အမှိုက်မပစ်ခင်အရင်ဦးစွာအမျိုးအစားခွဲခြားပါ!ဂျပန်နိုင်ငံ၏အမှိုက်ပစ်ခြင်းအခြေခံစည်းမျဉ်းစည်းကမ်းများကိုရှင်းပြခြင်း

ဂျပန်တွင်နေထိုင်ခြင်း

ဂျပန်နိုင်ငံရှိမြို့တော်များတွင် အချိုရည်များဝယ်ယူသောက်သုံးနိုင်သော အလိုအလျောက်

ရောင်းချစက်များ များစွာရှိပြီး၊ စက်ဘေးတွင် အမှိုက်ပြန်သိမ်းသည့်ပုံးများထားပေးထား

သည်ကိုသတိပြုမိပါသလား။ အမှိုက်ပြန်သိမ်းသည့်ပုံး၏ထည့်သည့်အပေါက်ဝတွင် ပလတ်စတစ်ဘူးများ၊ သံဘူးများနှင့် ဖန်ဘူးများအလိုက် ခွဲခြားရေးထားသောကြောင့် ခွဲခြားပစ်ရန် လွယ်ကူစေသည်။ ဂျပန်နိုင်ငံတွင် အမှိုက်ကိုခွဲခြား၍ ပစ်ခြင်းမှာ ပုံမှန်လုပ်ရိုးလုပ်စဥ်ပင်ဖြစ်ပါသည်။

မိမိတို့အိမ်မှ အမှိုက်များကိုလည်း နေရာ‌ဒေသအလိုက်ခွဲခြားနည်းများနှင့်ပစ်ရန်နေရာများ၊နေ့ရက်

များကိုအသေးစိတ်သတ်မှတ်ထားသည်။ ထိုစည်းမျဉ်းများအား မလိုက်နာပါက အမှိုက်ကိုသိမ်းပေးမည်

မဟုတ်ပါ။

ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများဆွေးနွေးတိုင်ပင်နိုင်သည်။

ဂျပန်တွင် အမှိုက်ကို အဓိကအားဖြင့် ၄ မျိုး ခွဲခြားပါသည်။

  •  မီးလောင်နိုင်သော အမှိုက်များ:အစားအစာအမှိုက်များနှင့် စက္ကူစာရွက်များအစရှိသည့်
  •  မီးမလောင်နိုင်သော အမှိုက်များ:ဖန်၊ သံမဏိ၊ အသေးစားအိမ်သုံးလျှပ်စစ်ပစ္စည်းများ
  • ပြန်လည်အသုံးပြုနိုင်သောအမှိုက်များ:ပလတ်စတစ်ဘူးများ၊ သံဘူးများ၊ ဖန်ဘူးများနှင့် စက္ကူထုပ်များ
  • အရွယ်စားကြီးမားသောအမှိုက်များ:အိမ်ထောင်ပရိဘောဂပစ္စည်းများနှင့် အရွယ်ကြီးမားသော အိမ်သုံးလျှပ်စစ်ပစ္စည်းများ

အမှိုက်များကို သတ်မှတ်ထားသော အိတ်များတွင် ထည့်ရမည်ဖြစ်ပြီး၊ သတ်မှတ်ထားသော နေ့ရက်နှင့် နေရာတွင်ပစ်ရပါမည်။ ထို့အပြင် အရွယ်ကြီးမားသော အမှိုက်များကိုပိုက်ဆံပေး၍သိမ်းခိုင်းရမည်ဖြစ်သည်။

ဒေသအလိုက် စည်းမျဉ်းများကို ဒေသခံအစိုးရ၏ Home pageဝက်ဘ်ဆိုဒ်များနှင့် အသိပေးကြေညာချက်

များတွင် အတည်ပြုနိုင်ပါသည်။ အိမ်ယာများ၊တိုက်ခန်း များတွင်သီးသန့်သတ်မှတ်ထားသော စည်းမျဉ်းများလည်း ရှိနိုင်ပါသည်။ ဂျပန်နိုင်ငံ၏ အမှိုက်ပစ်စည်းမျဉ်းများသည်ရှုပ်ထွေးသည်ဆိုသော်လည်း မြို့နယ်ကိုစနစ်တကျ သန့်ရှင်းထိန်းသိမ်းနိုင်ရန် အရေးပါသောစနစ်ဖြစ်သည်။

နားမလည်ပါကအိမ်နီးချင်းများ၊ အိမ်စီမံခန့်ခွဲသည့်ကုမ္ပဏီမှသူများနှင့် တိုင်ပင်မေးမြန်းဆွေးနွေးကာ စည်းမျဉ်းများကို လိုက်နာ၍ အဆင်ပြေစွာနေထိုင်ကြည့်ပါ။

ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများFormမှတစ်ဆင့်ဆက်သွယ်မေးမြန်းပေးပါ။

စုံစမ်းရေးဖောင်