သက်ကြီးရွယ်အိုတွေကိုပြုစုစောင့်ရှောက်ပေးတဲ့ အသက်မွေးဝမ်းကြောင်းအလုပ်ကို စိတ်ဝင်စားပါသလား။
သက်ကြီးရွယ်အိုများ လူ့အဖွဲ့အစည်းတစ်ခုဟု ဆိုနိုင်သော ဂျပန်နိုင်ငံတွင်၊ သက်ကြီးရွယ်အိုများကို ပြုစုစောင့်ရှောက်ရာတွင် မိသားစုဝင်များထက် ပညာရှင်များကို တာဝန်ပေးသင့်သည်ဟူသော အယူအဆသည် အဓိကလမ်းစဥ်တစ်ခုအဖြစ် ဖြစ်လာနေသည်။ အသုံးပြုသူဘိုးဘွားများ၏ လိုအပ်ချက်များနှင့်ကိုက်ညီသောစောင့်ရှောက်မှု့ဂေဟာအမျိုးစားအမျိုးမျိုးရှိ၍စောင့်ရှောက်ရေးနည်းပညာလည်း တိုးတက်လျက်ရှိပါသည်။
ဘိုးဘွားစောင့်ရှောက်ရေးလုပ်ငန်းသည်ရေချိုးခြင်း၊ အစာစားခြင်းနှင့် အိမ်သာတက်ခြင်းစသည့် ရုပ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှု့မှ သန့်ရှင်းရေးနှင့် အဝတ်လျှော်ခြင်း၊ သက်ကြီးရွယ်အိုများနှင့် ပြောဆိုဆက်ဆံခြင်း၊ လူ့ဂုဏ်သိက္ခာနှင့်ပတ်သတ်သည့်များပြားလှသောလေ့လာမှတ်သားစရာများရှိ၍
လုပ်ရကျိုးနပ်သောအလုပ်တစ်ခုပင်ဖြစ်သည်။
သို့သော်လည်းဂျပန်နိုင်ငံ၏ဘိုးဘွားစောင့်ရှောက်ရေးလုပ်ငန်းသည်လုပ်အားမလုံလောက်မှု့ဖြစ်ပေါ်နေသည်။ ထို့ကြောင့် နိုင်ငံရပ်ခြားမှ လူ့စွမ်းအားအရင်းအမြစ်များအများပြားကိုမျှော်လင့်ထားရပါသည်။ ဂျပန်နိုင်ငံတွင်အလုပ်လုပ်ရန်ခွင့်ပြုသည့်နေထိုင်ခွင့်အမျိုးအစား19မျိုးတွင်၊ဘိုးဘွားစောင့်ရှောက်ရေးလုပ်နိုင်သည့်နေထိုင်ခွင့်မှာ「ဂျစ်ရှူးဆေး」「တိုခုတေးဂိနိုး」「ခိုင်းဂေါ့」「EPAခိုင်းဂေါ့ဖုခုရှိရှိထိရည်ရွယ်ထားသူ」ဆိုသည့်၄မျိုးဖြစ်သည်။
နေထိုင်ခွင့်အသီးသီးအားလွယ်ကူစွာမိတ်ဆက်ပေးပါမည်။
■ ဂျစ်ရှူးဆေး (အမှတ်စဥ် 1၊ 2၊ 3) * 2027 ခုနှစ်တွင် “ လုပ်အားပျိုးထောင်ခြင်းစနစ်” သို့ကူးပြောင်းရန်စီစဉ်ထားသည်။
ဂျပန်နိုင်ငံတွင်ဘာသာရပ်ဆိုင်ရာကျွမ်းကျင်မှု့နည်းပညာများနှင့်အသိပညာများဆည်းပူး၍၊မိမိနိုင်ငံတိုးတက်မှု့တွင်အသုံးပြုနိုင်ဖို့ရန်ရည်ရွယ်၍ဘိုးဘွားစောင့်ရှောက်ရေးနယ်ပယ်မှလူများအတွက်လည်းအကျုံးဝင်သည်။ဘိုးဘွားစောင့်ရှောက်ရေးနယ်ပယ်တွင်ဂျစ်ရှူးဆေးနေထိုင်ခွင့်ကိုရရှိရန်မှာအမိနိုင်ငံ၏ဆေးရုံနှင့်စောင့်ရှောက်ရးဂေဟာများတွင်အလုပ်အတွေ့ကြုံရှိခြင်း( သို့မဟုတ်သူနာပြုတက္ကသိုလ်ဘွဲ့ရဖြစ်ခြင်း)နှင့်ဂျပန်ပြည်မဝင်ခင်မရှေးမနှောင်းတွင်ဂျပန်ပုံစံစောင့်ရှောက်ရေးသင်ကြားခြင်းcourseကိုတက်ထားပြီးသူ၊「ဂျပန်စာအရည်ချင်းစစ်စာမေးပွဲ」N4(အခြေခံဂျပန်စကားကိုနားလည်နိုင်ခြင်း)ဆိုသည့် အောင်လတ်မှတ်များလိုအပ်သည်။
