နေထိုင်ခွင့်အားမည်သို့သက်တမ်းတိုးရမည်နည်း?သက်တမ်းကုန်သည့်အခါဖြေရှင်းနည်းမိတ်ဆက်ခြင်း

နေထိုင်ခွင့်ဗီဇာ

နေထိုင်ခွင့်သည် သက်တမ်းရှိသည်ကို သိပါသလား။

ဥပမာအားဖြင့် Tokutei Gino နေထိုင်ခွင့်အမျိုးအစား (特定技能1号) သက်တမ်းမှာ ၁ နှစ်၊ ၆ လ၊ ၄ လဖြစ်ပြီး အများဆုံး ၅ နှစ်အထိ သက်တမ်းတိုးသွားနိုင်ပါသည်။ သင်၏နေထိုင်ကတ်ပေါ်တွင် ဖော်ပြထားသောသက်တမ်းကုန်မည့်ရက်မတိုင်မီလဝကရုံးတွင်သက်တမ်းတိုးခြင်းကိုဆောင်ရွက်နိုင်ပါသည်။

အကယ်၍နေထိုင်ခွင့်သက်တမ်းမတိုးပါပဲသက်တမ်းကျော်လွန်သွားပါကတရားမဝင်နေထိုင်ခြင်းအဖြစ်သတ်မှတ်၍နိုင်ငံပြန်ခိုင်းခြင်းနှင့်ဒဏ်ငွေပေးရခြင်းအစရှိသည့်ကြီးလေးသောပြစ်ဒဏ်များပေးခံရတက်သည်။

ယခုတစ်ခေါက်တွင်နေထိုင်ခွင့်သက်တမ်းတိုးခြင်းနည်းလမ်းနှင့်သက်တမ်းတိုးရမည့်အချိန်ကျော်လွန်သွားသည့်အခါဖြေရှင်းသည့်နည်းများကိုပြောပြပါမည်။

ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများဆွေးနွေးတိုင်ပင်နိုင်သည်။

■ နေထိုင်ခွင့်သက်တမ်းတိုးရန်
သင်နေထိုင်နေသောနေရာဒေသ၏လဝကရုံး တွင် လိုအပ်သောစာရွက်စာတမ်းများကို တင်ပြပါ။

လိုအပ်သောစာရွက်စာတမ်းများမှာ နေထိုင်ခွင့်ကဒ်၊ ပတ်စ်ပို့၊ သက်တမ်းတိုးခြင်းလျှောက်လွှာ၊ သတ်မှတ်ထားသောဓာတ်ပုံဆိုဒ်နှင့်နေထိုင်ခွင့်အမျိုးစားနှင့်သက်ဆိုင်သည့်စာရွက်စာတမ်းများ  (အလုပ်စာချုပ်မိတ္တူ)တို့ဖြစ်သည်။ ဘိုကင်ယူထားပါကပို၍မြန်ဆန်ပါသည်။ (My Number Card) ရှိပါက အွန်လိုင်းမှလည်းလျှောက်ထားနိုင်ပါသည်။

■ နေထိုင်ခွင့်သက်တမ်းတိုးရမည့်အချိန်ကာလ
နေထိုင်ခွင့်သက်တမ်းတိုးခြင်းများကို သက်တမ်းကုန်မည့် ၃ လအလိုတွင်စတင်တိုးနိုင်သည်။ မီးဖွားရန်နိုင်ငံခဏပြန်ခြင်းအစရှိသည့်အထွေထူးကိစ္စရပ်များရှိပါက၃လထက်စော၍လည်းလျှောက်ထားနိုင်ခြင်းများရှိသည်။နေထိုင်ခွင့်အမျိုးအစားအလိုက်ပြင်ဆင်တင်ပြရမည့်စာရွက်စာတမ်းများစွာရှိပါသည်။တက်နိုင်သ‌၍အမြန်ဆုံးပြင်ဆင်ပါ။

သက်တမ်းတိုးစစ်ဆေးခြင်းသည်အများအားဖြင့်၁လနှင့်အထက်ကြာတက်သောကြောင့်သက်တမ်းမကုန်လွန်ခင်၂လအလိုမှစ၍လျှောက်ထားရန်အကြုံပြုပါသည်။စစ်ဆေးနေစဥ်ကာလအတွင်းနေထိုင်ခွင့်သက်တမ်းကုန်လွန်ခြင်းများလည်းရှိတက်သောကြောင့်ထိုသို့ဖြစ်လာပါကအထူးခြွင်းချက်အနေဖြင့်၂လအပိုရကာနေထိုင်ခွင့်စစ်ဆေးခြင်းရလဒ်ထွက်သည့်အထိဂျပန်တွင်နေထိုင်နိုင်ပါသည်။

■ နေထိုင်ခွင့်သက်တမ်းတိုးရန်မေ့လျော့ခဲ့ပါက
အကယ်၍နေထိုင်ခွင့်သက်တမ်းတိုးရန် မေ့လျော့ခဲ့ပြီး သက်တမ်းကုန်သွားပါက ၁ နှစ်အထက် ထောင်ဒဏ် သို့မဟုတ်ယန်းသောင်း ၂၀ နှင့်အောက်ဒဏ်ကြေးငွေရှိနိုင်ပါသည်။ မေ့လျော့ခဲ့ကြောင်း သိရှိလျှင် အမြန်ဆုံး ပြင်ဆင်ပါ။ အခြေနေပေါ်မူတည်၍ လျှောက်ထားမှု့အား လက်ခံပေးပါလိမ့်မည်။

နိုင်ငံခြားသားများအတွက် နေထိုင်ခွင့်သက်တမ်းတိုးခြင်းနှင့်လျှောက်ထားခြင်းများကိုလုပ်ဆောင်ပေးနေသည့်ကုမ္ပဏီများစွာရှိပါသည်။ နေထိုင်ခွင့်သက်တမ်းတိုးခြင်းတွင်နားမလည်သည်အရာများရှိပါက မည်သည့်အကြောင်းကိုမဆို ဆွေးနွေးတိုင်ပင်ပါ။

အကယ်၍ကုမ္ပဏီမှတောင်းဆိုလာခဲ့သည်ရှိသော်လည်းနေထိုင်ခွင့်ကတ်ကိုအပ်နှံခြင်းမပြုလုပ်ရပါ။နေထိုင်ခွင့်အမျိုးအစားအားဖော်ပြထားသည့်နေထိုင်ခွင့်ကတ်သည်ဂျပန်နိုင်ငံတွင်နေထိုင်ရန်မရှိမဖြစ်လိုအပ်သောအထောက်အထားမှတ်ပုံတင်ကတ်ဖြစ်သည်။ကာယကံရှင်ကိုယ်တိုင်သေချာစွာထိန်းသိမ်းရပါမည်။

ဤဆောင်းပါးသည်ဂျပန်နိုင်ငံတွင်နေထိုင်သူများအတွက်အသိပညာနှင့်အချက်အလက်များကိုတင်ဆက်ပေးပြီး သင်၏ ကြိုးစားမှု့ကို အားပေးနေပါသည်။

ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများFormမှတစ်ဆင့်ဆက်သွယ်မေးမြန်းပေးပါ။

စုံစမ်းရေးဖောင်