ကမ္ဘာပေါ်တွင် နာမည်ကဒ်အသုံးပြုမှုအများဆုံးနိုင်ငံ။ ဂျပန်နိုင်ငံ၏နာမည်ကဒ်ဖလှယ်ခြင်းmannerများကို လေ့လာကြည့်ကြမယ်။

ဂျပန်တွင်အလုပ်လုပ်ခြင်း

ဂျပန်နိုင်ငံသည် ကမ္ဘာပေါ်တွင် နာမည်ကဒ်အသုံးပြုမှု့အများဆုံးနိုင်ငံဖြစ်ကြောင်း သင်သိပါသလား။ ဂျပန်တွင် တစ်နှစ်လျှင် အသုံးပြုသော နာမည်ကဒ်ပမာဏသည် ၁၀ ဘီလီယံကဒ်ဖြစ်ပါသည်။

နာမည်ကဒ်များသည် နေ့စဥ် လူနေမှု့ဘဝတွင် အသုံးပြုမှုနည်းပါးသော်လည်း၊ အလုပ်အတွက် မိမိကိုယ်ကိုမိတ်ဆက်ဖို့ ပစ္စည်းတစ်ခုအနေဖြင့် မရှိမဖြစ်ဖြစ်ပါသည်။

အလုပ်မိတ်ဖက်ဖြစ်သူနှင့် စတင်မိတ်ဆက်မှုတွင် နာမည်ကဒ်ဖလှယ်ခြင်းသည် ပုံမှန်ဖြစ်ပါသည်။ ထို့ကြောင့် နာမည်ကဒ်ဖလှယ်ခြင်းတွင် ဂရုပြုရမည့်  mannerအချက်များရှိပါသည်။

ယခုအခါ ဂျပန်ပုံစံ နာမည်ကဒ်ဖလှယ်ခြင်း mannerများအကြောင်းကို ပြောပြပါမည်။

ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများဆွေးနွေးတိုင်ပင်နိုင်သည်။

■နာမည်ကဒ်ပေးသည့်အခါ
ပေးရမည့်အချိန်မှာ စတွေ့သည့်အခါမိတ်ဆက်မှုအပြီးတွင် ဖြစ်ပါသည်။ရာထူးနိမ့်သောသူ သို့မဟုတ် အလုပ်သို့သွားရောက်သူမှ ပေးလေ့ရှိပါသည်။ ပေးသောအခါသေချာပေါက် မတ်တပ်ရပ်၍ပေးပါ။

နာမည်ကဒ်ကို တစ်ဖက်လူဖတ်လို့ရသည့်အနေထားဖြင့်၊လက်နှစ်ဖက်ဖြင့်ကဒ်အနားကိုသေချာကိုင်ဆောင်ပြီးပေးရမည်ဖြစ်သည်။ ဤသို့ပေးရာတွင် နာမည်ကဒ်ပေါ် ရေးသားထားသောစာလုံးများကို လက်ချောင်းနှင့် ဖုံးမနေစေရန်သတိပြုပါ။ ပေးသည့်အခါ အနည်းငယ်ဦးညွှတ်ရင်း” よろしくおねがいします。【Yoroshiku Onegaishimasu】” ဟူ၍ ပြောပါ။

■နာမည်ကဒ်လက်ခံရာတွင်
လက်ခံသည့်အခါတွင်လည်းသေချာပေါက်ဦးညွှတ်ရင်းလက်နှစ်ဖက်ဖြင့်လက်ခံရပါသည်။  “ 頂戴します【Choudai shimasu】” “ ありがとうございます。【Arigatougozaimasu】” ဟူသော တွဲပြောပေးပါ။

