နေထိုင်ခွင့်သက်တမ်းတိုးခြင်းသည်ထင်ထားသည်ထက်အချိန်ပိုကြာတက်ခြင်းနှင့်လုပ်ရသည့်လုပ်ငန်းစဥ်များတက်ပါသည်။စောစောလျှောက်ထားချင်ကြသည်ဟုထင်ပါသည်။သို့သော်လည်းနေထိုင်ခွင့်သက်တမ်းတိုးရန်တစ်ခုပဲအာရုံစိုက်မိကာတခြားမေ့လျော့သည့်အရာများရှိနေတက်ကြပါသည်။
ယခုတစ်ကြိမ်တွင်နေထိုင်ခွင့်သက်တမ်းတိုးခြင်းပြုလုပ်ရာတွင်ပူးတွဲစစ်ဆေးရန်လိုသည့် အချက် ၃ ချက်ကို ပြောပြပေးပါမည်။
(၁) ပတ်စ်ပို့ သက်တမ်းကုန်မည့်ရက်ကို စစ်ဆေးပါ!
ပတ်စ်ပို့သည်ဂျပန်ပြည်ဝင်သည့်အချိန်တွင်လိုအပ်သော်လည်းပုံမှန်နေ့စဉ်ဘဝတွင်စပ်လျဉ်းမှုမရှိသည့်အတွက် သက်တမ်းကုန်ဆုံးသွားခြင်းကို သတိမထားမိတက်ခြင်းများဖြစ်တတ်သည်။
ပတ်စ်ပို့မရှိဘဲနေထိုင်ခွင့်သက်တမ်းတိုးခြင်းပြုလုပ်နိုင်သော်လည်းနေထိုင်ခွင့်သက်တမ်းနှင့်ပတ်စ်ပို့သက်တမ်းနှစ်မျိုးလုံးကုန်ဆုံးသွားပါကကိုယ်ရေးအချက်လက်အထောက်အထားမရှိတော့ဘဲအခက်အခဲဖြစ်လာနိုင်သည်။
တစ်ဖန်ခေတ္တနိုင်ငံပြန်၍၁နှစ်အတွင်းဂျပန်ပြည်ဝင်ခြင်းပြုပါကသက်တမ်းရှိသောပတ်စ်ပို့နှင့်နေထိုင်ခွင့်သာရှိလျှင်「ပြည်ဝင်ခွင့်တဖန်ပြန်လည်ခွင့်ပြုခြင်း」ဖြင့်ပုံမှန်အတိုင်းလွယ်ကူချောမွေ့စွာဂျပန်ပြည်တွင်း
သို့ပြန်လည်ဝင်ရောက်နိုင်သည်။
ပတ်စ်ပို့သက်တမ်းတိုးခြင်းလုပ်ငန်းစဉ်သည်ရက်သတ္တပတ်အနည်းငယ်ကြာရှည်တက်သည့်အခါရှိသည်။နေထိုင်ခွင့်သက်တမ်းတိုးသည့်အခါပတ်စ်ပို့သက်တမ်းကိုလည်းစစ်ဆေးကာအချိန်မှီသက်တမ်းတိုးကြပါစို့။
(၂) My Number ကဒ်သက်တမ်းတိုးခြင်း
My Number ကဒ်သည် ဂျပန်နိုင်ငံတွင် လိပ်စာရှိသည့်သူများအတွက် ခွဲထားသောနံပါတ် ၁၂ လုံးနှင့်ဓာတ်ပုံပါရှိသောကဒ်ဖြစ်သည်။ ကိုယ်ပိုင်သက်သေခံအထောက်ထားနှင့်ကျန်းမာရေးအာမခံအစရှိသည့်အသုံးပြုနည်းများရှိသည်။ဂျပန်နိုင်ငံတွင် My Number ကဒ်မရှိသော နိုင်ငံခြားသားအား အလုပ်ခန့်အပ်၍မရပါ။
My Numberကဒ်၏သက်တမ်းနှင့်နေထိုင်ခွင့်သက်တမ်းသည်အတူတူဖြစ်ပါသည်။နေထိုင်ခွင့်သက်
တမ်းတိုးခြင်းနှင့်တစ်ပြိုင်တည်းMy Numberကဒ်ကိုပြန်လည်သက်တမ်းတိုးရပါမည်။နည်းပညာ
သင်တန်းသားမှအထူးကျွမ်းကျင်မှု့ဗီဇာသို့ပြောင်းချိန်နေထိုင်ခွင့်ပြောင်းသည့်အခါ၌လည်းMyNumberကဒ်ကိုသက်တမ်းတိုးရန်လိုအပ်သည်။
My Numberကဒ်သက်တမ်းကုန်ဆုံးသွားလျှင်ပြန်လည်ထုတ်ပေးသည့်အချိန်ထိလအတော်ကြာ
တက်သောကြောင့်မမေ့လျော့ပဲသက်တမ်းတိုးပါ။
(၃) ဘဏ်အကောင့်ဖွင့်ထားသောဘဏ်ကို အသိပေးပါ!
