ယခုတစ်ခေါက်တွင် ဂျပန်နိုင်ငံ၏ အသွင်အပြင်သပ်ရပ်မှု့Mannerကို မိတ်ဆက်ပေးပါမည်။ ဂျပန်ရှိ အလုပ်သစ်ဝင်သူများလည်းသင်ယူရမည့်အခြေခံအကြောင်းအရာများဖြစ်သောကြောင့်ကိုးကားနိုင်ဖို့မျှော်လင့်ပါသည်။
ဂျပန်နိုင်ငံတွင်အသွင်ပြင်သပ်ရပ်မှု့၏အဓိကအချက်များမှာ “သန့်ရှင်းသပ်ရပ်မှု့”、“သက်တောင့်သက်သာအဆင်ပြေမှု့”、“သဟဇာတဖြစ်မှု့” တို့ပင်ဖြစ်ပါသည်။ အသီးသီးလက်တွေ့ ကျသည့်ဥပမာများဖြင့် ဖော်ပြပေးပါမည်။
① သန့်ရှင်းသပ်ရပ်မှု့
မိမိဘေးပတ်ဝန်းကျင်ရှိသူများအတွက်စိတ်မသက်မသာအဆင်မပြေဖြစ်စေသည့်အသွင်အပြင်အားဂရုစိုက်ပါ။ နေ့စဉ်ရေချိုးခြင်း၊ သွားတိုက်ခြင်း၊ ညစ်ပေခြင်းနှင့်တွန့်ကြေခြင်းမရှိသောအဝတ်အစား များကိုဝတ်ဆင်ခြင်းစသည်တို့ဖြင့် ခန္ဓာကိုယ်နှင့် အဝတ်အစားများကို သန့်ရှင်းမှု့ရှိအောင်ထိန်းသိမ်းပါ။ အထူးသဖြင့် ခန္ဓာကိုယ် အနံ့များထွက်တက်သည့် နွေရာသီကာလတွင်ချွေးမကြာခဏသုတ်ပေးခြင်း၊ ခန္ဓာကိုယ်အနံ့ထိန်းပေးသည့်roll-onများအသုံးပြုခြင်း စသည်တို့ဖြင့်ဖြေရှင်းနိုင်သည်။
② သက်တောင့်သက်သာအဆင်ပြေမှု့
လုပ်ငန်းအတွက် သင့်လျော်ပြီး လှုပ်ရှားရလွယ်ကူသည့် အသွင်ပြင်ဖြစ်အောင်ဝတ်ဆင်ပါ။ ရှိးရှင်းသောအဝတ်အစား ဒီဇိုင်းနှင့် ပျော့ပျောင်းပြီး လေဝင်လေထွက်ကောင်းသည့် အထည်များနှင့် အပေတေခံပြီးအရောင်မကျလွယ်သောအရောင်များကိုရွေးချယ်ပါ။လက်သည်းအရှည်များနှင့်တောက်ပြောင်သောလက်ဝတ်ရတနာaccessoriesများသည်လုပ်ငန်းဆောင်တာအတွက်အနှောင့်ယှက်ဖြစ်စေသောကြောင့်ရှောင်ကြဉ်ပါ။
③ သဟဇာတဖြစ်မှု့
လုပ်ငန်းခွင်၏ အနေထားနှင့် ကိုက်ညီသော အသွင်အပြင်ပြင်ဆင်ခြင်းကိုပြုလုပ်ပါ။ ဂျပန်တွင် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းထက် အဖွဲ့အစည်း၏memberတစ်ယောက်အနေဖြင့် သင့်တော်မှု့ရှိမရှိကို အလေးထားကြည့်ပါသည်။တစ်သီးပုဂ္ဂလအဝတ်စားဝတ်ဆင်ထားခြင်းနှင့်ဆံပင်ပုံစံ၊မိတ်ကပ်ပြင်ဆင်မှု့များရှိမရှိနှင့်ယူနီဖောင်းနှင့်အလုပ်ဝတ်စုံများကိုသေချာဝတ်ဆင်ထားလားဆိုသည်ကို၊ဘေးပတ်ဝန်းကျင်မှလူများအားလေ့လာကြည့်ရှု့ကာအတုယူပါ။လုပ်ငန်းခွင်ပေါ်မူတည်၍ဆံပင်အရောင်များနှင့်လက်သည်းအရောင်များသတ်မှတ်ထားခြင်းများရှိသည်။အနံ့လွန်ကဲသည့်ရေမွှေးများအသုံးပြုခြင်းသည်လုံးဝမလုပ်သင့်သည့်အရာဖြစ်ပါသည်။
