စုစုပေါင်းယန်း၄သောင်းအခွန်လျော့စေသောအခွင့်အလမ်း!ကန့်သတ်အချိန်ဖြင့်「သတ်မှတ်ပုံသေအခွန်လျော့ခြင်း」 ဆိုတာဘယ်လိုစနစ်လဲ?

ဂျပန်နိုင်ငံ၏အခွန်များ

ဂျပန်နိုင်ငံတွင် နေထိုင်နေရင်း “ ကုန်ဈေးနှုန်းမြင့်သည်” ဟု ခံစားမိပါသလား?

အမှန်တစ်ကယ်မှာ၊ဂျပန်၏လက်ရှိအခြေအနေသည်လုပ်အားခမြင့်တက်ခြင်းသည်ကုန်စျေးနှုန်းမြင့်တက်ခြင်းအားလိုက်၍မမှီဖြစ်ကာ၊ပြည်သူများ၏နေထိုင်မှု့ဘဝသည်၍အခက်ခဲဖြစ်နေပါသည်။

ထို့ကိစ္စအတွက် ၂၀၂၄ခုနှစ် ဇွန်လမှ ” သတ်မှတ်ပုံသေအခွန်လျော့ခြင်း ” ဆိုသည့် စနစ်ကို စတင်ခဲ့ပါသည်။ သတ်မှတ်ပုံသေအခွန်လျော့ခြင်း တွင်၊ တစ်ဦးစီအတွက် ဝင်ငွေအခွန် ယန်း၃သောင်း ၊ နေထိုင်ခွင့်အခွန် ယန်း၁သောင်း ဖြင့် စုစုပေါင်း ယန်း၄သောင်း လျော့မည်ဖြစ်ပါသည်။

အခွန်လျော့ခြင်းကြောင့် လစာလက်ကျန်ငွေ တိုးလာမည်ဖြစ်ပြီးကုန်ဈေးနှုန်းမြင့်တက်ခြင်းကြောင့် ပူပန်နေသောသူများ အတွက် ဝမ်းသာစရာ စနစ်ဖြစ်ပါသည်။

ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများဆွေးနွေးတိုင်ပင်နိုင်သည်။

သတ်မှတ်ပုံသေအခွန်လျော့ခြင်း သည် သတ်မှတ်ချက်မျာပြည့်မှီပါက ဂျပန်တွင် အလုပ်လုပ်နေသော နိုင်ငံခြားသားများလည်း အကျုံးဝင်သက်ဆိုင်သူများဖြစ်ပါမည်။

■ သတ်မှတ်ပုံသေအခွန်လျော့ခြင်းအကျုံးဝင်သက်ဆိုင်သူများ
・ ၂၀၂၄ခုနှစ်၏ဝင်ငွေအခွန်ဆောင်ထားသော နေထိုင်သူ (ဂျပန်တွင် ၁နှစ်အထက် နေထိုင်ထားသူ)
・ ၂၀၂၄ခုနှစ်၏ စုစုပေါင်း ဝင်ငွေယန်း ၁၈,၀၅သောင်းအောက်ရှိသူ

ကာယကံရှင်သာမကထောက်ပံ့နေသော မိသားစုဝင်များလည်း တစ်ဦးလျှင် ယန်း၄သောင်း လျော့ပေးသွားမည်။ ထောက်ပံ့နေသော မိသားစုဝင် ဦးရှိပါကကာယကံရှင်အပါအဝင် စုစုပေါင်း ယန်း၁၂သောင်း မိသားစု၏ ဘတ်ဂျက်အတွက် အများကြီး ဝန်ပေါ့သွားနိုင်သည်။

သို့သော် ထောက်ပံ့နေသော မိသားစုဝင်များသည် ဂျပန်တွင် နေထိုင်ခြင်း မရှိပါက သတ်မှတ်ပုံသေအခွန်လျော့ခြင်းတွင်အကျုံးဝင်ခြင်းမရှိပါသဖြင့် သတိပြုပါ။

ကုမ္ပဏီတွင် အလုပ်လုပ်နေပါက သတ်မှတ်ပုံသေအခွန်လျော့ခြင်း ဆောင်ရွက်မှုကို ကုမ္ပဏီက လုပ်ပေးသည့်အတွက် ကိုယ်တိုင်ဆောင်ရွက်ရန် မလိုအပ်ပါ။ ၂၀၂၄ခုနှစ် ဇွန်လမှစ၍ ထုတ်ပေးမည့် ဆုကြေးငွေသို့မဟုတ်လစာမှဝင်ငွေခွန်နှင့်နေထိုင်ခွန်သည်သတ်မှတ်ပုံသေအခွန်လျော့ခြင်းသတ်မှတ်ချက် ပြည့်မှီသည်အထိ လစဉ် အခွန်လျော့ပေါ့ခြင်းရှိမည်ဖြစ်ပါသည်။

