မိသားစုနှင့်အတူ ဂျပန်တွင် အမြဲတမ်း နေထိုင်နိုင်မလား? အထူးကျွမ်းကျင်မှု အဆင့် ၁ နှင့် ၂ ၏ ကွာခြားချက် ဘာလဲ?   

Tokuteiginou တိုခုတေးဂိနိုး

ဂျပန်တွင် ပြည်တွင်း အလုပ်သမား ချို့တဲ့မှုကို ဖြည့်စွက်ရန် နိုင်ငံခြားသား အလုပ်သမားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ တိုးလာပါသည်။ 

အထူးသဖြင့် “ အထူးကျွမ်းကျင်မှု” နိုင်ငံဝင်ခွင့်ဖြင့် အလုပ်လုပ်သောသူများကို ကုမ္ပဏီများက တက်ကြွစွာ လက်ခံထားကြသည်။ 

အထူးကျွမ်းကျင်မှုသည် ဂျပန်နိုင်ငံ၏ မူပိုင် နိုင်ငံဝင်ခွင့်တစ်ခုဖြစ်ပြီး အထူးလုပ်ငန်းခွင် ဆိုင်ရာ ကျွမ်းကျင်မှုနှင့် ဂျပန်ဘာသာစကား စွမ်းရည်ကို သက်မှတ်သည်။ “ အထူးကျွမ်းကျင်မှုအဆင့် ၁” နှင့် “ အထူးကျွမ်းကျင်မှုအဆင့် ၂” ဟူ၍ နှစ်မျိုးရှိပါသည်။ 

အထူးကျွမ်းကျင်မှုအဆင့် ၁ နှင့် အဆင့် ၂ ၏ ကွာခြားချက်ကို လွယ်ကူစွာရှင်းပြပါမည်။ 

ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများဆွေးနွေးတိုင်ပင်နိုင်သည်။

အထူးကျွမ်းကျင်မှုအဆင့် ၁

အထူးကျွမ်းကျင်မှုအဆင့် ၁ ဖြင့် သင်သည် ၁၆ နယ်ပယ် (ပြုစုစောင့်ရှောက်မှု၊ အဆောက်အဦးသန့်ရှင်းရေး၊ စက်မှုကုန်ပစ္စည်းထုတ်လုပ်ခြင်း၊ ဆောက်လုပ်ရေး၊ သင်္ဘောပြုပြင်ထုတ်လုပ်ခြင်းနှင့် ရေကြောင်းလုပ်ငန်း၊ ကားပြုပြင်ထိန်းသိမ်းခြင်း၊ လေကြောင်း၊ ဟိုတယ်၊ စိုက်ပျိုးရေး၊ ငါးဖမ်းလုပ်ငန်း၊ အစားအသောက်နှင့် အဖျော်ယမကာထုတ်လုပ်ခြင်း၊ စားသောက်ဆိုင်လုပ်ငန်း၊ ကားသယ်ယူပို့ဆောင်ခြင်း၊ မီးရထား၊ သစ်တောလုပ်ငန်း၊ သစ်လုပ်ငန်း၊ ၂၀၂၄ ခုနှစ် ဇွန်လတွင် သတ်မှတ်ထားသည့်) တို့တွင် ဂျပန်လူမျိုးနှင့် တန်းတူ လစာနှင့် သက်ဆိုင်ရာ စနစ်များဖြင့် အလုပ်လုပ်နိုင်ပါသည်။ တစ်နယ်ပယ်တွင် အလုပ်ပြောင်းနိုင်ပြီး အများဆုံး ၅နှစ် နေထိုင်ခွင့် ရရှိပါသည်။ 

အထူးကျွမ်းကျင်မှု အဆင့် ၁ ကို ရယူရန် အတွက် သက်ဆိုင်ရာနယ်ပယ်၏ ကျွမ်းကျင်မှု စာမေးပွဲနှင့် ဂျပန်ဘာသာစကား စွမ်းရည်စမ်းသပ်မှုတွင် N4 အဆင့် (သို့မဟုတ်) အထက်တွင် အောင်မြင်ရမည်ဖြစ်သည်။ စာမေးပွဲ၏ ခက်ခဲမှု့သည် နယ်ပယ်အလိုက် ကွာခြားပါသည်။ သင့် ဆန္ဒ၊ စွမ်းရည်တို့၏ ကိုက်ညီမှုအရ ရွေးချယ်ရမည်ဖြစ်သည်။ 

