ဂျပန်တွင် မည်သည့်အိမ်မျိုးမှာနေချင်ပါသလဲ။
ဂျပန်ရှိ ငှားရမ်းနိုင်သည့်အိမ်ခြံမြေများမှာ အမျိုးအစားအမျိုးမျိုးရှိပြီး နေထိုင်ရအဆင်ပြေခြင်းနှင့် ငှားရမ်းခတွင် ကွာခြားမှုရှိသည်။
ယခုတစ်ကြိမ်တွင် ဂျပန်မှာ တွေ့ရသည့် အဓိက ငှားရမ်းနိုင်သည့်အိမ်အမျိုးအစားများနှင့် ၎င်းတို့၏ ထူးခြားချက်များကို ရှင်းလင်းပြောပြပါမည်။
■အပါးမန့် (Apartment)
အလွှာ2ထပ်မှ3ထပ်အဆောက်အအုံဖြစ်ပြီးသစ်သားဖြင့်ဆောက်လုပ်ထားခြင်းသို့မဟုတ်ပေါ့ပါးသည့်သံထည်စတီးချောင်းများဖြင့်တည်ဆောက်ထားသည့်စုပေါင်းအိမ်ယာများဖြစ်သည်။ အိမ်လခသည်အခြားနှင့်နှိုင်းယှဥ်ကြည့်လျှင်စျေးချိုသော်လည်း၊အသံလုံခြင်းနှင့်အပူထိန်းညှိမှုအတွက် အားနည်းနိုင်သည်။
■မန်ရှင် (Mansion)
အလွှာ၃လွှာနှင့်အထက်ရှိပြီးကွန်ကရစ်သံချောင်းများဖြင့်ဆောက်လုပ်ထားသည့်စုပေါင်းအိမ်ယာဖြစ်သည်။ ငလျင်နှင့် မီးလောင်မှုအတွက် ခံနိုင်ရည်ရှိပြီး၊ အသံလုံခြင်းနှင့် အပူထိန်းညှိမှုတွင်သာလွန်ကောင်းမွန်ပါသည်။ လုံခြုံရေးစနစ်များတပ်ဆင်ထားသောအိမ်များလည်း ရှိပြီး၊ ငှားရမ်းခမှာ Apartmentထက်များသည်။
■ တယ်ရပ်စ်ဟောက်စ် (Terrace House)
အလွှာ ၂ ထပ်ရှိသော အိမ်များကိုဘေးတိုက်ဆက်လျှက်တစ်တန်းတည်းဆောက်ထားသည့်အဆောက်အအုံဖြစ်သည်။အိမ်တစ်လုံးလိုမျိုးခံစားနိုင်သည်။သို့သော်ယခင်ကအဆောက်အအုံများဖြစ်သောကြောင့်အိမ်လခသည်Mansionထက်ပို၍စျေးသက်သာသည်။သို့သော်လည်း၊ဆက်လျှက်အိမ်များဖြစ်ပြီးနံရံဖြင့်သာပိုင်ခြားထားသောကြောင့်ပဲ့တင်သံများကြားရလွယ်သည်။
■မန်စလီမန်ရှင် (Monthly Mansion)
ခဏတာနေထိုင်မှုအတွက် ရည်ရွယ်ထားပြီး ပရိဘောဂနှင့်အိမ်သုံး လျှပ်စစ်ပစ္စည်းပါသော ငှားရမ်းအိမ်ဖြစ်သည်။များသောအားဖြင့် အာမခံငွေ သို့မဟုတ် ကျေးဇူးငွေ ပေးရန် မလိုအပ်သောကြောင့်ပထမအကြိမ်ပေးချေရငွေအတွက်သက်သာမှုရှိနိုင်သည်။ရေရှည်နေထိုင်မှု့အတွက်ပုံမှန်ငှားရမ်းနေထိုင်သည့်အိမ်သည်စရိတ်ပိုသက်သာနိုင်သည်။
■မျှဝေနေအိမ် (Share House)
အိမ်တစ်လုံးတည်းတွင် လူအများအပြား နေထိုင်ပြီး မီးဖိုခန်း၊ နေရာထိုင်ခင်း၊ ရေချိုးခန်း စသည့် နေရာများကို ပူးပေါင်းအသုံးပြုသော်လည်း အိပ်ခန်းမှာ သီးသန့်ဖြစ်သည်။အိမ်စရိတ်သက်သာပြီး ပရိဘောဂနှင့်လျှပ်စစ်ပစ္စည်းများပါဝင်သည့်အိမ်ဖြစ်သော်လည်းအများနှင့်နေထိုင်မှုတွင်စည်းကမ်းများနှင့်လိုက်နာဆောင်ရွက်ရမည့်အပြုမှုများရှိပါသည်။
ဂျပန်တွင် အခန်းမျှဝေနေခြင်းခွင့်မပြုသောအိမ်များလည်း ရှိသောကြောင့် စာချုပ်ချုပ်ဆိုမှုမပြုမီတွင်အတည်ပြုရန်လိုအပ်ပါသည်။လတ်တလောတွင်နိုင်ငံခြားသားများအတွက်ရည်ရွယ်ငှားရမ်းပေးသည့်အိမ်အခန်းများလည်းတိုးလာနေပါသည်။မိမိ၏ဘတ်ဂျက်နှင့်နေထိုင်မှုပုံစံတို့ကိုသေချာစဥ်းစားကာ မိမိနှစ်သက်သောနေအိမ်ကို ရှာတွေ့လျှင်အကောင်းဆုံးဖြစ်နိုင်ပါသည်။
ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေသူများFormမှတစ်ဆင့်ဆက်သွယ်မေးမြန်းပေးပါ။

