ဂျပန်နိုင်ငံတွင် အလုပ်လုပ်လျှင် ဝင်ငွေအခွန်နှင့် နေထိုင်ခွင့်အခွန်တို့ကို ဆောင်ရန် တာဝန်ရှိသည်။ သို့သော် သတ်မှတ်ချက် အခြေအနေများပြည့်မှီပါက အခွန်လျော့နည်းအောင်ပြုလုပ်ခြင်း သို့မဟုတ် အခွန်မဆောင်ပဲရနိုင်သည့်အခြေအနေများလည်းရှိသည်ကို သိပါသလား?
ဤတစ်ကြိမ်တွင် ဝင်ငွေအခွန်နှင့် နေထိုင်ခွင့်အခွန်၏ ဝန်ထုတ်ဝန်ပိုးအားလျော့ချခြင်း (ဝင်ငွေခွင့်လွှတ်ခြင်း )အတွက်သတ်မှတ်ချက်များကိုမိတ်ဆက်ပေးပါမည်။
■မိသားစုဆွေမျိုးများအား ထောက်ပံ့နေခြင်း
ထောက်ပံ့နေသော မိသားစုဆွေမျိုးများ၏ စုစုပေါင်း ဝင်ငွေသည် တစ်နှစ်လျှင် ၄၈သောင်း ယန်း အောက်ဖြစ်ပါက နေထိုင်ခြင်း မရှိသော (ဂျပန်တွင် နေထိုင်ခြင်း မရှိသော) ထောက်ပံ့ပေးနေရသည့်မိသားစုဆွေမျိုး (အသက် ၁၆နှစ်မှ ၂၉နှစ်အထိ သို့မဟုတ် အသက် ၇၀နှစ်အထက်) ရှိပါက နေထိုင်ခြင်းမရှိသော ဆွေမျိုး (အသက် ၃၀နှစ်မှ ၇၀နှစ်အထိ) အား တစ်နှစ်လျှင် ၃၈သောင်း ယန်းအထက် ပေးပို့သော အခြေအနေဖြင့် ဝင်ငွေခွင့်လွှတ်ခြင်း အားရရှိနိုင်သည်။
■အိမ်ထောင်ဖက်ရှိခြင်း
အိမ်ထောင်ဖက်ရှိပါက နှင့် အိမ်ထောင်ဖက်၏ ဝင်ငွေသည် တစ်နှစ်လျှင် ၄၈သောင်းယန်း အောက်ဖြစ်ပါက ဝင်ငွေခွင့်လွှတ်ခြင်း အား ရရှိနိုင်သည်။
■လူမှုဖူလုံရေးအာမခံများဆောင်ထားခြင်း
ကိုယ်တိုင် သို့မဟုတ် အိမ်ထောင်ဖက်၊ ဆွေမျိုးများ အတွက်လူမှုဖူလုံရေးအာမခံများဆောင်ပါက ပေးထားသော ပမာဏအတိုင်း ဝင်ငွေခွင့်လွှတ်ခြင်း ရရှိနိုင်သည်။
■အသက်အာမခံနှင့် ပုဂ္ဂလိက ပင်စင်အာမခံများဆောင်ထားခြင်း
အသက်အာမခံ၊ ပုဂ္ဂလိက ပင်စင်အာမခံ၊ ငလျင်အာမခံ စသည့် အာမခံများတွင် ပါဝင်၍ ပေးဆောင်ထားပါက သတ်မှတ်ထားသော ပမာဏအတိုင်း ဝင်ငွေခွင့်လွှတ်ခြင်း ရရှိနိုင်သည်။
■ဆေးကုသမှုအတွက် ပေးချေခြင်း
ကိုယ်တိုင် သို့မဟုတ် အိမ်ထောင်ဖက်၊ ဆွေမျိုးများ အား ဆေးကုသမှုအတွက် တစ်နှစ်လျှင် ၁၀သောင်း ယန်းကျော် ပေးချေထားပါက သတ်မှတ်ထားသော ပမာဏအတိုင်း ဝင်ငွေခွင့်လွှတ်ခြင်း ရရှိနိုင်သည်။
