ဂျပန်နိုင်ငံတွင်အလုပ်လုပ်ဖို့ “ နေထိုင်ခွင့်” လိုအပ်ပါသည်။ သို့သော်လည်း “ နေထိုင်ခွင့်ဆိုတာ ဘာလဲ?” ဆိုတဲ့ မေးခွန်းကို သိချင်တဲ့သူများလည်း ရှိနိုင်ပါတယ်။
နေထိုင်ခွင့်သည်နိုင်ငံခြားသားများဂျပန်နိုင်ငံတွင်သွားလာလှုပ်ရှားဖို့အတွက်လိုအပ်ချက်အရည်ချင်းတစ်ခုဖြစ်သည်။ “ အလုပ်လုပ်ရန်” , “ ပညာသင်ရန်” , “ ဂျပန်နိုင်ငံတွင် နေရန်” စသဖြင့် ရည်ရွယ်ချက်အလိုက် နေထိုင်ခွင့်အမျိုးအစားများစွာရှိပြီးဂျပန်နိုင်ငံတွင်လုပ်ခွင့်ပြုသောလှုပ်ရှားမှု့အကြောင်းအရာအမျိုးအစားများနှင့် နေထိုင်ခွင့်ကာလ ကွာခြားသည်။
ဂျပန်နိုင်ငံတွင် လှုပ်ရှားမှု့အမျိုးအစား ပြောင်းလဲပါက နေထိုင်ခွင့်ပြောင်းလဲမှု့လုပ်ဆောင်ရမည်ဖြစ်ပြီး ၆လ သို့မဟုတ်၁နှစ်သို့မဟုတ်ခွင့်ပြုသောနေထိုင်ခွင့်ကာလပြီးဆုံးပါကနေထိုင်ခွင့်သက်တမ်းတိုးမြှင့်ရမည်ဖြစ်သည်။
ဂျပန်နိုင်ငံတွင် နေထိုင်ခွင့်ကို “ ဗီဇာ” ဟု ခေါ်ဆိုလေ့ရှိပြီး ပြည်ဝင်ခွင့်ပြုသည့်အခါခေါ်သည့် ဗီဇာ (သက်သေခံချက်) နှင့် ကွာခြားသည်ကို ဂရုစိုက်သတိပြုပါ။
အောက်ပါနေထိုင်ခွင့်အမျိုးစားများကိုမိတ်ဆက်ပေးပါမည်။
■ အလုပ်လုပ်ရန် နေထိုင်ခွင့်
・နည်းပညာ -စာပေဗဟုသုတ – နိုင်ငံတကာစီးပွားရေး
သိပ္ပံဘာသာရပ်၊စက်မှု့ဘာသာရပ်၊သဘာဝသိပ္ပံဘာသာရပ်၊ဥပဒေပညာရပ်၊စီးပွားရေးဘာသာရပ်အစရှိသည့်အထူးပြုမေဂျာအနေဖြင့်ဗဟုသုတနှင့်နည်းပညာများကိုအသုံးချ၍ဂျပန်တွင်အလုပ်လုပ်ရန်အတွက်နေထိုင်ခွင့်အမျိုးစားပင်ဖြစ်သည်။နည်းပညာအင်ဂျင်နီယာ၊ပရိုဂရမ်မာ၊စကားပြန်ဘာသာပြန်သူ၊ဒီဇိုင်းနာ၊အကြံပေးပညာရှင်၊ဘာသာစကားဆရာကဲ့သို့သောအလုပ်အမျိုးအစားများကိုခွင့်ပြုထားပါသည်။
・အထူးကျွမ်းကျင်မှု (အမှတ်စဥ် 1၊ အမှတ်စဥ်2)
ခိုင်းဂေါ့ဘိုးဘွားစောင့်ရှောက်ရေးလုပ်ငန်း၊ဆောက်လုပ်ရေးလုပ်ငန်း၊တည်းခိုခြင်းလုပ်ငန်း၊စိုက်ပျိုးရေးလုပ်ငန်း၊ငါးဖမ်းလုပ်ငန်း၊စားသောက်ကုန်လုပ်ငန်း၊စာသောက်ကုန်ထုတ်လုပ်ရေးလုပ်ငန်းအစရှိသည့်ဂျပန်တွင်လုပ်သားအင်အားမလုံလောက်သောနယ်ပယ်များတွင်နည်းစနစ်ပညာကိုအသုံးချကာအလုပ်လုပ်ရန်အတွက်နေထိုင်ခွင့်အမျိုးစားဖြစ်သည်။ ဂျပန်ဘာသာစကားအရည်ချင်းစစ်စာမေးပွဲ (အမျိုးအစား 1 နှင့်အမျိုးအစား2၏အချို့လုပ်ငန်းများတွင်)နှင့်ကဏ္ဍအလိုက်ကျွမ်းကျင်မှု့စာမေးပွဲအောင်မြင်ရန်လိုအပ်ပါသည်။
・နည်းပညာသင်တန်းသား (အမှတ်စဥ် 1၊ အမှတ်စဥ်2၊အမှတ်စဥ်3)
ဂျပန်နိုင်ငံတွင်နည်းပညာနှင့်ဗဟုသုတများကိုသင်ယူမှတ်သားကာအမိနိုင်ငံတွင်အလုပ်လုပ်သည့်အခါအသုံးချဖို့နေထိုင်ခွင့်အမျိုးစားဖြစ်သည်။စိုက်ပျိုးရေး၊ငါးလုပ်ငန်း၊ဆောက်လုပ်ရေး၊စားသောက်ကုန်ထုတ်လုန်ငန်းအစရှိသည့်အကျုံးဝင်သောနယ်ပယ်များတွင်သတ်မှတ်ထားသောလုပ်ငန်းဆောင်တာများကိုခွင့်ပြုထားသည်။ 2027 ခုနှစ်တွင် “ လုပ်အားပျိုးထောင်ခြင်း” ဟု ခေါ်ဆိုသော စနစ်သစ်သို့ ပြောင်းလဲမည်ဖြစ်သည်။
