အထူးကျွမ်းကျင်မှုစာမေးပွဲအောင်မြင်ပါက အဆင့်ဆင့် ကောင်းမွန်သော အလုပ်ကို ရှာဖွေခြင်းဖြစ်သည်။
ဒီတစ်ခါမှာ ကျွန်ုပ်တို့သည် သင့်နိုင်ငံမှာရှိရင်း ဂျပန်ကုမ္ပဏီနှင့် မိတ်ဖွဲ့၍ ဂျပန်မှာ အလုပ်စတင်ရန်အထိ အဆင့်ဆင့် လမ်းညွှန်ပေးပါမည်။
①၁။ လုပ်ငန်းနှင့်ချိတ်ဆက်ခြင်း*
နိုင်ငံအလိုက် စည်းကမ်းများကွဲပြားပေမယ့် သင့်နိုင်ငံတွင် ရှိသော ပို့ဆောင်ရေးအေဂျင်စီကို အသုံးပြုခြင်းမှာ အခြေခံအချက်ပင်ဖြစ်သည်။ ပို့ဆောင်ရေးအေဂျင်စီသည်လည်း အထူးကျွမ်းကျင်မှုစာမေးပွဲအောင်မြင်စေရန် သင်တန်းများကို ပြုလုပ်ပါသည်။ နည်းပညာအလုပ်သင်အတိုင်း ယုံကြည်စိတ်ချရသော ပို့ဆောင်ရေးအေဂျင်စီကို ရွေးချယ်ပါ။
②၂။ အလုပ်ခန့်အတည်ပြုခြင်းနှင့် အလုပ်သမားစာချုပ်ချုပ်ဆိုခြင်း
စာရွက်စာတမ်းစိစစ်ခြင်းနှင့် အွန်လိုင်းမေးမြန်းစစ်ဆေးမှုအပြီး အလုပ်ခန့်အတည်ပြုစာရပါက လုပ်ငန်းနှင့်အတူ အလုပ်သမားစာချုပ်ချုပ်ဆိုပါမည်။ အလုပ်သမားစာချုပ်တွင် အလုပ်အရည်အချင်းနှင့် လစာအချက်အလက်များပါဝင်သည်ကို သေချာစွာ စစ်ဆေးပါ။ ဂျပန်နည်းဥပဒေပညာအရ လုပ်ငန်းနှင့် စာရင်းသွင်းပေးသော အထောက်အပံ့အဖွဲ့များသည် “ အစောပိုင်းလမ်းညွှန်မှု” ကို ၃ နာရီကျော်ကျော် ဆောင်ရွက်ရန်လိုအပ်သည်။ စကားပြန်လည်း အတူတူပါရှိသောကြောင့် မရှင်းလင်းသောအချက်များရှိပါက မေးမြန်းပါ။
③၃။ နေထိုင်ခွင့်အသိမှတ်ပြုအထောက်အထားလက်မှတ်လျှောက်ထားခြင်း
အနီးဆုံးနိုင်ငံခြားသားဝင်ထွက်မူစီမံရေးဦးစီးဌာန(လဝက)သို့ လျှောက်လွှာစာရင်းများ ပေးပို့ပြီး နိုင်ငံခြားသားအထောက်အထားလက်မှတ်ထုတ်ပေးခြင်းကို ရယူပါမည်။ ထုတ်ပေးရန် ၃ မှ ၄ လကြာမြင့်နိုင်ပါသည်။
④၄။ ဗီဇာလျှောက်ထားခြင်း
နိုင်ငံခြားရှိ ဂျပန်သံရုံးတွင် ဗီဇာလျှောက်ထားပါ။ ထုတ်ပေးရန် ၂ မှ ၃ ပတ်ကြာမြင့်နိုင်သည်။ ထို့အပြင် အချို့နိုင်ငံများတွင် နိုင်ငံခြားတွင် အလုပ်လုပ်ရန် ခွင့်ပြုစာရွက်များလိုအပ်ပါသည်။ ခွင့်ပြုစာလျှောက်ထားခြင်းအတွက်လည်း ပို့ဆောင်ရေးအေဂျင်စီမှ အထောက်အပံ့ပေးသည့် မှာအခြေခံပင်ဖြစ်သည်။
⑤၅။ နိုင်ငံဝင်ခြင်းနှင့် အလုပ်စတင်ခြင်း
ဂျပန်နိုင်ငံ အထိ လေယာဉ်လက်မှတ်နှင့် နေစရာအိမ်ကိုလည်း လုပ်ငန်းသို့မဟုတ် စာရင်းသွင်းပေးသော အထောက်အပံ့အဖွဲ့မှ ပြင်ဆင်ပေးလေ့ရှိသည်။ အရေးကြီးသောအချက်ဖြစ်သည့်အတွက် ကြိုတင်စစ်ဆေးခြင်းနှင့် ဆွေးနွေးခြင်းကို ပြုလုပ်ပါ။
⑥၆။ အလုပ်စတင်ပါ!
ဂျပန်နိုင်ငံသို့ဝင်ရောက်ပါက အခြေခံအားဖြင့် ပြည်ဝင်သည့်နေ့တွင် အလုပ်စတင်နိုင်ပါသည်။ သို့သော် လေ့ကျင့်မှုနှင့် နေထိုင်ခွင့် စာရင်းသွင်း မှု ကဲ့သို့ အများပြည်သူနှင့် သက်ဆိုင်သောအရာများ ပြုလုပ်ပြီးမှ စတင်နိုင် ခြင်းမျိုးလည်းရှိသည်။
သင့်နိုင်ငံမှ ဂျပန်ကုမ္ပဏီနှင့်ချိတ်ဆက်ပြီးပါက အလုပ်ခန့်အတည်ပြုပြီး ခြင်းမှသည် ဂျပန်တွင် အလုပ်စတင်ခြင်းအထိ ၄ မှ ၅ လကြာမြင့်နိုင်သည်ကို သိရှိထားပါ။
ပထမဦးစွာ မိမိအနေနှင့် ပတ်ဝန်းကျင် အသစ် နှင့် လုပ်ငန်းစည်းမျဉ်းစည်းကမ်းများကို သင်ယူရသည်မှာ အခက်အခဲဖြစ်နိုင်ပါသည်။ သို့သော် ဂျပန်နိုင်ငံ၏ ယဉ်ကျေးမှုနှင့် အလေ့အထများကို တဖြည်းဖြည်း လေ့လာပြီး အကျိုးရှိစွာ နေ့စဉ်လုပ်ငန်းများကို ပြုလုပ်နိုင်ရန် မျှော်လင့်ပါသည်။
နောက်တစ်ကြိမ်တွင် အထူးကျွမ်းကျင်မှု နှင့်ဂျပန်တွင်အလုပ်လုပ်သည့်အခါ ဂျပန်နိုင်ငံ၏ အထောက်အပံ့စနစ်အကြောင်းကို ဆက်လက် ပြောပြပါမည်။
ယခုဆောင်းပါးသည် ဂျပန်နိုင်ငံ၏နေစဥ်ဘဝတွင်အသုံးဝင်သောဗဟုသုတအချက်လက်များကိုတင်ဆက်ထားပြီးကြိုးစားနေသောသင့်အားပံ့ပိုးပေးသွားပါမည်။
ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများFormမှတစ်ဆင့်ဆက်သွယ်မေးမြန်းပေးပါ။