ဂျပန် တွင်အားလုံးနှင့်အနီးစပ်ဆုံးလက်တကမ်းတွင်ရှိသည့်အခွန် ” စားသုံးခွန် ”   ကို ရှင်းပြခြင်း! နေထိုင်မှု့ဘဝအတွက် အသုံးဝင်သော အချက်များကို မှတ်သားကြပါစို့။

ဂျပန်နိုင်ငံ၏အခွန်များ

စားသုံးခွန်သည်ဂျပန်တွင်နေထိုင်မှု့ပြုနေသူများအတွက်အနီးစပ်ဆုံးအခွန်ငွေပင်ဖြစ်သည်။ စားသုံးခွန် သည်ဂျပန်နိုင်ငံပြင်ပဖြစ်သောအာရှနိုင်ငံများနှင့်EU၏ထပ်တိုးအခွန်ဟုခေါ်သောVATနှင့်အလားတူစွာ၊ ကုန်ပစ္စည်းဝယ်ယူသည့်အခါနှင့်ဝန်ဆောင်မှု့သုံးသည့်အခါပေးချေရသည့်အခွန်ငွေပင်ဖြစ်သည်။

ယခုတစ်ကြိမ်တွင် ဂျပန်နိုင်ငံ၏ စားသုံးခွန်ကို ရှင်းပြပါမည်။

ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများဆွေးနွေးတိုင်ပင်နိုင်သည်။

■စားသောက်ကုန်ပစ္စည်းများ၏ အခွန်နှုန်းကွာခြားမှုကို သတိပြုပါ!
ဂျပန်နိုင်ငံ၏ စားသုံးခွန်မှာ အခြေခံအားဖြင့် ၁၀ရာခိုင်နှုန်းဖြစ်သော်လည်း၊ အစားအစာနှင့် အဖျော်ယမကာ ဝယ်ယူသောအခါတွင် ၈ရာခိုင်နှုန်းထိ လျော့ပေးထားပါသည်။

အပြင်အစားစာများဝယ်ယူသည့်အခါ၊ပါဆယ်ထုပ်ပါက၈ရာခိုင်နှုန်းဖြစ်သော်လည်းဆိုင်တွင်စားပါက ၁၀ရာခိုင်နှုန်း ဖြစ်ပါသည်။ စူပါမားကက် သို့မဟုတ် ၂၄နာရီစတိုးဆိုင်တို့မှ အစားအစာ ဝယ်ယူ၍ အနီးအနား တွင်ရှိသည့်အနားယူသည့်နေရာများနှင့်ပန်းခြံများထဲတွင်စားသောက်ပါက၈ရာခိုင်နှုန်းဖြစ်သော်လည်း ဆိုင်အတွင်းအစားသောက်နေရာကိုအသုံးပြုပါက၁၀ရာခိုင်နှုန်းဖြစ်ပါသည်။ပါဆယ်ထုပ်မည့်အစီစဥ်ဖြင့်ဝယ်ယူ

၍စိတ်ပြောင်းသွားကာဆိုင်အတွင်းအစားသောက်နေရာကိုအသုံးမပြုမိစေရန်သတိပြုပါ။

တဖန်အရက်သေစာများသည်၁၀ရာခိုင်နှုန်းဖြစ်ပါသည်။ဟင်းခတ်သုံးပစ္စည်းများဖြစ်သည့်ဟင်းချက်အရက်နှင့်မီရင်းအရည်များ၊alcoholပါဝင်မှု့၁ရာခိုင်နှုန်းနှင့်အထက်များသည်အခွန်ခ၁၀ရာခိုင်းနှုန်းကျသင့်ပါမည်။

■ အခွန်ဆောင်စရာမလိုသောဝန်ဆောင်မှု့များကိုမှတ်သားထားပါ။!
စားသုံးခွန်လုံးဝမပေးရသောဝန်ဆောင်မှု့များလည်းရှိပါသည်။
・ အိမ်ငှားခ
・ စားသောက်ကုန်လတ်မှတ် နှင့် ကြိုတင်ပေးချေသည့်ငွေကဒ်
・ ကျောင်းပညာသင်ကြားရေးစရိတ်နှင့် သင်ရိုးစာအုပ်
・ ကျန်းမာရေးအာမခံကဒ်ပြ၍ ဆေးရုံတွင်ဆေးကုသမှု့ခံယူခြင်းအစရှိသည့်