နေထိုင်ခွင့်သက်တမ်းတိုးသည့်အခါမေ့လျော့တက်သောအရာသည်အကောင့်ဖွင့်ထားသောဘဏ်သို့အသိပေးအကြောင်းကြားခြင်းပင်ဖြစ်သည်။နေထိုင်ခွင့်အမျိုးစားများနှင့်သက်တမ်းသာမကလိပ်စာပြောင်းလဲသည့်အချိန်များတွင်လည်းဘဏ်အကောင့်၏သတင်းအချက်အလက်ပြောင်းလဲခြင်းများပြုလုပ်ရန်လိုအပ်ပါသည်။
မေ့လျော့ထားသည့်အတိုင်းထားပါကလစာနှင့်အပ်ငွေစုငွေထုတ်ခြင်းများလုပ်မရပဲဖြစ်တက်သည်။ နေထိုင်ခွင့်သက်တမ်းတိုးပြီးနောက်နေထိုင်ခွင့်ကတ်အသစ်ရသည့်နှင့်တပြိုင်တည်းချက်ချင်းဘဏ်တွင်လုပ်ရမည့်အရာများပြုလုပ်ပါ။နေထိုင်ခွင့်သက်တမ်းတိုးနေစဥ်လက်ရှိသက်တမ်းကုန်သွားပါကဘဏ်၏လက်ခံကောင်တာတွင်သွားရောက်ဆွေးနွေးပါ။
နေထိုင်ခွင့်သက်တမ်းကုန်ဆုံး၍နိုင်ငံသို့ပြန်သည့်အခါဂျပန်နိုင်ငံတွင်ပြုလုပ်ထားသောဘဏ်အကောင့်အားစာချုပ်ဖျက်ခြင်းပြုလုပ်ရပါမည်။ဂျပန်နိုင်ငံတွင်နေရပ်လိပ်စာမရှိပဲဂျပန်ဘဏ်အကောင့်ရှိထား၍မရပါ။အသုံးမပြုတော့ဘူးဆိုသောအကြောင်းပြချက်ဖြင့်ဘဏ်အကောင့်ကိုရောင်းချခြင်းများပြုလုပ်ပါကပြစ်မှု့မြောက်သည်ကိုလည်းနားလည်သဘောပေါက်ထားရပါမည်။
နေထိုင်ခွင့် သက်တမ်းတိုးသည့်အခါတိုင်းတွင် အမျိုးမျိုးသော လုပ်ငန်းစဉ်များ လိုအပ်ခြင်းကြောင့် သတိမပြုမိသည့်အရာများလည်းရှိနိုင်သည်။အကယ်၍မေ့လျော့ခဲ့သည်များကိုသတိထားမိပါက၊ဒီတိုင်းမထားပဲကုမ္ပဏီနှင့်မှတ်ပုံတင်ထားသည့်ထောက်ပံ့ပေးမည့်အဖွဲ့စည်းခုမိအိုင်အိများကဲ့သို့ယုံကြည်ရသောအဖွဲ့စည်းနှင့်ဆွေးနွေးတိုင်ပင်ကာလျင်မြန်စွာဆောင်ရွက်ပါ။
ဤဆောင်းပါးသည်ဂျပန်နိုင်ငံတွင်နေထိုင်သူများအတွက်အသိပညာနှင့်အချက်အလက်များကိုတင်ဆက်ပေးပြီး သင်၏ ကြိုးစားမှု့ကို အားပေးနေပါသည်။
ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများFormမှတစ်ဆင့်ဆက်သွယ်မေးမြန်းပေးပါ။