ဂျပန်နိုင်ငံတွင် နေထိုင်သည့်အခါသေချာပေါက်လိုက်နာရမည့်အရာသည်မည်သည့်အရာဖြစ်သည်ဟု သင်ထင်ပါသနည်း။
ထိုအရာသည် “ နေထိုင်ခွင့်ကဒ်” ဖြစ်သည်။ နေထိုင်ခွင့်ကဒ်သည် ဂျပန်နိုင်ငံတွင် ၃လ ထက်ပို၍ နေထိုင်သော ပြည်ပနိုင်ငံသားများအတွက် ထုတ်ပေးသော မှတ်ပုံတင်ကတ်ဖြစ်သည်။
နေထိုင်ခွင့်ကဒ်မရှိပါက ဂျပန်နိုင်ငံတွင် အလုပ်လုပ်ခြင်း မဖြစ်နိုင်ပါ။ နေထိုင်ခွင့်ကဒ်တွင် နာမည်၊ မွေးနေ့၊ ကျား/မဖွား၊ နိုင်ငံသား၊ ဂျပန်နိုင်ငံတွင်နေထိုင်ရာလိပ်စာ၊ ရရှိထားသော နေထိုင်ခွင့် စသည့် ကိုယ်ရေးအချက်အလက်များရေးသားထားသည့်နေထိုင်ခွင့်ကဒ်သည်ပတ်စ်ပို့နှင့်တူညီစွာအရေးပါသောမှတ်ပုံတင်ကတ်ပင်ဖြစ်သည်။
နေထိုင်ခွင့်ကတ်ကိုကြည့်ခြင်းဖြင့်ဂျပန်တွင်နေထိုင်ခွင့်ရနိုင်သည့်သက်တမ်း၊အလုပ်လုပ်ခွင့်ရှိမရှိ၊အလုပ်လုပ်နိုင်သည့်အကြောင်းရာများကိုအသိမှတ်ပြုနိုင်သည့်အတွက်အလုပ်လုပ်ရာတွင်နေထိုင်ခွင့်ကတ်ပြသပေးရန်မဖြစ်မနေလိုအပ်ပါသည်။
နေထိုင်ခွင့်ကဒ်အသုံးပြုသည့်အခါသတိပြုရန်အချက်များအားပြောပြပေးသွားပါမည်။
■ နေထိုင်ခွင့်ကဒ်အား အမြဲသယ်ဆောင်သွားပါ။
အချိန်မရွေးပြနိုင်အောင်နေထိုင်ခွင့်ကတ်ကိုအမြဲသယ်ဆောင်သွားရပါမယ်။စစ်ဆေးရေးရဲများမှနေထိုင်ခွင့်ကတ်အားတောင်းဆိုလာပါကချက်ချင်းပြနိုင်အောင်လုပ်ပါ။
အကယ်၍နေထိုင်ခွင့်ကတ်မရှိပါကသောင်း၂၀အောက်ဒဏ်ငွေ၊ မပြသနိုင်ပါက၁နှစ်အောက်ထောင်ဒဏ် သို့မဟုတ်သောင်း၂၀အောက်ဒဏ်ငွေအဖြစ်ပေးဆောင်ရခြင်းများလည်းရှိသည်။အနီးနားသို့စျေးဝယ်ထွက်သည့်အခါအိမ်မှာမေ့မကျန်စေရန်သတိထားဖို့လိုပါသည်။
■ နေထိုင်ခွင့်ကဒ်ကို ငှားရမ်းမထားပါနှင့်
သင်၏နေထိုင်ခွင့်ကဒ်ကိုအခြားသူများအားငှားရမ်းခြင်းလုပ်၍မရပါ။ထောင်ဒဏ်သို့မဟုတ်သောင်း၂၀အောက်ဒဏ်ငွေဆောင်ရပါမည်။
