ဂျပန်နိုင်ငံ၏အိမ်ငှားခစျေးကွက်သည်မည်မျှရှိသနည်း?ကနဦးကုန်ကျစရိတ်အကြောင်း အသေးစိတ်ရှင်းပြခြင်း!

ဂျပန်တွင်နေထိုင်ခြင်း

ဂျပန်မှာအိမ်ငှားသည့်အခါ၊တစ်လစာငှားရမ်းခသာလျှင်မဟုတ်ဘဲပထမဆုံးအကြိမ်ကုန်ကျစရိတ်ကိုလည်းအတည်ပြုဖို့လိုအပ်ပါသည်။

ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများဆွေးနွေးတိုင်ပင်နိုင်သည်။

■အိမ်ငှားခစျေးကွက်
အိမ်ငှားခစျေးနှုန်းသည်နေရာဒေသနှင့်အိမ်အခြေအနေပေါ်မူတည်ပြီး ကွဲပြားပါသည်။ မြို့လယ်ခေါင်နေရာရှိ one-room (1R) အိမ်လခတစ်လစာသည် ¥100,000 ကျော်နိုင်ပါသည်။ နယ်မြို့ဆိုပါက¥30,000 မှ ¥50,000 အတွင်းဖြစ်တတ်ပါသည်။ သို့သော် ဈေးသက်သာသည့်အိမ်သည်အဆင်မပြေသည့်နေရာများတွင်ရှိတတ်ပြီး၊နေထိုင်သွားလာရေးစရိတ်ထပ်ကုန်ကျနိုင်သည့်အတွက် အိမ်ငှားခသာမကကုန်ကျစရိတ်စုစုပေါင်းကိုစဥ်းစားဖို့အရေးကြီးပါသည်။

ယေဘုယျအားဖြင့် အိမ်ငှားခသည် ဝင်ငွေ၏ 30%ဖြစ်မှသာသင့်လျှော်သည့်ပျှမ်းမျှခန့်မှန်းခြေဖြစ်ပြီး၊ ဥပမာ လစာ ¥200,000 ဝင်ငွေရှိသည်ဆိုပါက အိမ်ငှားခကို ¥60,000 အောက်ဖြစ်အောင်ထားရပါမယ်။ တစ်ဦးတည်းနေထိုင်သည့်သူများအတွက် အိမ်ငှားခအနေဖြင့် တစ်လလျှင် ¥53,000 လောက်ဖြစ်ပါသည်။

■အထွေထွေစရိတ်Kyoekihi / စီမံခန့်ခွဲကြေး Kanrihi
အိမ်ငှားခအပြင် အထွေထွေစရိတ် (kyouekihi) နှင့် စီမံခန့်ခွဲကြေး (kanrihi) ကိုလည်း လစဥ်ပေးဆောင်ရသည့်အိမ်တွေရှိပါသည်။ တခါတရံမှာ အိမ်ငှားခသက်သာသော်လည်းအခြားကုန်ကျစရိတ်ဖြစ်သည့် (kyouekihi・kanrihi) များစျေးကြီးတက်သည့်အတွက် သတိထားဖို့လိုပါသည်။

■စာချုပ်ချုပ်ဆိုချိန်ကုန်ကျစရိတ်
အိမ်စဝင်မည့်အချိန်တွင်ပုံမှန်အားဖြင့်အိမ်လခ ၄ လ ~ ၆ လစာဖြစ်သည့်( ဥပမာ-တစ်လငှားရမ်းခ ¥60,000 )ဖြစ်ပါက ကနဦးကုန်ကျစရိတ်အဖြစ် ¥240,000 ~ ¥360,000ခန့်ကုန်ကျနိုင်ပါသည်။ အသေးစိတ်ခွဲခြမ်းစိတ်ဖြာကြည့်ပါက –

・shikikin အိမ်စပေါ်:အိမ်ခန်းအတွင်း ပစ္စည်းပျက်စီးမှုပြုပြင်ဖို့အတွက် ကြိုတင်ယူသည့်ငွေ ဖြစ်ပါသည်။ ပုံမှန်တစ်လငှားခနဲ့ တူညီပါသည်။ အခန်းပြန်အပ်သည့်အခါ ပြုပြင်ရန်ကုန်ကျစရိတ်ကိုတွက်ချက်ပြီး ကျန်ငွေကို ပြန်လည်လက်ခံရရှိပါမည်။ အကယ်၍အခန်းအတွင်းကြီးကြီးမားမားပျက်စီးခဲ့ပါက ပြန်မရနိုင်သည့်အပြင်၊ထပ်မံပေးရတာမျိုးရှိနိုင်ပါသည်။

・reikinကျေးဇူးတင်ကြေး:အိမ်ရှင်ကို ကျေးဇူးတင်သည့်အနေဖြင့်ပေးရသည့်ငွေဖြစ်ပြီး ပုံမှန်အားဖြင့်တစ်လမှ နှစ်လအထိရှိပါသည်။ လတ်တလောတွင်reikinမလိုအပ်တဲ့အိမ်များတိုးလာပါသည်။

・Chukai tesuuryou အိမ်ပွဲစားခ:အိမ်ခြံမြေကုမ္ပဏီကို ပေးရသည့်ဝန်ဆောင်မှုကြေးဖြစ်ပါသည်။ ပုံမှန်တစ်လငှားခ သို့မဟုတ်တစ်ဝက်ဖြစ်ပါသည်။

・ပထမလအိမ်ငှားခ:အိမ်ဝင်ချိန်မှာစဝင်နေမည်လအတွက်ကြိုပေးရပါသည်။ ၄င်းလ၏လအလယ်ပိုင်းဝင်ပါက တစ်ရက်စီတွက်ပြီးပေးရပါမည်။

အထို့အပြင် သော့လဲစရိတ် (ခန့်မှန်းခြေ¥10,000〜¥20,000) နဲ့ မီးဘေးအာမခံ (တစ်နှစ်စာအာမခံကြေး¥3,500〜) တို့ကိုလည်း ပေးဆောင်ရပါသည်။

အိမ်ပြောင်းစရိတ်နဲ့ပရိဘောဂအသစ်များဝယ်ဖို့အတွက်သေချာစဥ်းစားပြီးလုံလောက်အောင်ပြင်ဆင်ထားဖို့အရေးကြီးပါသည်။

shikikinနှင့်reikinမလိုအပ်တဲ့အိမ်များလည်းရှိသောကြောင့်ကုန်ကျစရိတ်ချွေတာချင်ပါကထိုအချက်ကိုထည့်စဥ်းစားနိုင်ပါသည်။

ယခုဆောင်းပါးသည် ဂျပန်နိုင်ငံ၏ နေထိုင်မှုအတွက် အသုံးဝင်သည့်အချက်အလက်များ၊ အသိပညာများကို မျှဝေပေးဖို့ ရည်ရွယ်ပါသည်။ကြိုးစားနေသောသင့်အတွက်အထောက်အကူဖြစ်ဖို့မျှော်လင့်ပါသည်။

ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများFormမှတစ်ဆင့်ဆက်သွယ်မေးမြန်းပေးပါ။

စုံစမ်းရေးဖောင်