ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကာ ဝင်ငွေ ရရှိသည်ဆိုပါက နိုင်ငံခြားသားဖြစ်နေသော်လည်း “ ဝင်ငွေအခွန်” နှင့် “ နေထိုင်ခွင့်အခွန်” အခွန်များကို ဆောင်ရမည်ဖြစ်သည်။ ဂျပန်နိုင်ငံတွင် ကိုယ်တိုင် အခွန်ဆောင်ရမည့် လုပ်ငန်းစဉ် မလိုအပ်ဘဲ လစာမှ တိုက်ရိုက် ထုတ်ယူ၍ ကုမ္ပဏီမှ ဆောင်ပေးလေ့ ရှိပါသည်။
ပထမဦးစွာ “ ဝင်ငွေအခွန်” နှင့် “ နေထိုင်ခွင့်အခွန်” သည် မည်သည့်အခွန်များ ဖြစ်ကြောင်း ရှင်းပြပါမည်။
■ဝင်ငွေအခွန် ဆိုသည်မှာ
အလုပ်လုပ်ကာ ရရှိသည့် ငွေကြေး (ဝင်ငွေ) ပေါ်တွင် ချမှတ်သော အခွန်ဖြစ်ပြီး နိုင်ငံတော်သို့ပေး ဆောင်ရပါသည်။ အခြေခံအားဖြင့် ဝင်ငွေ များစွာ ရရှိလေ ပေးဆောင်သင့်သည့် အခွန်နှုန်း မြင့်မားလာလေဖြစ်ပါသည်။
သို့သော် နိုင်ငံခြားသားများအတွက် ဝင်ငွေအခွန် ပမာဏသည် ဂျပန်တွင် တစ်နှစ်ကျော် နေထိုင်ပြီး (နေထိုင်သူ) ဖြစ်သူ (နေထိုင်သူမဟုတ်) ဖြစ်သူ ပေါ်မူတည်ကာ မတူကွဲပြား ပါသည်။ ဂျပန်သို့ ရောက်ရှိပြီးတစ်နှစ်မပြည့်သေးပါက” နေထိုင်သူမဟုတ်” ဖြစ်ပြီးပေးဆောင်ရသည့်အခွန်သည်တပြေးတည်းသတ်မှတ်ထားပြီးဝင်ငွေ၏20.42%ဖြစ်သည်။ဒုတိယနှစ်မှစ၍” နေထိုင်သူ” အဖြစ်သတ်မှတ်ခံရကာဝင်ငွေပေါ်မူတည်ကာပေးဆောင်ရသည့်အခွန်နှုန်းများကိုတွက်ချက်လာမည်။
■နေထိုင်ခွင့်အခွန် ဆိုသည်မှာ
အမှိုက်သိမ်းဆည်းခြင်းလုပ်ငန်းများနှင့် မီးဘေးအန္တရာယ် စသည်တို့ အတွက် အသုံးပြုသော အခွန်ဖြစ်ပြီး နေထိုင်သည့် မြို့သို့ပေးဆောင်ရမည်ဖြစ်သည်။ ယခင်နှစ် ဝင်ငွေ 10% + သတ်မှတ် ပမာဏ ကို ဆောင်ရပါသည်။
နေထိုင်ခွင့်အခွန်သည်နေထိုင်သူ ဖြစ်နေခြင်း နေထိုင်သူမဟုတ်ခြင်းပေါ်မူတည်ကာပြောင်းလဲသွားပါမည်။ ဂျပန်သို့ ရောက်ရှိပြီး တစ်နှစ်မပြည့်သေးပါက နေထိုင်ခွင့်အခွန် ဆောင်ရန် မလိုအပ်ပေ။ ဒုတိယနှစ်မှစ၍ လစာမှ တိုက်ရိုက် နုတ်ယူမည် ဖြစ်သည်။
ဝင်ငွေအခွန်နှင့် နေထိုင်ခွင့်အခွန်တို့မှာ ဂျပန်သို့ ရောက်ရှိပြီး ဒုတိယနှစ်တွင် အခွန်ပမာဏ ပြောင်းလဲသဖြင့် “ လက်ကျန် လစာလျော့သွားပြီ!” ဟုရုတ်တရက် ရှော့ရသည့်အခြေအနေများရှိကောင်းရှိနိုင်ပါသည်။ သို့သော်ထိုအရာသည်ဂျပန်၏အခွန်စည်းမျဉ်းများဖြစ်သည်။သေချာနားလည်သဘောပေါက်အောင်လုပ်ထားကြပါစို့။
အကယ်၍အလုပ်ထွက်ခဲ့ပါက နေထိုင်ခွင့်အခွန်ကို လစာမှ နုတ်ယူခြင်းမရှိဘဲ ကိုယ်တိုင် ဆောင်ရပါမည်။ အခွန်ဆောင်ရန်အသိပေးစာသည်ရပ်ကွက်အုပ်ချုပ်ရေးရုံးများမှပေးပို့လာမည်ဖြစ်သော်လည်းသတိလက်လွတ်မေ့တက်ပြီးမပေးရသေးသည့်အနေထားတွင်ရှိသည်ကိုနောက်ပိုင်းမှသတိပြုမိကာပြဿနာ ဖြစ်ပေါ်သည့် အခြေအနေများ များပြားနေ ပါသည်။
အချိန်မခြားပဲချက်ချင်းအလုပ်သစ်သို့ကူးပြောင်းသည့်အခါ၊ အလုပ်မထွက်မီလိုအပ်သည့်လုပ်ထုံးလုပ်
နည်းများကိုသေချာလုပ်ထားခဲ့ပါက၊အလုပ်သစ်၏လစာထဲမှာဆက်လက်ပြီးတိုက်ရိုက်အလိုလျောက်နုတ်ယူသည့်ပုံစံကိုလုပ်ယူ၍ရသော်လည်း၊ သိပ်တော့မလွယ်ကူပါ။
ထို့ကြောင့်အလုပ်ဝင်သည့်အခါလစာမှအခွန်တိုက်ရိုက်နုတ်ယူခြင်းစနစ်များကိုရှင်းပြနိုင်သော ကုမ္ပဏီ သို့မဟုတ် ထောက်ပံ့ကူညီရေးအဖွဲ့အစည်းကို ရွေးချယ်ခြင်းသည် အရေးကြီးပါသည်။
တဖန် အမိနိုင်ငံသည် ဂျပန်နှင့် “ အခွန်စာချုပ်” ရေးထိုးထားပါက အခွန်လျော့ချခွင့် သို့မဟုတ် အခွန် ကင်းလွတ်ခွင့် ရရှိနိုင်သည့်ကိစ္စရပ်များလည်းရှိသည်။
နောက်ဆောင်းပါးတွင် အခွန်စာချုပ် ချုပ်ဆိုထားခြင်းမရှိပဲ ဝင်ငွေအခွန်နှင့် နေထိုင်ခွင့်အခွန်တို့၏ အခွန်ပမာဏ ကိုလျော့နည်းစေသည့် နည်းလမ်းများကို မျှဝေပါမည်။
ဤဆောင်းပါးသည် ဂျပန်နိုင်ငံ၏နေစဥ်ဘဝတွင်အသုံးဝင်သောဗဟုသုတအချက်လက်များကိုတင်ဆက်
ထားပြီးကြိုးစားနေသောသင့်အားပံ့ပိုးပေးသွားပါမည်။
ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများFormမှတစ်ဆင့်ဆက်သွယ်မေးမြန်းပေးပါ။