■ ပညာသင်ဖို့အတွက် နေထိုင်ခွင့်
・ပညာသင်ယူခြင်း
ဂျပန်နိုင်ငံရှိ ကျောင်းများတွင် ပညာသင်ရန် နေထိုင်ခွင့်ဖြစ်သည်။ အခြေခံအားဖြင့်အလုပ်လုပ်ခွင့်မရှိသော်လည်း” နေထိုင်ခွင့်ပြင်ပလုပ်ဆောင်ခွင့်ခွင့်ပြုချက်” ရရှိပါက တစ်ပတ်လျှင် ၂၈ နာရီအထိ အချိန်ပိုင်းအလုပ်လုပ်ခွင့် ရရှိနိုင်ပါသည်။
■ ဂျပန်နိုင်ငံတွင် နေရန် နေထိုင်ခွင့်
・အမြဲတမ်းနေထိုင်ခွင့်ရှိသူ
ဤနေထိုင်ခွင့်သည် တရားဥပဒေဝန်ကြီးဌာနမှ အမြဲတမ်းနေထိုင်ခွင့်ရရှိထားသောသူများအတွက် နေထိုင်ခွင့်ဖြစ်သည်။ ဂျပန်နိုင်ငံတွင် အလုပ်လုပ်ခြင်း သို့မဟုတ် လှုပ်ရှားမှုကို ချုပ်နှောင်မှု့မရှိဘဲ လုပ်နိုင်သည်။ အမြဲတမ်းနေထိုင်သူများအတွက် နေထိုင်ခွင့်သက်တမ်းတိုးမြှင့်ခြင်း မလိုအပ်ပါ။
・ဂျပန်လူမျိုးအိမ်ထောင်ဖက်
ဂျပန်နိုင်ငံသားနှင့် လက်ထပ် ၍ ကလေးမွေးကာ ဂျပန်နိုင်ငံတွင် နေထိုင်ဖို့ရန်အတွက် နေထိုင်ခွင့် ဖြစ်သည်။ ဂျပန်နိုင်ငံတွင် အလုပ်လုပ်ခြင်းနှင့် လှုပ်ရှားမှု့များကို ချုပ်နှောင်မှု့မရှိဘဲ လုပ်နိုင်သော်လည်း နေထိုင်ခွင့်သက်တမ်းတိုးမြှင့်ရမည်ဖြစ်သည်။သို့သော်လိမ်လည်အတုပလက်ထပ်ခြင်းများရှိခဲ့ဖူးသောကြောင့် စစ်ဆေးမှု့ အလွန်တင်းကြပ်သည်။
အခြားသောနေထိုင်ခွင့်အမျိုးအစားများလည်းရှိပါသည်။အကယ်၍” နေထိုင်ခွင့်နှင့်မကိုက်ညီသည့်လှုပ်ရှားပြုလုပ်ခြင်းများရှိပါကနေထိုင်ခွင့်လျှောက်ထားခြင်းများနှင့်သက်တမ်းတိုးခြင်းများလုပ်၍ရမည်မဟုတ်သောကြောင့်သတိပြုရန်လိုပါသည်။
ဥပမာအားဖြင့်၊နည်းပညာ – စာပေဗဟုသုတ – နိုင်ငံတကာစီးပွားရေး” နေထိုင်ခွင့်သည် ကာယကံရှင်၏အသိပညာဗဟုသုတနှင့်နည်းပညာကိုအသုံးမချနိုင်သောလုပ်ငန်းဆောင်တာဖြစ်ပါကလျှောက်ထား၍မရနိုင်ပါ။အလုပ်လုပ်ရန်အတွက်နေထိုင်ခွင့်ဖြစ်သောကြောင့်ဆီလျော်သောအကြောင်းပြချက်မရှိပါပဲ၃လနှင့်အထက်အလုပ်လုပ်ခြင်း မရှိပါက နေထိုင်ခွင့်ကို ရုပ်သိမ်းနိုင်ပါသည်။
တစ်ဖက်တွင်(နည်းပညာသင်တန်းသား)မှလိုအပ်ချက်များပြည်မှီပါက(အထူးကျွမ်းကျင်လုပ်သား) နေထိုင်ခွင့်အားပြောင်းလဲသည့်အခါဥပဒေနှင့်အညီရေရှည်ဂျပန်တွင်နေထိုင်နိုင်သည်။
မိမိ၏နေထိုင်ခွင့်အမျိုးအစားများနှင့်အချက်လက်များကိုသေချာနားလည်၍စည်းကမ်းများကိုလိုက်နာကာဂျပန်နိုင်ငံ၏နေထိုင်မှု့အားကျေနပ်ပျော်ရွှင်စွာနေထိုင်ပါ။
ဤဆောင်းပါးသည်ဂျပန်နိုင်ငံတွင်နေထိုင်သူများအတွက်အသိပညာနှင့်အချက်အလက်များကိုတင်ဆက်ပေးပြီး သင်၏ ကြိုးစားမှု့ကို အားပေးနေပါသည်။
ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများFormမှတစ်ဆင့်ဆက်သွယ်မေးမြန်းပေးပါ။