“ ဂျပန်တွင် အလုပ်လုပ်လိုသည်။ ဒါပေမယ့် နည်းပညာအလုပ်သင်နှင့် အထူးကျွမ်းကျင်မှုတို့၏ ကွာခြားချက်ကို နားမလည်သောသူများ အများကြီး ရှိနေနိုင်ပါသည်။”
ထို့ကြောင့် နည်းပညာအလုပ်သင်နှင့် အထူးကျွမ်းကျင်မှုကို စနစ်ရည်ရွယ်ချက်၊ နေထိုင်ချိန်ကာလ၊ လိုအပ်သောကျွမ်းကျင်မှု၊ စာမေးပွဲ၊ အလုပ်လုပ်ခြင်း၏ အကြောင်းအရာများနှင့် လစာအခြေအနေများ စသဖြင့် ၆ ခုမှတစ်ဆင့် နှိုင်းယှဉ်ကြည့်ပါမည်။
၁.စနစ်ရည်ရွယ်ချက်
– နည်းပညာအလုပ်သင်: ဂျပန်တွင် နည်းပညာနှင့် အသိပညာများ သင်ယူ၍ မိမိ၏နိုင်ငံအတွက် အထောက်ကူပြုရန််စနစ်
– အထူးကျွမ်းကျင်မှု: နိုင်ငံခြားသားများကို ဂျပန်သို့ခေါ်ယူကာ လုပ်သားမလုံလောက်မှု့အားဖြည့်စွက်ရန်
၂.နေထိုင်ချိန်ကာလ*
– နည်းပညာအလုပ်သင်း: အလုပ်သ်အဆင့် ၁သည် ၁ နှစ်၊ အဆင့် ၂သည် ၂ နှစ်၊ အဆင့် ၃ သည်၂ နှစ် (စုစုပေါင်း အများဆုံး ၅ နှစ်)
– အထူးကျွမ်းကျင်မှု: အထူးကျွမ်းကျင်မှု အဆင့် ၁ အများဆုံး ၅ နှစ်၊ အဆင့် ၂ အတွက် နေထိုင်ခွင့် သက်တမ်းတိုးကာလ အကန့်အသတ် မရှိ။
၃.လိုအပ်သောကျွမ်းကျင်မှု
– နည်းပညာအလုပ်သင်: မရှိ (ပြုစုစောင့်ရှောက်မှု အတွက်သာ N4 အဆင့် ဂျပန်ဘာသာစကားစွမ်းရည်)
– အထူးကျွမ်းကျင်မှု: ကျွမ်းကျင်မှု စာမေးပွဲအောင်မြင်နိုင်သောာ လုပ်ငန်းကျွမ်းကျင်မှု၊ N4 အဆင့် ဂျပန်ဘာသာစကားစွမ်းရည်
၄.နေထိုင်ခွင့် ရရှိရန် စာမေးပွဲ
– နည်းပညာအလုပ်သင်: မရှိ
– အထူးကျွမ်းကျင်မှု: ရှိ (ကျွမ်းကျင်မှုစာမေးပွဲ၊ ဂျပန်ဘာသာစကားစာမေးပွဲ)
၅.လုပ်ငန်းအကြောင်းအရာ
– နည်းပညာအလုပ်သင်: သတ်မှတ်အလုပ်အကိုင်နယ်ပယ်တွင်သာလုပ်ဆောင်ခြင်း (အလုပ်အကိုင်အမျိုးအစာပေါင်း ၉၀ ၊ လုပ်ငန်းနယ်ပယ်ပေါင်း ၁၆၅ )
– အထူးကျွမ်းကျင်မှု: အကျုံးဝင်သော နယ်ပယ်တွင် လုပ်ငန်းဆောင်တာများ ကျယ်ပြန့်စွာ လုပ်ဆောင်ခြင်း (အထူးကျွမ်းကျင်မှု အဆင့် ၁ အတွက် ၁၆ နယ်
ပယ်၊ အဆင့် ၂ အတွက် ၁၁ နယ်ပယ်၊ ၂၀၂၄ ခုနှစ် ဇွန်လအချိန်တွင်)
၆.လစာအခြေအနေ
– နည်းပညာအလုပ်သင်: ဂျပန်နိုင်ငံ၏ အနည်းဆုံးလစာအထက်ရသည်။
– အထူးကျွမ်းကျင်မှု: လုပ်ငန်းကျွမ်းကျင်မှုနှင့် အတွေ့အကြုံအပေါ် မူတည်၍ ဂျပန်လူမျိုးအလုပ်သမားနှင့် ညီမျှသော လစာ။
နည်းပညာအလုပ်သင် တွင် အထူးကျွမ်းကျင်မှုကဲ့သို့ စာမေးပွဲမရှိသည့်အတွက် ကျွမ်းကျင်မှုနှင့် ဂျပန်ဘာသာစကားစွမ်းရည်အပေါ် ယုံကြည်မှု့မရှိ သူများအတွက် အမြန်ဆုံး ဂျပန်သို့ သွားနိုင်သော အခွင့်အလမ်းဖြစ်ပါသည်။
တစ်ဖက်မှာတေ့ အထူးကျွမ်းကျင်မှုအတွက် အလုပ်လုပ်ရန်အဆင်သင့်အနေထားဖြစ်သည့် လုပ်အား လိုအပ်ပါသည်။ နည်းပညာအလုပ်သင် ကာလအတွင်း ကျွမ်းကျင်မှုနှင့် ဂျပန်ဘာသာစကားစွမ်းရည် တိုးတက်လာကာ အထူးကျွမ်းကျင်မှုသို့ ပြောင်းရွှေ့သူများစွာ ရှိပါသည်။ ထို့ကြောင့် အထူးကျွမ်းကျင်မှုတွင် အနည်းငယ် မြင့်မားသော ဝင်ငွေကို မျှော်လင့်ရနိုင်ပါသည်။
ဂျပန်တွင် ရေရှည်နေထိုင်ရန် စီစဉ်နေသူများအတွက် နည်းပညာအလုပ်သင် မှ စတင်ရန် အကြံပြုပါသည်။
“ အထူးကျွမ်းကျင်မှု နယ်ပယ်များတွင် လုပ်ငန်းအတွေ့အကြုံရှိသောသူ” ၊ “ အထူးကျွမ်းကျင်မှု စာမေးပွဲအောင်မြင်မည်ဟု ယုံကြည်သောသူ” များသည် အထူးကျွမ်းကျင်မှုကို ရည်မှန်းပါ။
တဖန် နည်းပညာအလုပ်သင်စနစ် အားစနစ်သစ်သို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ထားသော်လည်း ယခုအချိန်ထိ နည်းပညာအလုပ်သင်များအားလက်ခံနေဆဲဖြစ်ပါသည်။
နည်းပညာ စနစ်ကို အစားထိုးမည့် အသစ်စနစ် “ လုပ်အားပျိုးထောင်မှု့စနစ်” ကို အခြားဆောင်းပါးတွင် မိတ်ဆက်မည်ဖြစ်ပါသည်။
ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများFormမှတစ်ဆင့်ဆက်သွယ်မေးမြန်းပေးပါ။