“ နိုင်ငံခြားမှာ အလုပ်လုပ်ပြီး ခိုင်မာစွာ ဝင်ငွေရှာချင်တယ်” ဆိုတဲ့ သင်အတွက် ဂျပန်နိုင်ငံ၏ နိုင်ငံဝင်ခွင့် အသစ် “ အထူးကျွမ်းကျင်မှု” ကို သိပါသလား?
အထူးကျွမ်းကျင်မှုသည် ဂျပန်နိုင်ငံတွင် ၂၀၁၉ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ပါသည်။ အထူးကျွမ်းကျင်မှုဖြင့် သင်သည် ပြုစုစောင့်ရှောက်မှု၊ ကုန်ထုတ်လုပ်မှု၊ အစားအသောက်လုပ်ငန်း စသည့် အမျိုးမျိုးသော နယ်ပယ်များတွင် အလုပ်လုပ်နိုင်ပြီး နေထိုင်ခွင့် အချိန်ကာလမှာ အများဆုံး ၅နှစ် ဖြစ်သည် (အထူးကျွမ်းကျင်မှုအဆင့် ၁ဖြစ်ပါက)။
တူညီသောနယ်ပယ်ဖြစ်ပါက အလုပ်ပြောင်းနိုင်သောကြောင့် အလုပ်လုပ်ဖို့ အခွင့်အလမ်းများ ပိုမို ကျယ်ပြန့်လာပါသည်။ ဂျပန်လူမျိုးများနှင့် တန်းတူ လစာကို ချထားသော စနစ်ဖြစ်သည်။ နှစ်သက်ရာ အလုပ်တွင် ကြာရှည်နေထိုင်ပြီး လစာပေါ်မူတည်၍ တည်ငြိမ်သော ဝင်ငွေ ရရှိရန် လွယ်ကူလာပါသည်။
အထူးကျွမ်းကျင်မှုဖြင့် အလုပ်လုပ်နိုင်သော နယ်ပယ်များမှာ ယခင်က ၁၂ နယ်ပယ်ဖြစ်ခဲ့သော်လည်း ယခု ၁၆ နယ်ပယ်အထိ တိုးချဲ့ထားပါသည်။
အထူးကျွမ်းကျင်မှု (အဆင့် ၁)၏ နယ်ပယ်များ (၂၀၂၄ ခုနှစ် ဇွန်လတွင် သတ်မှတ်ထားသည့်)
1. ပြုစုစောင့်ရှောက်မှု
2. အဆောက်အဦးသန့်ရှင်းရေး
3. စက်မှုကုန်ပစ္စည်းထုတ်လုပ်ခြင်း
4. ဆောက်လုပ်ရေး
5. သင်္ဘောပြုပြင်ထုတ်လုပ်ခြင်းနှင့် ရေကြောင်းလုပ်ငန်း
6. ကားပြုပြင်ထိန်းသိမ်းခြင်း
7. လေကြောင်း
8. ဟိုတယ်
9. စိုက်ပျိုးရေး
10. ငါးဖမ်းလုပ်ငန်း
11. အစားအသောက်နှင့် အဖျော်ယမကာထုတ်လုပ်ခြင်း
12. စားသောက်ဆိုင်လုပ်ငန်း
13. ကားသယ်ယူပို့ဆောင်ခြင်း
14. မီးရထား
15. သစ်တောလုပ်ငန်း
16. သစ်လုပ်ငန်း
၁၆နယ်ပယ်အနက် တစ်ခုခုတွင် အလုပ်လုပ်လိုပြီး ဂျပန်ဘာသာစကား စွမ်းရည်ကို ယုံကြည်ကြောင်းပြပါက “ အထူးကျွမ်းကျင်မှု” အသိမှတ်ပြုလတ်မှတ်အားရရှိရန်ရည်ရွယ်ကာစာမေးပွဲဖြေဆိုသင့်ပါသည်။
သင့်နိုင်ငံတွင် အထူးကျွမ်းကျင်မှု စာမေးပွဲအားဖြေဆို၍မရပါက ကာလတိုဗီဇာဖြင့် ဂျပန်ကို ရောက်ရှိလာပြီး စာမေးပွဲဖြေဆိုနိုင်ပါသည်။
လက်ရှိ ဂျပန်တွင် ကျွမ်းကျင်မှုသင်တန်းသား အဖြစ် နေထိုင်သောသူများသည် လိုအပ်ချက်များ ပြည့်မီပါက အထူးကျွမ်းကျင်မှုသို့ ပြောင်းလဲနိုင်သည်။ နိုင်ငံပြန်ခြင်း မလိုဘဲ ဂျပန်တွင် ဆက်လက် အလုပ်လုပ်နိုင်သည်။
အထူးကျွမ်းကျင်မှုကို မိတ်ဆက်ခဲ့သည့် နောက်ကွယ်မှာ ဂျပန်၏ အလုပ်သမားမလုံလောက်ခြင်း ခက်ခဲနေ့ ရှိသည်။ နိုင်ငံခြားသားများကို “ ဂျပန်တွင် အလုပ်လုပ်ချင်ပါတယ်” ဟု တွေးရလောက်အောင် လစာနှင့် သက်ဆိုင်ရာ စနစ်များကို တိုးတက်လာစေခြင်း ဖြစ်သည်။
ဂျပန်တွင် အလုပ်လုပ်လိုပြီး လစာမြင့်နှင့်အသက်မွေးဝမ်းကြောင်းတိုးတက်မှု့ကို ရှာဖွေလိုပါက အထူးကျွမ်းကျင်မှုမှာ ကြီးမားသော အခွင့်အလမ်း ဖြစ်သည်။
ယခုဆောင်းပါးသည် ဂျပန်နိုင်ငံ၏နေစဥ်ဘဝတွင်အသုံးဝင်သောဗဟုသုတအချက်လက်များကိုတင်ဆက်ထားပြီးကြိုးစားနေသောသင့်အားပံ့ပိုးပေးသွားပါမည်။
နောက်တစ်ကြိမ်တွင် အထူးကျွမ်းကျင်မှုလုပ်ငန်းအမျိုးအစားများ၊စာမေးပွဲများနှင့်ပတ်သတ်၍ မျှဝေပေးပါမည်။စောင့်မျှော်ကြည့်ရှု့ပေးပါ။
ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများFormမှတစ်ဆင့်ဆက်သွယ်မေးမြန်းပေးပါ။