(Specific Skills)ဂျပန်နိုင်ငံတွင် စိတ်ချစွာ အလုပ်လုပ်နိုင်ရန် ကူညီပံ့ပိုးပေးသည့် စနစ် (၁၀) ဆိုသည်မှာ  

Tokuteiginou တိုခုတေးဂိနိုး

အထူးကျွမ်းကျင်မှု့ လူ့စွမ်းအားအရင်းအမြစ်များကိုထည့်သွင်းခန့်အပ်သည့်လုပ်ငန်း ကုမ္ပဏီများသည် လူ့အရင်းမြစ်အားနေထိုင်မှု့နှင့် အလုပ်လုပ်ရာတွင် အခက်ခဲမရှိစေရန် သေချာအစီစဥ်ရေးဆွဲ ၍ ပံပိုးပေးရမည့်မှာဥပဒေတာဝန်တစ်ရပ်ပင် ဖြစ်သည်။ 

ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများဆွေးနွေးတိုင်ပင်နိုင်သည်။

ဒီတစ်ခါမှာတော့ သင် အခမဲ့ရရှိနိုင်တဲ့ ပံ့ပိုးမှု 10 မျိုးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ 

①ကြိုတင်လမ်းညွှန်မှု
နေထိုင်ခွင့် လျှောက်ထားခြင်းမပြုမီ၊ အလုပ်ခန့်အပ်ခြင်းနှင့် ငွေကြေး ဆိုင်ရာကိစ္စများ အထူးကျွမ်းကျင်မှု့ လုပ်သားများအတွက်ပံ့ပိုးပေးလျက်ရှိသောစနစ်နှင့် ပတ်သတ်၍ ရှင်းပြပေးပါမည်။ 

②ပြည်ဝင်ခြင်းနှင့်နိုင်ငံပြန်သည့်အခါ အကြိုအပို့ 
ရောက်ရှိလာသူအသစ်များကို လေဆိပ်မှ ၎င်းတို့၏ နေထိုင်ရာ သို့မဟုတ် လုပ်ငန်းခွင်သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး နိုင်ငံပြန်သည့်အခါလေဆိပ်လုံခြုံရေးစစ်ဆေးရေးဂိတ်သို့ ပို့ဆောင်ပေးမည်ဖြစ်သည်။ 

③အိမ်ရာနှင့် နေထိုင်မှု့ဘဝတွင်လိုအပ်သည်များ စီစဉ်ပေးခြင်း  
ကုမ္ပဏီအိမ်ရာ သို့မဟုတ် တိုက်ခန်းများကို စီစဉ်ပေးခြင်း၊ ဘဏ်စာရင်းဖွင့်ခြင်းနှင့် မိုဘိုင်းလ်ဖုန်း၊ ရေ၊ ဓာတ်ငွေ့၊ လျှပ်စစ်မီတာစာချုပ်ချုပ်ဆိုခြင်းလမ်းညွှန်မှု့များနှင့်  လုပ်ထုံးလုပ်နည်းများ ပံ့ပိုးပေးခြင်းတို့ကို  ကူညီပေးပါသည်။  

④နေထိုင်မှု့ ဘဝလမ်းညွှန် 
ဂျပန်စတိုင် စည်းမျဉ်းစည်းကမ်းများနှင့် အမူအကျင့်များကို သင်ကြားပေးမည်ဖြစ်ပါသည်။ ရထားနှင့်ဘတ်စ်ကားများကိုအသုံးပြုပုံနှင့် သဘာဝဘေးအန္တရာယ်ဖြစ်သည့်အခါ ဘာလုပ်ရမည်အကြောင်း လမ်းညွှန်ချက်များကိုလည်း သိရှိမည်ဖြစ်ပါသည်။ 

⑤အစိုးရရုံးပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ 
မြို့နယ်ရုံးများသို့အတူလိုက်ပါပေးခြင်းများရှိသကဲ့သို့ ၊ လိုအပ်သောစာရွက်စာတမ်းများ ပြုလုပ်ခြင်းအကူညီအားလည်းရယူနိုင်သည်။  

