ယခုအကြိမ်တွင် အထူးကျွမ်းကျင်မှုရရှိရန် စာမေးပွဲအကြောင်းကို ရှင်းပြပေးပါမည်။
အထူးကျွမ်းကျင်မှုအဆင့် ၁ ဖြစ်ပါက ကျွမ်းကျင်မှုစာမေးပွဲနှင့် ဂျပန်ဘာသာစကားစမ်းသပ်မှု နှစ်ခုစလုံးအောင်မြင်ရမည်ဖြစ်သည်။ အထူးကျွမ်းကျင်မှုအဆင့် ၂ မှာ ကျွမ်းကျင်မှု့စာမေးပွဲသာ လိုအပ်ပါသည်။
■ကျွမ်းကျင်မှု စာမေးပွဲ အကြောင်း
ကျွမ်းကျင်မှု စာမေးပွဲ ၏ အကြောင်းအရာမှာ လုပ်ငန်းနယ်ပယ်အလိုက် ကွဲပြားပါသည်။ ဥပမာ ပြုစုစောင့်ရှောက်မှုနယ်ပယ်တွင် “ ပြုစုစောင့်ရှောက်မှု ကျွမ်းကျင်မှု စာမေးပွဲ” ၊ စားသောက်ဆိုင်လုပ်ငန်းနယ်ပယ်တွင် “ စားသောက်ဆိုင်လုပ်ငန်း အထူးကျွမ်းကျင်မှုစာမေးပွဲ” စသဖြင့်ဖြစ်ပါသည်။ အသီးအသီးလုပ်ငန်းတွင် လိုအပ်သော နည်းပညာနှင့် အသိပညာကို မေးသည့်အကြောင်းအရာများဖြစ်ပြီး ရေးဖြေနှင့်လက်တွေ့ဖြေဆိုမှု့စာမေးပွဲဟူ၍ကျင်းပပေးသည်။
လုပ်ငန်းများကို အဆင်ပြေပြေ လုပ်ဆောင်နိုင်လောက်သော ဂျပန်ဘာသာစကားစွမ်းရည်ကို စမ်းသပ်ပါသည်။
“ ဂျပန်ဘာသာစကားစမ်းသပ်မှုာစာမေးပွဲ (JLPT)” တွင် N4 အဆင့် အထက် (နေ့စဉ်ဖြစ်ပျက်မှုအတိုင်းအတာကို နားလည်နိုင်ပြီး ရိုးရှင်းသော စာတမ်းများကို ဖတ်နိုင်ခြင်း) ရှိရမည်ဖြစ်သည်၊ သို့မဟုတ် “ အပြည်ပြည်ဆိုင်ရာ ဖောင်ဒေးရှင်း ဂျပန်ဘာသာစကားအခြေခံစမ်းသပ်မှု (JFT-Basic)” ကို အောင်မြင်ရမည်ဖြစ်ပါသည်။ ပြုစုစောင့်ရှောက်မှုနယ်ပယ်အတွက်သာ အထက်ဖော်ပြပါ စမ်းသပ်မှုနှစ်ခု ထဲမှတစ်ခုအောင်မြင်ကာ “ ပြုစုစောင့်ရှောက်မှု ဂျပန်ဘာသာစကား စာမေးပွဲ” ကိုပါ အောင်မြင်ရမည်ဖြစ်ပါသည်။
ကျွမ်းကျင်မှု စာမေးပွဲနှင့် ဂျပန်ဘာသာစကား စာမေးပွဲတို့မှာ ဂျပန်နိုင်ငံတွင်သာမက အခြားနိုင်ငံများ၌လည်း တစ်နှစ်တွင် အကြိမ်ရေများစွာ ကျင်းပပါသည်။ အသေးစိတ်ကျသော နေ့ရက်များနှင့် လျှောက်လွှာတင်သည့် နည်းလမ်းများကို နယ်ပယ်အသီးသီးမှ စာမေးပွဲ ကျင်းပသည့်အဖွဲ့အစည်း၏ တရားဝင် WEB စာမျက်နှာများတွင် ကြည့်ရှုနိုင်ပါသည်။
စာမေးပွဲ အောင်မြင်ကာ အထူးကျွမ်းကျင်မှုရရှိသွားပါက တူညီသောနယ်ပယ်ဖြစ်လျှင် အလုပ်ပြောင်းနိုင်သည်။!