သို့သော်၊ဆေးရုံတွင်ဆေးစာရယူ၍ဝယ်ယူသောဆေးသို့မဟုတ်နေ့စဥ်လွယ်ကူစွာဝယ်ယူနိုင်သည့်ဆေးများသည် ၁၀ရာခိုင်နှုန်း စားသုံးခွန်ကုန်ကျမည်ဖြစ်သည်။

■ အခွန်ကင်းလွတ်ဆိုင်များအသုံးပြုနိုင်ခြင်းမှာ နိုင်ငံခြားသား ခရီးသွားများသာဖြစ်သည်
ဂျပန်နိုင်ငံတွင် ဆေးပစ္စည်း‌ရောင်းသည့်စတိုးဆိုင်နှင့်dissocountချပေးနေသည့်စတိုးဆိုင်အများအ

ပြားသည်အခွန်ကင်းလွတ်ဆိုင်များပင်ဖြစ်သည်။စားသုံးခွန်ဆောင်စရာမလိုသောကြောင့်ဂျပန်တွင်စျေးချိုသည့်ကုန်ပစ္စည်းများကိုအလျှံအပယ်ဝယ်ယူနေသည့်နိုင်ငံခြားသားခရီးသွားများ၏ပုံစံကိုအမြဲတွေ့မြင်နေရတက်ပါသည်။

အခွန်ကင်းလွတ်ဆိုင်များကို အသုံးပြုနိုင်ခြင်းမှာအနည်းဆုံးအနေဖြင့် “ နေထိုင်သူမဟုတ်သောသူများ

(ဂျပန်နိုင်ငံတွင် နေထိုင်ခြင်း မရှိသောသူများ)” သာဖြစ်သည်။

ဂျပန်နိုင်ငံ၏ ကုမ္ပဏီတွင် အလုပ်လုပ်နေသောသူများ သို့မဟုတ် ဂျပန်နိုင်ငံတွင် ၆လကျော်နေထိုင်လျှက်ရှိသောသူများသည် အကျုံးဝင်မည်မဟုတ်ပါ။ နည်းပညာသင်တန်းသားများ သို့မဟုတ်အထူးကျွမ်းကျင်မှု့ဖြင့်ဂျပန်နိုင်ငံသို့ရောက်ခါစဖြစ်သည့်သူများသည့်နေထိုင်သူမဟုတ်ဟူ၍သတ်မှတ်ခံထားရသော်လည်းအခွန်ကင်းလွတ်ခြင်းမရရှိနိုင်သည်ကိုသတိပြုပါ။

၁၉၈၉ခုနှစ်တွင်၃ရာခိုင်နှုန်းဖြင့်စားသုံးခွန် စတင်ခဲ့ပြီးနောက်၊အခွန်နှုန်းထားများကိုအကြိမ်ကြိမ်ပြောင်းလဲ

သတ်မှတ်လာခဲ့ကာ ၂၀၂၄ခုနှစ်တွင် ၁၀ရာခိုင်နှုန်းဖြစ်ပြီး၊ ကမ္ဘာ့နိုင်ငံပေါင်း ၅၁နိုင်ငံ၏ ပျမ်းမျှအခွန်နှုန်း ၁၇.၇ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်လျှင် ဂျပန်နိုင်ငံသည် နည်းပါးနေသော်လည်း နေ့စဉ်ဘဝအတွက် အခွန်ဝန်ထုပ်ဝန်ပိုးရှိနေမှု့သည်ပြောင်းလဲမသွားပါ။

အခွန်လျော့ခြင်းစနစ်ကို နားလည်၍၊ စျေးဆိုင်များနှင့်စျေးလျော့ပေးသည့်ပရိုမိုးရှင်းများကိုလိမ္မာပါးနပ်စွာ အသုံးပြုပါက နေ့စဉ်ဘဝကုန်ကျစရိတ်ကို ချွေတာနိုင်မည်ဖြစ်သည်။

ဤဆောင်းပါးသည် ဂျပန်နိုင်ငံတွင် နေထိုင်သော ဘဝအတွက် အသုံးဝင်သော အသိပညာနှင့် အချက်အလက်များကို တင်ဆက်ထားပြီး သင်၏ ကြိုးစားမှု့ကို အားပေးနေပါသည်။

ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများFormမှတစ်ဆင့်ဆက်သွယ်မေးမြန်းပေးပါ။မေးမြန်းပါ။

စုံစမ်းရေးဖောင်