လက်ခံထားသောနာမည်ကဒ်ကိုချက်ချင်းသိမ်းတာမျိုးမလုပ်ပဲ၊တစ်ဖက်လူ၏နာမည်နှင့်ရာထူးကိုမှတ်သားရန်အတွက်နာမည်ကဒ်ကိုအနည်းငယ်မြှောက်ပြီးကြည့်ပါ။ပြန်ထိုင်သည့်အခါမိမိဘက်မှကြည့်လျှင်ဘယ်ဘက်ခြမ်းနေရာတွင်နာမည်ကဒ်ကိုထားပါ။ကဒ်အများကြီးရရှိထားပါကဘေးတိုက်စီတန်းပါ။အလုပ်ကိစ္စစကားပြောခြင်းပြီးဆုံး၍၊ထိုင်ခုံမှပြန်ထသည့်အခါနာမည်ကဒ်ကိုသိမ်းပါ။

■နာမည်ကဒ်ဖလှယ်ရာတွင်ပြုလုပ်၍မရသည့်အချက်များ

  • ညစ်ပေသော နာမည်ကဒ်ပေးခြင်း
  • လက်တစ်ဖက်ဖြင့် နာမည်ကဒ်ပေးခြင်း
  • စားပွဲခုံကိုကြားခံထား၍ နာမည်ကဒ်ကမ်းပေးခြင်း
  • လက်ခံထားသော နာမည်ကဒ်ကို ချက်ချင်းအိတ်ထဲ ထည့်သိမ်းခြင်း
  • ရရှိထား‌သောနာမည်ကဒ်ကို မေ့ထားခဲ့ခြင်း

နာမည်ကဒ်ဖလှယ်ရာတွင်ထိုကဲ့သို့သောအပြုမူများချိုးဖောက်ခြင်းမဖြစ်စေရန်သတိပြုပါ။

နာမည်ကဒ်ကိုများသောအားဖြင့်လုပ်ငန်းခွင်မှပြုလုပ်ပေးသည်။နာမည်ကဒ်ရှိပါက၊မိမိလုပ်ငန်းခွင်အားဆက်သွယ်ရန်လိပ်စာကိုလည်းသိရှိနိုင်ပြီး၊လုပ်ငန်းကိစ္စအပြင်မိမိကိုယ်ကိုမိတ်ဆက်ချင်သည့်အခါတွင်လည်းအဆင်ပြေနိုင်သည်။

ဂျပန်လူမျိုးများသည်၊နာမည်ကဒ်များကိုထိုကဒ်များသီးသန့်ထည့်သည့်အိတ်ထဲတွင်ထားပြီးတန်ဖိုးထားသိမ်းထားလေ့ရှိသည်။အကယ်၍သင့်တွင်နာမည်ကဒ်မရှိခဲ့သော်လည်း၊တစ်ဖက်လူဆီမှလက်ခံရရှိပါကဂျပန်ပုံစံmannerကိုလိုက်နာပြီးအရေးတယူဆောင်ရွက်ခြင်းဖြင့်တစ်ဖက်လူထံတွင်ကောင်းမွန်သောထင်မြင်ချက်ကျန်ရှိအောင်လုပ်နိုင်ပါသည်။

ယခုအခါ အလုပ်များကို အွန်လိုင်းပေါ်မှဆောင်ရွက်နေကြသဖြင့် ဒီဂျစ်တယ်နာမည်ကဒ်များလည်း တိုးပွားလာသော်လည်းဂျပန်နိုင်ငံတွင်အလုပ်လုပ်နေပါကနာမည်ကဒ်ဖလှယ်ခြင်းအခြေအနေအားသေချာပေါက်ကြုံတွေ့ရမည်အရာဟုဆိုနိုင်လောက်သည့်အရာဖြစ်သည့်အတွက်mannerများကိုသိထားခြင်းသည်စိတ်အချရဆုံးပင်ဖြစ်သည်။

ယခုဆောင်းပါးသည်ဂျပန်တွင်နေထိုင်ရန်အတွက်အကျိုးပြုနိုင်သည့်ဗဟုသုတများနှင့်သတင်းအချက်လက်များကိုတင်ဆက်ပေးနေကာကြိုးစားနေသောသင့်အားပံ့ပိုးပေးသွားပါမည်။

ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများFormမှတစ်ဆင့်ဆက်သွယ်မေးမြန်းပေးပါ။

စုံစမ်းရေးဖောင်