ဂျပန်နိုင်ငံတွင်နေထိုင်နေစဥ်အတွင်း မိမိနိုင်ငံနှင့်မတူညီသော ယဉ်ကျေးမှုများ နှင့်အပြုမူများကြောင့် ရှုပ်ထွေးမှုများကြုံတွေ့နိုင်ပါသည်။ အထူးသဖြင့် အများပြည်သူနေရာများတွင် အပြုမူချိုးဖောက်မှု့သည် အထင်လွဲမှားခြင်းများနှင့် ပြဿနာများ ဖြစ်ပွားစေနိုင်ပါသည်။
ယခုတစ်ကြိမ်တွင် ဂျပန်နိုင်ငံ၏ အများပြည်သူနေရာများတွင်လိုက်နာရမည့် အခြေခံအပြုမူများကို မျှဝေပေးလိုက်ပါသည်။
■ အသံကျယ်လောင်စွာမပြုခြင်း
အများပြည်သူနေရာများတွင် အသံကျယ်လောင်စွာပြောဆိုခြင်းနှင့်ရယ်မောခြင်းများ၊ဖုန်းအသံများကို
မထွက်အောင်ထိန်းသိမ်းပါ။အထူးသဖြင့်ဓာတ်လှေကားနှင့်ရထားကဲ့သို့သောအနေထားကျဉ်းမြောင်းသောနေရာများတွင်ဆိတ်ငြိမ်ခြင်းဖြင့်ပြုမူဆောင်ရွက်ပေးပါ။
■ အမှိုက်မပစ်ရန်
လမ်းဘေးတွင် အမှိုက်ပစ်ခြင်းသည် စည်းကမ်းအပြုမူချိုးဖောက်မှု့ဖြစ်ပါသည်။ ဂျပန်နိုင်ငံတွင် အမှိုက်များကို နေအိမ်သို့ပြန်ယူပြီး ပစ်ခြင်းမှာထုံးစံဖြစ်သည်။ တံတွေးထွေးခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါသည်။
■အများပြည်သူပိုင်ပစ္စည်းများကို စနစ်တကျအသုံးပြုခြင်း
ပန်းခြံအတွင်းရှိ ခုံတန်းများ၊အများပြည်သူ အိမ်သာများနှင့် အများပြည်သူပိုင်ဘုံပစ္စည်းများကို ညစ်ပေအောင်လုပ်ခြင်းနှင့်အပျက်အစီးမဖြစ်စေရန် ထိန်းသိမ်းသင့်ပါသည်။ အထူးသဖြင့် ပန်းခြံများတွင် Sakuraပင်များ၏သစ်ကိုင်းများချိုးခြင်း၊မြက်ပန်းပင်များ၏အဖူးပွင့်များကိုခူးယူခြင်းများကိုတားမြစ်ထားသည်။
■လမ်းဘေးတွင်ထိုင်မနေရန်
လမ်းဘေးတွင်ထိုင်နေခြင်းသည်ဖြတ်သွားဖြတ်လာပြုလုပ်နေသောသူများအတွက်အတားအဆီးဖြစ်စေပါသည်။အထူးသဖြင့်အဖွဲ့လိုက်အစားစာထိုင်စား၍အမှိုက်များကိုပစ်ထားသွားခြင်းများသည်အများပြည်သူအားအနှောင့်ယှက်ဖြစ်စေသောအပြုအမူချိုးဖောက်မှု့အဖြစ် သတ်မှတ်သည်။
ဤအပြုအမူစနစ်များကိုလိုက်နာခြင်းအားဖြင့်ပြဿနာများဖြစ်လာခြင်းကိုရှောင်ရှားနိုင်ပြီးဂျပန်တွင်နေထိုင်မှု့ ပိုမိုသက်သာလွယ်ကူစေပါသည်။ “ ရောမရောက်ရင်ရောမလိုကျင့်ရမည်” ဟူသောစကားပုံအတိုင်း ဂျပန်၏စည်းကမ်းအပြုမူစနစ်များကိုလေ့လာကျင့်သုံးကြည့်ပါ။
ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများFormမှတစ်ဆင့်ဆက်သွယ်မေးမြန်းပေးပါ။