အထက်ပါအခြေအနေများထဲမှ တစ်ခုခု ကိုက်ညီပါက ဝင်ငွေခွင့်လွှတ်ခြင်းဖြင့် အခွန်ပမာဏကို လျော့နည်းစေရန် ဖြစ်နိုင်ပါသည်။
ဝင်ငွေခွင့်လွှတ်ခြင်း ဆိုသည်မှာ ဝင်ငွေမှ သတ်မှတ်ထားသော
ပမာဏကို ဖြတ်တောက်ခြင်း ဖြစ်သည်။ ဝင်ငွေ ပမာဏလျော့နည်းသည်နှင့်အမျှ အခွန်နှုန်းထား လျော့နည်းလာပြီး အခွန်ပမာဏလျော့ကျခြင်း သို့မဟုတ် ကင်းလွတ်ခြင်း စနစ်ဖြစ်ပါသည်။
ဝင်ငွေခွင့်လွှတ်ခြင်းကို ရရှိရန် လိုအပ်သော စာရွက်စာတမ်းများကို ကုမ္ပဏီသို့ တင်ပြရမည် ဖြစ်သည်။ လိုအပ်သော စာရွက်စာတမ်းများကို ကုမ္ပဏီမှ ရှင်းပြပါမည် ဖြစ်၍ နားမလည်သည့်အရာ ရှိပါက မေးမြန်းကာ ကိုယ်တိုင် ပြင်ဆင်ရပါမည်။
တင်ပြထားသော စာရွက်စာတမ်းများအပေါ်မူတည်၍ ကုမ္ပဏီမှ ခွင့်လွှတ်ငွေပမာဏကို တွက်ချက်ပြီး ဇန်နဝါရီမှ နိုဝင်ဘာအထိ လစာမှ ထုတ်ယူထားသော အခွန်ပမာဏ လျော့နည်းပါက သို့မဟုတ် များပြားပါက ဒီဇင်ဘာလ လစာတွင် ပြန်လည်ညှိနှိုင်းတွက်ချက်ပေးပါသည်။ ၄င်းကို “ နှစ်ကုန်ညှိနှိုင်းခြင်း” ဟု ခေါ်သည်။
နှစ်ကုန်ညှိနှိုင်းခြင်းပေါ်မူတည်၍ ဒီဇင်ဘာလ လစာမှာ ပုံမှန်ထက် လက်ခံရငွေ ကွာခြားသဖြင့် အံ့အားသင့်စရာများလည်းရှိနိုင်ပါသည်။ မေးမြန်းစရာ ရှိပါက မိမိစိတ်ထဲတွင်ဒီတိုင်းမ ထားဘဲ ကုမ္ပဏီသို့ မေးမြန်းရပါမည်။
တဖန်အပိုဝင်ငွေအလုပ်များမှ တစ်နှစ်လျှင် ယန်း၂၀သောင်း ကျော် ဝင်ငွေ ရရှိပါက ၊ ဆွေမျိုးများကို ထောက်ပံ့နေသော်လည်း နှစ်ကုန်ညှိနှိုင်းခြင်း ကာလအထိ ခွင့်လွှတ်မှုအခြေအနေကို မပြည့်မှီခဲ့ပါက ကိုယ်တိုင် အခွန် ဆောင်ခြင်း သို့မဟုတ် ပြန်လည်လျော့နည်းရန် တောင်းဆိုရမည် ဖြစ်သည်။ ၄င်းကို “ အခွန်အတည်ပြုတောင်းဆိုခြင်း” ဟု ခေါ်သည်။
အခွန်အတည်ပြုတောင်းဆိုခြင်း အကြောင်းကို နောက်ဆောင်းပါးတွင် အသေးစိတ်ရှင်းပြပေးပါမည်။
ဤဆောင်းပါးသည် ဂျပန်နိုင်ငံတွင် နေထိုင်ခြင်းအတွက် အသုံးဝင်သော အသိပညာနှင့် အချက်အလက်များကို တက်ဆက်ပေးပြီး သင်၏ ကြိုးစားမှု့ကို အားပေးနေပါသည်။
ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများFormမှတစ်ဆင့်ဆက်သွယ်မေးမြန်းပေးပါ။