သို့သော် သက်ဆိုင်ရာနယ်ပယ်အပြင် အခြားနယ်ပယ်သို့ ပြောင်းရန်လိုပါက ထိုနယ်ပယ်၏ ကျွမ်းကျင်မှု စာမေးပွဲအား ဖြေဆိုရမည်ဖြစ်သည်။ အလုပ်ပြောင်းတိုင်းတွင် နိုင်ငံတကာ ဝင်ထွက်ရေးမှူးခွင့်စီမံခန
့်ခွဲမှု ဌာန(လဝက)တွင် နေထိုင်ခွင့်ဗီဇာပြောင်းခြင်း လုပ်ထုံးလုပ်နည်းများကို ထပ်မံ လုပ်ဆောင်ရမည်ဖြစ်သည်။
အလုပ်ပြောင်းဖို့ ပြင်ဆင်ရန်လိုအပ်သည့် အချက်အလက်များနှင့် အချိန်အတိုင်းအတာကို သေချာနားလည်ကာအစီစဥ်လုပ်ကြပါစို့။
အလုပ်ပြောင်းရာတွင် အခက်အခဲဖြစ်ပေါ်ပါက ကူညီပံ့ပိုးပေးနိုင်သော ယုံကြည်ရသော အလုပ်ပြောင်းရေဂျင့်ကို ရှာထားသင့်သည်။
နည်းပညာအလုပ်သင် မှ အထူးကျွမ်းကျင်မှုသို့ ပြောင်းရွှေ့ပါက အောက်ဖော်ပြပါ အချက်များ ပြည့်စုံထားလျှင် ကျွမ်းကျင်မှု စာမေးပွဲနှင့် ဂျပန်ဘာသာစကား စာမေးပွဲကို လွတ်မြောက်ပါသည် (※အချို့နယ်ပယ်တွင် ခြွင်းချက်များရှိသည်)။
■အထူးကျွမ်းကျင်မှု စာမေးပွဲ လွတ်မြောက်ခြင်း၏ အချက်များ
– နည်းပညာအလုပ်သင် အဆင့် ၂ သို့မဟုတ် အဆင့် ၃ ကို ကောင်းမွန်စွာ ပြီးမြောက်ထားခြင်း
– နည်းပညာအလုပ်သင်၏ အလုပ်အကိုင်များနှင့် အထူးကျွမ်းကျင်မှု၏ သက်ဆိုင်ရာနယ်ပယ်တွင် သက်ဆိုင်မှုရှိခြင်း
အထူးကျွမ်းကျင်မှုရရှိခြင်းသည် ဂျပန်နိုင်ငံတွင် ဝင်ငွေအတည်ငြိမ်ရရှိရန် ပထမဆုံးခြေလှမ်းဖြစ်သည်။ အတိအကျကျွမ်းကျင်မှုရှိပြီး ဂျပန်ဘာသာစကားကို ပြောဆိုနိုင်သော နိုင်ငံခြားသားအလုပ်သမားများကို ကြိုဆိုသော ဂျပန်ကုမ္ပဏီများစွာရှိသည်။
နောက်အကြိမ်တွင် အထူးကျွမ်းကျင်မှု ၁၆ နယ်ပယ်၏ အလုပ်အကြောင်းအရာများကို ဖော်ပြပေးပါမည်။
ဤဆောင်းပါးသည် ဂျပန်နိုင်ငံတွင် နေထိုင်မှုအတွက် အသုံးဝင်သော အသိပညာနှင့် အချက်အလက်များကို ပေးကာ ကြိုးစားအားထုတ်နေသော သင့်အား ပံ့ပိုးပေးခြင်းဖြစ်သည်။
ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများFormမှတစ်ဆင့်ဆက်သွယ်မေးမြန်းပေးပါ။