ဂျစ်ရှူးဆေး အမှတ်စဉ် ၁၊ အမှတ်စဥ် ၂ အတွက် ၂ နှစ်၊ အမှတ်စဥ် ၃ အတွက် ၂ နှစ် (စုစုပေါင်း ၅ နှစ်)။
■ တိုခုတေးဂိနိုး (အမှတ်စဥ် ၁ နှင့် ၂)
ဂျပန်နိုင်ငံ၏လုပ်သားမလုံလောက်မှု့အားဖြေရှင်းရန်အတွက်2019ခုနှစ်တွင်အသစ်စတင်ဖွဲ့စည်းခဲ့သောနေထိုင်ခွင့်ဖြစ်သည်။ဂျစ်ရှူးဆေးထက်အလုပ်လုပ်ခွင့်အသိအမှတ်ပြုသောနယ်ပယ်ကျယ်ပြန့်၍နယ်ပယ်တူပါကအလုပ်ပြောင်းခြင်းများပြုလုပ်နိုင်သည်။တိုခုတေးဂိနိုးနေထိုင်ခွင့်ဖြင့်စောင့်ရှောက်မှုနယ်ပယ်တွင်အလုပ်
လုပ်ရန်၊” တိုခုတေးဂိနိုးခိုင်းဂေါ့စာမေးပွဲ” ” တိုခုတေးဂိနိုးဂျပန်စာစာမေးပွဲ” နှင့်” ဂျပန်ဘာသာစကားကျွမ်းကျင်မှု့စာမေးပွဲ” ကိုN4နှင့်အထက်( နေ့စဉ်သုံးစကားကိုတော်တော်များများနားလည်ကာ၊လွယ်ကူသောစာကြောင်းများကိုဖတ်နိုင်ခြင်း)ထိုကဲ့သို့သောအောင်လတ်မှတ်များလိုအပ်ပါသည်။
ဂျစ်ရှူးဆေး အမှတ်စဉ် 2 သို့မဟုတ် 3 ကို အောင်မြင်စွာ ပြီးမြောက်ပါက၊ စာမေးပွဲမှ ကင်းလွတ်ခွင့်ဖြင့် တိုခုတေးဂိနိုးသို့ ကူးပြောင်းနိုင်ပါသည်။
နေထိုင်ခွင့်သတ်တမ်းသည်တိုခုတေးဂိနိုးအမှတ်စဥ်1 အတွက် 5 နှစ်ဖြစ်ပြီးအမှတ်စဥ် 2 အတွက် သက်တမ်းတိုးအကြိမ်အရေအတွက်အကန့်သတ်မရှိပါ။
■ ဘိုးဘွားစောင့်ရှောက်ရေး
ဂျပန်နိုင်ငံအစိုးရအသိမှတ်ပြု「ခိုင်းဂေါ့ဖုခုရှရှိ」ဆိုသည့်စာမေးပွဲပြီးမြောက်ထားသောနိုင်ငံခြားသားဘိုးဘွား
စောင့်ရှောက်ရေးလုပ်သားများအတွက်နေထိုင်ခွင့်ဖြစ်သည်။ကျောင်းသားဗီဇာဖြင့်ဂျပန်နိုင်ငံ၏ဘိုးဘွားစောင့်ရှောက်ရေးခိုင်းဂေါ့ဖုခုရှိရှိလေ့ကျင့်ရေးကျောင်းမှ ဘွဲ့ရပြီး ဘိုးဘွားစောင့်ရှောက်ရေးအရည်အချင်းကို ရယူလိုသူများအတွက်ပုံမှန်လုပ်စဥ်ပင်ဖြစ်သည်။အများစုမှာကျောင်းတက်စဉ်ပြုစုစောင့်ရှောက်ရေးတွင်အချိန်ပိုင်းအလုပ်လုပ်ခဲ့သောကြောင့်ဂျပန်ဘာသာစကားကျွမ်းကျင်နေပြီးသူများဖြစ်ကာအလုပ်အတွက်အဆင့်သင့်ဖြစ်နေသောသူများအနေဖြင့်အလုပ်ခွင်များမှကြိုဆိုကြသည်။အခြားနေထိုင်ခွင့်များသည်ဘိုးဘွားစောင့်ရှောက်ရေးဂေဟာများရှိလုပ်ငန်းဆောင်တာများမှအပခွင့်ပြုမထားသော်လည်းခိုင်းဂေါ့နေထိုင်ခွင့်ဖြစ်ပါကသက်ကြီးရွယ်အိုများ၏နေအိမ်များသို့သွားရောက်ကြည့်ရှူ့စောင့်ရှောက်မှုလုပ်ငန်းများကိုဆောင်ရွက်ပေးနိုင်သည်။
