စားသောက်ဆိုင်များတွင် အစီအစဉ်တကျတန်းစီပြီး တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသောမြင်ကွင်းများကို တွေ့ရတက်သည်။ ၎င်းသည် ငယ်စဉ်ကတည်းက “ နံပါတ်စဥ်အတိုင်းလိုက်နာကြရမည်” ဟုသင်ကြားခံခဲ့ရသောကြောင့် ဖြစ်ပါသည်။ ဂျပန်နိုင်ငံ၏ နံပါတ်စဥ်အတိုင်းစောင့်ဆိုင်းမှု့ကျင့်ဝတ်များကို လေ့လာကြည့်ပါ။

ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများဆွေးနွေးတိုင်ပင်နိုင်သည်။

■ရထားနှင့် ဘတ်စ်ကား
ဘူတာရုံနှင့်ဘတ်စ်ကားမှတ်တိုင်များတွင်စီးနင်းမှု့နေရာကိုလိုက်နာပြီးအတန်းနှစ်တန်းစီကာ၊ရထားနှင့်ဘတ်စ်ကားပေါ်မှဆင်းလာသူများကို ဦးစားပေးလေ့ရှိသည်။ ကြားဖြတ်ခြင်းကိုလုံးဝမပြုလုပ်သင့်ပါ။

■ဘဏ်နှင့် စာတိုက်ရုံး
နံပါတ်ကဒ်ယူပြီး ခေါ်ဆိုသည့်အထိ ထိုင်၍ စောင့်ရပါမည်။ ATM တွင်တန်းစီသည့်အခါ စက်နှင့်အနည်းငယ်ခွာ၍စီတန်းပြီးအချိန်အကြာကြီးအသုံးပြုမှု့ကို ရှောင်ကြဉ်ပါ။

■ဆေးရုံနှင့် အစိုးရရုံး
နံပါတ်ကဒ်ဖြင့် အစီအစဉ်တကျ စောင့်ပါ။ လူများသည့်အခါများတွင် ၁ နာရီမှ ၂ နာရီထိ စောင့်ရနိုင်သဖြင့် စာအုပ်ဖတ်ခြင်းဖြင့် အချိန်ကိုကုန်ဆုံးပါ။

■စားသောက်ဆိုင်များ
လူကြိုက်များသောဆိုင်များတွင် လူတန်းအရှည်ကြီးဖြစ်နေနိုင်ပါသည်။ နာမည်နှင့် လူဦးရေကိုစာရင်းရေးပြီး စောင့်နေရမည်ဆိုပါက ဆိုင်၏အနီးဝန်းကျင်တွင် စောင့်ပါ။

ဂျပန်လူမျိုးများသည်တန်းစီရခြင်းကိုကြိုက်နှစ်သက်နေခြင်းမျိုးလည်းမဟုတ်ပါ။သို့သော်လည်းmannerကိုလိုက်နာခြင်းမှာ အရေးကြီးပါသည်။ စောင့်နေရသည့်အချိန်ကို စမတ်ဖုန်းဖြင့် ဂျပန်စာလေ့လာကာအချိန်ကိုအကျိုးရှိရှိ အသုံးချနိုင်ပါသည်။

ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများFormမှတစ်ဆင့်ဆက်သွယ်မေးမြန်းပေးပါ။

စုံစမ်းရေးဖောင်