ဥပမာအားဖြင့် ဝင်ငွေအခွန်သည်ယန်း ၃သောင်း ဖြစ်ပါသည်။ လစဉ်ဝင်ငွေအခွန် ၅,၀၀၀ ယန်းရှိသူများ ၆လပိုင်းမှ-၁၁လပိုင်းအထိ ၅လစာအတွက် ဝင်ငွေခွန်သည် ၀ ယန်း ဖြစ်မည်ဖြစ်ပါသည်။ (၅,၀၀၀ယန်း × ၆လ = ယန်း ၃သောင်း)

နေထိုင်ခွင့်အခွန်တွင် ဇွန်လတွင်သာ ၀ယန်း ဖြစ်ပြီး ဂျူလိုင်လနောက်ပိုင်းမှစ၍ပေးချေရမည့်နေထိုင်ခွန်၏

နှစ်စဥ်သတ်မှတ်ပမာဏထဲမှသတ်မှတ်ပုံသေအခွန်လျော့ခြင်းအတွက်ယန်း၁သောင်းနုတ်ယူကာ၁၁လစာဖြင့်စားထားသည့်ငွေပမာဏသည်၂၀၂၅ခုနှစ်မေလပိုင်းစာအထိကောက်ခံမှုမရှိပါ။သတ်မှတ်ကာလရောက်သည်အထိလျော့ချပေးခြင်းမပြည့်မှီသေးပါကနှစ်ကုန်ညှိနှိုင်းမှုတွင်တဖန်ပြန်လည်ချိန်ညှိပေးပါမည်။

အနည်းငယ် ရှင်းပြရခက်သော စနစ်ဖြစ်သဖြင့် အောက်ပါအချက် ၃ခုကို သာလျှင်မှတ်ထားပေးပါ။

・၂၀၂၄ခုနှစ် ဇွန်လမှ စ၍သတ်မှတ်ပုံသေအခွန်လျော့ခြင်းကြောင့် လစာလက်ကျန်ငွေ တိုးလာပါမည်
・လျော့ပေးမည့အခွန်မှာဝင်ငွေအခွန်နှင့်နေထိုင်ခွင့်အခွန်အားလုံးပေါင်း၍စုစုပေါင်း ယန်း၄သောင်းဖြစ်ပါသည်။
・ဂျပန်တွင် နေထိုင်သောသူများသာ အကျုံးဝင်ပါသည်

သတ်မှတ်ပုံသေအခွန်လျော့ခြင်းစနစ်ကိုနားလည်ထားပါကလစာလက်ကျန်ရုတ်တရက်ပြောင်းလဲသည့်အခါစိတ်ပူစရာမလိုအပ်တော့ပေ။အကျိုးရှိသော စနစ်ဖြစ်သည့်အတွက်ဝမ်းမြောက်စရာပင်ဖြစ်သည်။

တဖန်၊သတ်မှတ်ပုံသေအခွန်လျော့ခြင်းသည်ဤတစ်ကြိမ်တွင်သာရရှိနိုင်သည့်အခွန်လျော့ပေးခြင်းဖြစ်သော်လည်းအခွန်လျော့ပေါ့ချွေတာနိုင်သည့်အခြားဝင်ငွေအခွန်လျော့တွက်ခြင်းစနစ်များလည်း ရှိပါသည်။
အကြောင်းအရာ: ဂျပန်နိုင်ငံ၏ အခွန်များ ② ဝင်ငွေခွင့်လွှတ်ခြင်း

တကူးတကရှာဖွေထားသောငွေများအနည်းငယ်ပို၍လက်ထဲတွင်ကျန်စေရန်၊ဂျပန်နိုင်ငံ၏ စနစ်များကို လက်တွေ့အသုံးပြုပါ။

ဤဆောင်းပါးသည်ဂျပန်နိုင်ငံတွင်နေထိုင်ခြင်းအတွက်အသုံးဝင်သော အသိပညာနှင့် အချက်အလက်များကို တင်ဆက်ပေးပြီး သင်၏ ကြိုးစားမှုကို အားပေးနေပါသည်။


ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများFormမှတစ်ဆင့်ဆက်သွယ်မေးမြန်းပေးပါ။

စုံစမ်းရေးဖောင်