ဂျပန်မှာ အိမ်ငှားဖို့ဆိုရင် “နေရပ်လိပ်စာ၊ ဖုန်းနံပါတ်၊ ဘဏ်အကောင့်” တို့ မဖြစ်မနေလိုအပ်ပါသည်။သို့သော်လည်းဂျပန်ကိုစရောက်ခါဖြစ်သောကြောင့် ဒီအရာတွေ မရှိသေးဘူးဆိုတဲ့ ပြဿနာနဲ့ ရင်ဆိုင်ရတတ်ပါသည်။ ယခုတစ်ခေါက်တွင်အိမ်ငှားစာချုပ်အတွက် လိုအပ်သည့်အရာများကို စနစ်တကျ ပြင်ဆင်နိုင်ဖို့ နည်းလမ်းကို မျှဝေပါမည်။
■ဦးစွာ နေရပ်မှတ်ပုံတင်လုပ်ပါ
ခေတ္တယာယီနေထိုင်မှုအနေဖြင့်၊လုပ်ထုံးလုပ်နည်းလွယ်ကူသော(マンスリーマンション)ဟုခေါ်ဆိုသည့်ယာယီအချိန်တိုကာလနေထိုင်လို့ရသည်တို့ကိုစီစဥ်ပြုလုပ်ပါ။ထို့နောက်၊ပတ်တစ်ပို့နှင့်ဇိုင်းယူးကတ် (在留カード)ကိုယူပြီး မြို့နယ်ရုံး(市区町村役所)တွင် လိပ်စာ၊ စာရင်းသွင်းရမည်ဖြစ်သည်။ (ဂျပန်ရောက်ပြီး၁၄ရက်အတွင်းစာရင်းသွင်းရန်လိုအပ်ပါသည်။)၄င်းအတိုင်းပြုလုပ်ပါကဂျပန်လိပ်စာကိုရယူနိုင်မည်ဖြစ်သည်။ဟိုတယ်နှင့်(ウイークリーマンション)လို့ခေါ်သည့်တိုက်ခန်းများသည့်လိပ်စာစာရင်းပေးသွင်းလို့မရသောကြောင့်ထိုအချက်ကိုသတိပြုပါ။
■ဖုန်းနံပါတ် ရဖို့ SIM ကဒ် ဝယ်ယူပါ
နောက်တစ်ဆင့်အတွက်က “ဖုန်းနံပါတ်” ဖြစ်ပါတယ်။ ဂျပန်ရဲ့ အိမ်သုံးအီလက်ထရောနစ်ပစ္စည်းဆိုင်ကြီးများတွင် နိုင်ငံခြားသားများအတွက် အလွယ်တကူ ဝယ်ယူနိုင်သည့် Prepaidပုံစံနှင့် SIM ကဒ်များရရှိနိုင်ပါသည်။
■ဘဏ်အကောင့်ဖွင့်ခြင်း
ဂျပန်မှာအိမ်ငှားခ ကို ဘဏ်မှတဆင့်ငွေလွှဲဖြစ်တာများပါတယ်။ နေရပ်မှတ်ပုံတင်ပြီး ဖုန်းနံပါတ်ရသွားတာနဲ့ အတူတူ ဘဏ်အကောင့်ဖွင့်ဖို့ လွယ်ကူလာပါလိမ့်မည်။
လစာလက်ခံရရှိရန် မရှိမဖြစ်လိုအပ်ပါသည်။ နိုင်ငံခြားများအတွက်ဂျပန်တွင်ဘဏ်အကောင့်ကို ဘယ်လိုဖွင့်ရမလဲ?
ထိုအချက်များရှိခြင်းဖြင့် အိမ်ငှားချင်တဲ့သူအတွက် ပြင်ဆင်မှုများ ပြည့်စုံပြီဟုဆိုနိုင်သည်။
ထို့အပြင် အိမ်အမျိုးအစားအလိုက် “အင်ကန် (印鑑) inkanဟုခေါ်သည့်တံဆိပ်တုံး” လိုအပ်နိုင်ပါသည်။ ဂျပန်မှာစာချုပ်ဆိုတာတွေအတွက် inkan သည် မရှိမဖြစ်လိုအပ်တာမို့ အချိန်ရှိနေတုန်း inkan လုပ်ထားခြင်းသည်စိတ်ချရပါသည်။ inkan ကို နီးစပ်ရာ inkan အရောင်းဆိုင်တွေမှာလည်း ရနိုင်သလို အွန်လိုင်းမှ မှာယူလို့လည်းရပါသည်။
သတိထားရမှာကတော့ “Shachihata” (stampပါသည့် inkan) ဆိုတာကိုတော့ တရားဝင်စာချုပ်တွေမှာ အသုံးမပြုနိုင်ပါ။
အဆင်ပြေချောမွေ့စွာစာချုပ်ချုပ်ဆိုပြီးပါက မြို့နယ်ရုံး၊ ဘဏ်၊ ဖုန်းကုမ္ပဏီကို “လိပ်စာပြောင်းခြင်း” ပြုလုပ်ဖို့ မမေ့ပါနှင့်။ ယာယီနေတဲ့လိပ်စာအတိုင်းမပြောင်းလဲပဲနေမိပါကပြစ်ဒဏ်ပေးခြင်း၊နေထိုင်ခွင့်ဗီဇာဖျက်သိမ်းခြင်းများရှိနိုင်သည်မို့သတိပြုဖို့လိုပါသည်။
ယခုဆောင်းပါးသည် ဂျပန်နိုင်ငံ၏ နေထိုင်မှုအတွက် အသုံးဝင်သည့်အချက်အလက်များ၊ အသိပညာများကို မျှဝေပေးဖို့ ရည်ရွယ်ပါသည်။ကြိုးစားနေသောသင့်အတွက်အထောက်အကူဖြစ်ဖို့မျှော်လင့်ပါသည်။
ဂျပန်မှာအလုပ်အကိုင် ရှာဖွေနေသူများအတွက် ဆက်သွယ်ရန်ဖောင်မှတဆင့် မေးမြန်းနိုင်ပါတယ်။