တိုခုတေးဂိနိုးစောင့်ရှောက်မှု့လုပ်ငန်းတွင်အနည်းဆုံး3နှစ်နှင့်အထက်အတွေ့အကြုံရှိပါက၊ခိုင်းဂေါ့ဖုခုရှိရှိအရည်ချင်းလတ်မှတ်ကိုရယူနိုင်သည်။ စာမေးပွဲအောင်ပြီး လက်မှတ်ရ ပြုစုစောင့်ရှောက်ပေးသူ ဖြစ်လာပါက၊ တိုခုတေးဂိနိုးဗီဇာမှ ခိုင်းဂေါ့ဗီဇာသို့ကူးပြောင်းနိုင်သည်။
ခိုင်းဂေါ့ဗီဇာအတွက်နေထိုင်ခွင့်ကာလနှင့်သက်တမ်းတိုးအရေအတွက်ကိုအကန့်သတ်မရှိပြုလုပ်နိုင်သည်။
■ EPAခိုင်းဂေါ့ဖုခုရှိရှိထိရည်ရွယ်ထားသူ
အင်ဒိုနီးရှား၊ဖိလစ်ပိုင်နှင့်ဗီယက်နမ်သုံးနိုင်ငံမှခိုင်းဂေါ့ဖုခုရှိရှိထိရည်ရွယ်ထားသည့်လူ့အရင်းမြစ်များကို
လက်ခံသောနေထိုင်ခွင့်ဖြစ်သည်။ ဂျပန်ဘာသာစကားကျွမ်းကျင်မှု့စာမေးပွဲ N3 သို့မဟုတ် N5 နှင့်အထက် ဖြေဆိုပြီး အမိနိုင်ငံရှိ တက္ကသိုလ် သို့မဟုတ် သူနာပြုကျောင်းမှ ဘွဲ့ရရှိထားခြင်းအစရှိသည့် နိုင်ငံပေါ်မူတည်၍ လိုအပ်ချက်များသည် ကွဲပြားသည်။
EPAခိုင်းဂေါ့ဖုခုရှိရှိထိရည်ရွယ်ထားသူများတွင်ဂျပန်နိုင်ငံ၏ခိုင်းဂေါ့ဂေဟာတွင်အလုပ်အတွေ့ကြုံရယူရင်းပြည်ဝင်ပြီး၄နှစ်မြောက်တွင်ခိုင်းဂေါ့ဖုခုရှိရှိဆိုသည့်နိုင်ငံအသိမှတ်ပြုစာမေးပွဲကိုဖြေဆိုနိုင်သည်။စာမေးပွဲအောင်မြင်ပါက၊ခိုင်းဂေါ့ဗီဇာနေထိုင်ခွင့်ကိုကူးပြောင်းနိုင်ပြီးဂျပန်တွင်ကြာရှည်စွာအလုပ်လုပ်နိုင်မည်ဖြစ်သည်။ စာမေးပွဲကျခဲ့လျှင်လည်း နောက်တစ်နှစ်တာသက်တမ်းတိုး၍နေနိုင်သည်။
EPAခိုင်းဂေါ့ဖုခုရှိရှိထိရည်ရွယ်ထားသူမဖြစ်လျှင်လည်းခိုင်းဂေါ့အရည်ချင်းများရယူနိုင်ဖို့အတွက်အထောက်ပံ့ပေးသောလုပ်ငန်းခွင်များစွာရှိသည်။Tokyo၊Kanagaw၊Osakaအစရှိသည့်ဒေသများတွင်နိုင်ငံခြားသားပြုစုစောင့်ရှောက်ရေးလုပ်သားများအတွက်ခိုင်းဂေါ့ဖုခုရှိရှိအရည်ချင်းလတ်မှတ်ရယူနိုင်ဖို့လိုအပ်သည့်ကုန်ကျစရိတ်ထောက်ပံ့ကြေးငွေများကိုပေးသည့်နေရာဒေသများလည်းရှိသည်။
ဂျပန်နိုင်ငံတွင်လေ့လာသင်ယူထားသောပြုစုစောင့်ရှောက်ရေးနည်းပညာသည်အမိနိုင်ငံပြန်၍ခိုင်းဂေါ့နှင့်
ပတ်သက်သည့်အလုပ်လုပ်သည့်အခါနှင့်မိသားစုကိုပြုစုစောင့်ရှောက်ပေးသည့်အခါတွင်အသုံးဝင်မည်ဖြစ်သည်။အသက်ရွယ်ကြီးသည့်အခါ「ဂျပန်တစ်ခေါက်ပြန်ချင်ပါက」ဂျပန်ပြည်နောက်တစ်ကြိမ်ဝင်ဖို့
လွယ်ကူပါသည်။ သင်ရောဂျပန်မှာခိုင်းဂေါ့အလုပ်စတင်လုပ်ကိုင်ချင်ပါသလား။ ဤဆောင်းပါးသည်ဂျပန်နိုင်ငံတွင်နေထိုင်သူများအတွက်အသိပညာနှင့်အချက်အလက်များကိုတင်ဆက်ပေးပြီး သင်၏ ကြိုးစားမှု့ကို အားပေးနေပါသည်
ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများFormမှတစ်ဆင့်ဆက်သွယ်မေးမြန်းပေးပါ။