လုပ်ငန်းခွင်၏ အနေထားနှင့် ကိုက်ညီသော အသွင်အပြင်ပြင်ဆင်ခြင်းကိုပြုလုပ်ပါ။ ဂျပန်တွင် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းထက် အဖွဲ့အစည်း၏memberတစ်ယောက်အနေဖြင့် သင့်တော်မှု့ရှိမရှိကို အလေးထားကြည့်ရှု့ပါသည်။တစ်သီးပုဂ္ဂလအဝတ်စားဝတ်ဆင်ထားခြင်းနှင့်ဆံပင်ပုံစံ၊မိတ်ကပ်ပြင်ဆင်မှု့များရှိမရှိနှင့်ယူနီဖောင်းနှင့်အလုပ်ဝတ်စုံများကိုသေချာဝတ်ဆင်ထားလားဆိုသည်များကိုဘေးပတ်ဝန်းကျင်မှလူများကိုလေ့လာကြည့်ရှု့ကာအတုယူပါ။လုပ်ငန်းခွင်ပေါ်မူတည်၍ဆံပင်အရောင်များနှင့်လက်သည်းအရောင်များသတ်မှတ်ထားခြင်းများရှိသည်။အနံ့လွန်ကဲသည့်ရေမွှေးများအသုံးပြုခြင်းသည်လုံးဝမလုပ်သင့်သည့်အရာဖြစ်ပါသည်။
ဂျပန်နိုင်ငံ၏အသွင်အပြင်mannerများကိုအလုပ်ရှုပ်သည်ဟုခံစားမိသည့်လူများလည်းရှိနိုင်သည်။သို့သော်လည်း၊ယခုကဲ့သို့mannerအများကြီးရှိခြင်းသည်အသီးသီးအကြောင်းပြချက်ရှိနေပါသည်။
ဥပမာအားဖြင့်ခိုင်းဂေါ့ပြုစုရေးလုပ်ငန်းတွင်လက်သည်းရှည်များနှင့်accessoriesများသည်အသုံးပြုသူဘိုးဘွားများ၏ အရေပြားကို ထိခိုက်စေနိုင်ပြီး အန္တရာယ်ရှိသည်။ ဆောက်လုပ်ရေးနှင့် ထုတ်လုပ်ရေးလုပ်ငန်းတွင် လုပ်ငန်းဆိုင်ရာဝတ်စုံကို ပြည့်စုံစွာမဝတ်ဆင်လျှင် အဝတ်များ စက်ထဲသို့ညှပ်ပါကာ ထိခိုက်ဒဏ်ရာရနိုင်ပြီးအန္တရာယ်ရှိနိုင်သည်။
အနားရှိသူများအတွက်သာမက ကိုယ်တိုင်၏ လုံခြုံမှု့အတွက်ပါ အသွင်အပြင်သပ်ရပ်မှု့ကို ထိန်းသိမ်းရန် အလွန်အရေးကြီးပါသည်။
တဖန်ဂျပန်တွင်အသွင်အပြင်သပ်ရပ်မှု့သည်ပတ်ဝန်းကျင်ရှိလူများကိုလေးစားခြင်းနှင့်လုပ်ငန်းအပေါ်ရှိတာဝန်ခံမှုကိုဖော်ပြနေသည်ဟုထင်မြင်ကြပါသည်။“အဝတ်အစားဖရိုဖရဲဖြစ်နေခြင်းသည်စိတ်ဖရိုဖရဲဖြစ်ခြင်း”ဟုဆိုကြပြီးအသွင်အပြင်သပ်ရပ်မှု့လျော့ပါးနေလျှင်“ဖရိုဖရဲနေခြင်း” “တည်ကြည်မှု့မရှိခြင်း” စသည်ဖြင့် မကောင်းသော ဝေဖန်အကဲဖြတ်မှုများကိုလည်း ခံရနိုင်ပါသည်။
ဂျပန်နိုင်ငံ၏ လုပ်ငန်းခွင်တွင်စိတ်ပေါ့ပါးသွက်လက်၍ အဆင်ပြေစွာ အလုပ်လုပ်ရန်အတွက်လည်း အသွင်အပြင်သပ်ရပ်မှု့mannerများကိုလိုက်နာရမည်ဟုမှတ်ယူထားပါ။
ယခုဆောင်းပါးသည်ဂျပန်တွင်နေထိုင်ရန်အတွက်အကျိုးပြုနိုင်သည့်ဗဟုသုတများနှင့်သတင်းအချက်လက်များကိုတင်ဆက်ပေးနေကာကြိုးစားနေသောသင့်အားပံ့ပိုးပေးသွားပါမည်။
ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများFormမှတစ်ဆင့်ဆက်သွယ်မေးမြန်းပေးပါ။