ဂျပန်မှာအိမ်ငှားချင်ပါကမည့်သည့်စာရွက်စာတမ်းများလိုအပ်ပါသလဲ။ ဂျပန်မှာသာလျှင်သီးသန့်ရှိသည့်” ပူးတွဲအာမခံသူ” စနစ်ကိုပါရှင်းပြပါမည်။

ဂျပန်တွင်နေထိုင်ခြင်း

ယခုတစ်ကြိမ်တွင် ဂျပန်တွင်အိမ်ငှားချင်သည့်အခါ လိုအပ်သည့်စာရွက်စာတမ်းများနှင့်၊ ဂျပန်တွင်သာရှိ သည့်” ပူးတွဲအာမခံသူ” စနစ်ကို မိတ်ဆက်ပေးပါမည်။

ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများဆွေးနွေးတိုင်ပင်နိုင်သည်။

■လိုအပ်သည့်စာရွက်စာတမ်းများ
စာချုပ်ချုပ်ဖို့အတွက် အောက်ဖော်ပြပါစာရွက်စာတမ်းများကို တင်ပြဖို့လိုပါသည်။

・နေထိုင်ခွင့်ဇိုင်းယူးကဒ် / ပတ်စ်ပို့ – ကိုယ်ရေးကိုယ်တာအချက်လက်အတည်ပြုရန်ဖြစ်သည်။ အထူးသဖြင့် နေထိုင်ခွင့်ဇိုင်းယူးကဒ်  သက်တမ်းကို သတိပြုပါ။

・ဝင်ငွေအထောက်အထားစာရွက် – အိမ်လခပေးချေနိုင်မှုရှိမရှိ၊အထောက်ထားပြရန်အတွက်စာရွက်ဖြစ်သည်။လစာစလစ်စာရွက်နှင့်တစ်နှစ်ဝင်ငွေစာရွက်၊ ဘဏ်လက်ကျန်ငွေစာရွက်များကိုအသုံးပြုနိုင်သည်။

・အလုပ်အထောက်ထားစာရွက် – လုပ်ငန်းခွင်တွင် အလုပ်လုပ်နေခြင်းကို အတည်ပြုနိုင်သည့်စာရွက်ဖြစ်ပါသည်။ လုပ်ငန်းခွင်က ထုတ်ပေးပါလိမ့်မည်။

・အလုပ်လုပ်ခွင့်အထောက်အထား – ဂျပန်နိုင်ငံမှာ အလုပ်လုပ်ခွင့်ရှိကြောင်းပြသသည့်စာရွက်ဖြစ်ပါသည်။ ဂျပန်လဝကမှထုတ်ယူနိုင်သည်။

အထက်ဖော်ပြပါစာရွက်စာတမ်းတွေကို အိမ်ခြံမြေအေးဂျင့် (အိမ်ငှားပွဲစား) ဆီကို တင်ပြပြီး စစ်ဆေးမှု အောင်မြင်ပါက စာချုပ်ချုပ်နိုင်ပါပြီ။ စစ်ဆေးမှုအတွက် ၃ ရက်မှ ၁၀ ရက်ခန့် ကြာနိုင်ပါသည်။

■ပူးတွဲအာမခံသူဆိုသည်မှာ?
အကယ်၍ အိမ်ငှားခမပေးနိုင်တော့သည့်အခါ အစားထိုးပေးဖို့ တာဝန်ယူမယ့်သူဖြစ်ပါသည်။ အခြေခံအားဖြင့် မိသားစုဝင်တစ်ဦးသို့မဟုတ် ယုံကြည်စိတ်ချရသူတစ်ဦးကိုအကူညီတောင်းလေ့ရှိကြသည်။

ပူးတွဲအာမခံသူမရှိသည့်အခါ

 “အာမခံကုမ္ပဏီ” ကိုအသုံးပြုနိုင်ပါသည်။ ကုန်ကျစရိတ်သည် စာချုပ်ချုပ်သည့် အိမ်ငှားငွေ၏ ၅၀% မှ ၁၀၀% လောက်ရှိပြီး၊ သက်တမ်းတိုးခမှာ၁ နှစ် ~ ၂ နှစ်လျှင် တစ်ကြိမ် ၁ သောင်းယန်းရှိသည်။ အာမခံသူမလိုသည့်အတွက် နိုင်ငံခြားသားများ အသုံးများသည်။

ဂျပန်တွင် အိမ်ငှားစာချုပ်ချုပ်ရန်မှာ စာရွက်စာတမ်းအများကြီးလိုအပ်ခြင်းနှင့်အတူ အာမခံသူစနစ်ကြောင့် အတားအဆီးတစ်ခုလိုမျိုး ခံစားရတတ်ပါသည်။ သေချာပြင်ဆင်ပြီးလုပ်ပါကအဆင်ပြေချောမွေ့စွာစာချုပ်ချုပ်ဆိုနိုင်ပါလိမ့်မည်။အလောတကြီးမလုပ်ပဲ၊အိမ်ခြံမြေပွဲစားနှင့်သေချာတိုင်ပင်ပြီးပြုလုပ်ကြည့်ပါ။

ယခုဆောင်းပါးသည် ဂျပန်နိုင်ငံ၏ နေထိုင်မှုအတွက် အသုံးဝင်သည့်အချက်အလက်များ၊ အသိပညာများကို မျှဝေပေးဖို့ ရည်ရွယ်ပါသည်။ကြိုးစားနေသောသင့်အတွက်အထောက်အကူဖြစ်ဖို့မျှော်လင့်ပါသည်။

ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများFormမှတစ်ဆင့်ဆက်သွယ်မေးမြန်းပေးပါ။

စုံစမ်းရေးဖောင်