⑥ဂျပန်စာလေ့လာရန် အခွင့်အလမ်းများ ပေးအပ်ခြင်း။
ဂျပန်ဘာသာစကားသင်တန်းများနှင့် သင်ကြားရေး အထောက်အကူအချက်လက်များအားလည်း တင်ဆက်ပေးလျက်ရှိသည်။ 

⑦ဆွေးနွေးညှိနှိုင်းမှုများနှင့် တိုင်ကြားချက်များကို ကိုင်တွယ်ဖြေရှင်းခြင်း။  
အလုပ် သို့မဟုတ် နေထိုင်မှု့ဘဝနှင့် စိတ်ပူပန်မှုများအခက်ခဲများကို  တိုင်ပင်နိုင်ပြီး သင့်လျော်သောအကြံဉာဏ်ကို ရယူနိုင်ပါသည်။ 

⑧ပေါင်းသင်းဆက်ဆံရေး 
ဒေသတွင်း ပွဲလမ်းသဘင်များတွင် ပါဝင်ခြင်းကဲ့သို့သော ဂျပန်လူမျိုးများနှင့်ပေါင်းသင်းဆက်ဆံရေး  အခွင့်အလမ်းများ လမ်းညွှန်တင်ဆက်ပေး မည်ဖြစ်ပါသည်။ 

⑨အလုပ်အပြောင်းအလဲ ပံ့ပိုးမှု 
အလုပ်ပြောင်းရန် လိုအပ်သောအခါတွင် သင်၏နောက်ထပ်အလုပ်အား ရှာဖွေရန်နှင့် အလုပ်ပြောင်းရန်အတွက် လုပ်ထုံးလုပ်နည်းများကို ကူညီပေးနိုင်ပါသည်။  

⑩တွေ့ဆုံမှု့အစည်းအဝေး  
ထောက်ပံ့ရေးဝန်ထမ်းတွေနဲ့ ပုံမှန်တွေ့ဆုံမှုအစည်းအဝေး တွေရှိပါတယ်။ (၃လတစ်ကြိမ် အနည်းဆုံး)။ အလုပ်အကြောင်းအရာ နှင့်လုပ်ငန်းအတွင်းဆောင်ရွက်မှု့များလစာများတွင်ချိုးဖောက်မှုများရှိပါက၊ ပြုပြင်ပြောင်းလဲရန် ကုမ္ပဏီကို တောင်းဆိုသွားပါမည်။ 

ဤထောက်ပံ့မှုများကို ကုမ္ပဏီများနှင့် မှတ်ပုံတင်ထားသော ပံ့ပိုးကူညီမှုအဖွဲ့အစည်းများမှ ပံ့ပိုးပေးပါသည်။ 

သင့်မိခင်ဘာသာစကားကို အခြေခံအားဖြင့် ပြောဆိုနိုင်သော ဝန်ထမ်းများမှ  တိုင်ပင်ဆွေးနွေးမှု နှင့် လမ်းညွှန်မှုများ ပံ့ပိုးပေးမည်ဖြစ်သောကြောင်း စိတ်ချနိုင်ပါသည်။ ဂျပန်စကားနှင့် အဆင် ‌ပြေသောသူဖြစ်ပါက၊ သဘောတူညီချက် ဖောင်ကို တင်သွင်းခြင်းဖြင့်  ဂျပန်ဘာသာဖြင့် ပံ့ပိုးကူညီမှု ရရှိနိုင်ပါသည်။ 

လုံလောက်သော ပံ့ပိုးမှုမရရှိဟု ခံစားရပါက၊ စာရင်းသွင်းထားသော ပံ့ပိုးကူညီမှုအဖွဲ့အစည်းနှင့် တိုင်ပင်ပါ။ 

ယခုဆောင်းပါးသည် ဂျပန်နိုင်ငံ၏နေစဥ်ဘဝတွင်အသုံးဝင်သောဗဟုသုတအချက်လက်များကိုတင်ဆက်ထားပြီးကြိုးစားနေသောသင့်အားပံ့ပိုးပေးသွားပါမည်။ 

ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများFormမှတစ်ဆင့်ဆက်သွယ်မေးမြန်းပေးပါ။

စုံစမ်းရေးဖောင်