အထူးကျွမ်းကျင်မှုအဆင့် ၂

အထူးကျွမ်းကျင်မှု အဆင့် ၁ ၏ နယ်ပယ်များမှ ပြုစုစောင့်ရှောက်မှုကို ဖြုတ်ထားသော 

 ၁၁ နယ်ပယ်တွင် သက်ဆိုင်ပါသည် (၂၀၂၄ ခုနှစ် ဇွန်လတွင် သတ်မှတ်ထားသည့်အတိုင်း)။ အထူးကျွမ်းကျင်မှုအဆင့် ၁ နှင့် ကွာခြားမှုမှာ နေထိုင်ခွင့် သက်တမ်းတိုးခွင့် အကြိမ်ရေတွင် ကန့်သတ်ချက်မရှိပါ။ အိမ်ထောင်ဖက် သို့မဟုတ် သားသမီးများကို လည်း ခေါ် ဆိုနိုင်ပါသည်။ 

အထူးကျွမ်းကျင်မှု အဆင့် ၁ ထက် မြင့်မားသော စွမ်းရည်နှင့် လုပ်ငန်းအတွေ့အကြုံများ ရှိပြီး ယခင်ကျွမ်းကျင်မှု စာမေးပွဲများ အောင်မြင်ပါက ရယူနိုင်ပါသည်။ ဂျပန်ဘာသာစကား စမ်းသပ်မှု မရှိသော်လည်း နယ်ပယ်အလိုက် N3၊ N2 အဆင့်မရှိပါကစာမေးပွဲအောင်မြင်ရန်ခက်ခဲသည်များလည်းရှိသည်။  အဆင့် ၁ နှင့် တူညီသောကြောင့် ကြိုတင်အတည်ပြုစစ်ဆေးခြင်းမှာ အလွန် အရေးကြီးပါသည်။ 

၂၀၂၄ ခုနှစ်အချိန်တွင် အထူးကျွမ်းကျင်မှု အဆင့် ၁ ကို ရရှိထားသော နိုင်ငံခြား အလုပ်သမားမှာ ၂၀ သန်းကျော် ရှိပါသည်။ 

ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မြန်မာစသဖြင့် နိုင်ငံခြားသားလူ့အရင်းမြစ်များသည် ဂျပန်၏နေထိုင်မှု့ဘဝ အား‌ ပျော် ရွှင်စွာဖြတ်သန်းရင်းတက်ကြွစွာအလုပ်လုပ်နေကြသည်။ 

အထူးကျွမ်းကျင်မှု အဆင့် ၂ ကို ရရှိထားသူများသည် အရေအတွက်အားဖြင့်မများသေးသော်လည်း ယခုအချိန်မှစ၍ အဆင့် ၁ မှ အဆင့် ၂ သို့ တိုးတက်ကာ မိသားစုနှင့်အတူ ဂျပန်တွင် နေထိုင်သူများ ပိုမိုများပြားလာမည်ဖြစ်သည်။ 

နောက်တစ်ကြိမ်တွင် အမှားများလေ့ရှိသော ကျွမ်းကျင်မှု သင်တန်းနှင့် အထူးကျွမ်းကျင်မှု တို့၏ ကွာခြားချက်ကို ရှင်းလင်းမည်ဖြစ်သည်။ 

ယခုဆောင်းပါးသည် ဂျပန်နိုင်ငံ၏နေစဥ်ဘဝတွင်အသုံးဝင်သောဗဟုသုတအချက်လက်များကိုတင်ဆက်ထားပြီးကြိုးစားနေသောသင့်အားပံ့ပိုးပေးသွားပါမည်။ 

ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများFormမှတစ်ဆင့်ဆက်သွယ်မေးမြန်းပေးပါ။

စုံစမ်းရေးဖောင်