အသိမိတ်ဆွေနှင့်သူငယ်ချင်းများထံမှ( အလုပ်အတွက်လိုအပ်သည်)ဆို၍တောင်းဆိုလာသောကြောင့်စိတ်ရင်းစေတနာနှင့်ငှားပေးမိပြီးဥပဒေနှင့်ညှိစွန်းသောအလုပ်ကိုကူညီပေးမိသောကြောင့်နိုင်ငံပြန်လွတ်သည့်ကိစ္စရပ်များလည်းရှိသည်။နေထိုင်ခွင့်ကတ်ငှားရမ်းပေးခြင်းသည်ပြစ်မှု့မြောက်သည်ကိုနားလည်ကာငှားရမ်းလာပါကပြတ်ပြတ်သားသားငြင်းဆိုပါ။
■ လိပ်စာပြောင်းလဲပါက နေထိုင်ခွင့်ကဒ်ကိုလည်း ပြောင်းလဲရန် လိုအပ်သည်
လိပ်စာပြောင်းလဲပါက၁၄ရက်အတွင်းရပ်ကွက်ရုံးများသို့သွားကာစာရင်းပေး၍နေထိုင်ခွင့်ကဒ်လိပ်စာအား ပြောင်းလဲရန် လိုအပ်သည်။လိပ်စာဟောင်းအတိုင်းထားပါက၂၀သောင်းနှင့်အောက်ဒဏ်ငွေရှိသည်။
နေထိုင်ခွင့်ကတ်တွင်လိပ်စာအသစ်အားလက်ဖြင့်ရေးဖြည့်သည့်ကိစ္စရပ်များလည်းရှိသည်။နေထိုင်ခွင့်ကတ်တွင်တစ်ခုခုရေးဖြည့်ထားပါကထိုကတ်သည်အကျုံးဝင်မှု့မရှိတော့ပဲနောက်တစ်ခေါက်အသစ်ပြန်လုပ်ရန်လိုအပ်သည်ကိုသတိပြုပါ။
■ နေထိုင်ခွင့်ကဒ်ပျောက်သွားပါက ချက်ချင်းပြန်လည်ထုတ်ယူမှု့ကို လုပ်ဆောင်ပါ
နေထိုင်ခွင့်ကဒ်ပျောက်သွားသည့်အခါ ၁၄ရက်အတွင်း ရဲဌာနအားအသိပေးရန်လိုအပ်သည်။ နေထိုင်သည့်နေရာဒေသ၏လဝကရုံးသို့အကြောင်းကြားကာနေထိုင်ခွင့်ပြန်လည်ထုတ်ယူမှု့ကို ပြုလုပ်ရပါမည်။၄င်းအတွက်ကုန်ကျစရိတ်မရှိပါ။
ဂျပန်နိုင်ငံတွင်နေထိုင်ခွင့်ကဒ်အတုများကိုအသုံးပြု၍တရားမဝင်အလုပ်လုပ်ခြင်းဆိုသည့်ပြသနာများဖြစ်ပေါ်နေပါသည်။ထို့ကြောင့်နေထိုင်ခွင့်ကဒ်ကိုင်တွယ်အသုံးပြုမှု့အတွက်သေချာစွာဂရုစိုက်ရန်လိုအပ်ပါသည်။သတ်မှတ်ထားသည်များကိုလိုက်နာပါကဒဏ်တပ်ခံရမည်မဟုတ်ပါ။
ဂျပန်နိုင်ငံတွင် လွတ်လပ်စွာနေထိုင်နိုင်ရေးအတွက်မိမိ၏နေထိုင်ခွင့်ကတ်အားအမြဲဂရုတစိုက်သယ်ဆောင်သွားလာဖို့လိုအပ်ပါသည်။
ဤဆောင်းပါးသည်ဂျပန်နိုင်ငံတွင်နေထိုင်သူများအတွက်အသိပညာနှင့်အချက်အလက်များကိုတင်ဆက်ပေးပြီး သင်၏ ကြိုးစားမှု့ကို အားပေးနေပါသည်။
ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများFormမှတစ်ဆင့်ဆက်သွယ်မေးမြန်းပေးပါ။