Japan တွင် အလုပ်ထွက်လိုက်သောသူများသည် “ အလုပ်လက်မဲ့ထောက်ပံ့ကြေး” (Shitsugyou Teate) ကိုရနိုင်သည်ကို သိပါသလား။
Tokutei Ginou ဗီဇာရှိသော နိုင်ငံခြားသားများအတွက်လည်းအကျုံးဝင်သည်ဖြစ်ပြီးမိမိသဘောထားဖြင့်ထွက်သည်ဖြစ်စေ၊ကုမ္ပဏီ၏သဘောထားဖြင့်ထွက်သည်ဖြစ်စေ သတ်မှတ်ချက်များပြည့်စုံပါက အလုပ်လက်မဲ့ထောက်ပံ့ကြေး ကို ရယူနိုင်ပါသည်။
■လက်ခံရရှိနိုင်ရန် အခြေအနေများ
・မိမိသဘောထားဖြင့် အလုပ်ထွက်ခြင်း– အလုပ်မထွက်မီ ၂ နှစ်အတွင်း အလုပ်သမားအာမခံ (Koyou Hoken) သို့ ၁၂ လနှင့်အထက် ပေးဆောင်ထားခြင်း။
・ကုမ္ပဏီ၏သဘောထားဖြင့်ထွက်ခြင်း– အလုပ်မထွက်မီ ၁ နှစ်အတွင်း အလုပ်သမားအာမခံသို့ ၆ လအထက် ပေးဆောင်ထားခြင်း။
■ထောက်ပံ့ကြေးလက်ခံရရှိရန် လိုက်နာရမည့် အဆင့်များ
① လိုအပ်သော စာရွက်စာတမ်းများကို ပြင်ဆင်ခြင်း(Rishokuhyou, Taishoku Shoumeisho, Zairyuu Card, ဓာတ်ပုံစသည်)
②Hello Work တွင်လျှောက်လွှာတင်ရန် (ကောင်တာတွင်လုပ်ထုံးလုပ်နည်းအားဆောင်ရွက်ခြင်း)
③အလုပ်သမားအာမခံ ရှင်းလင်းပွဲ (Koyou Hoken Setsumeikai) တွင် တက်ရောက်ပြီး လက်ခံသူမှတ်ပုံတင် (Jukyu Shikakusha Shou) ကို ရယူရန်
④ စောင့်ဆိုင်းကာလပြီးနောက် ငွေပေးချေမှု စတင်ခြင်း (Shikyuu Kaishi)
・ကုမ္ပဏီဘက်မှ အလုပ်ရပ်ဆိုင်းခြင်း ဖြစ်ပါက- ၇ ရက်အကြာတွင် စတင်ပေးချေခြင်း
・မိမိသဘောဖြင့် အလုပ်ထွက်ခြင်း ဖြစ်ပါက- ပေးချေမှု့အတွက်၁ လစောင့်ရခြင်း
⑤၄ ပတ်တစ်ခါ အလုပ်မရှိခြင်း အတည်ပြုမှု (Shitsugyou Nintei) ပြုလုပ်ရန် (အလုပ်ပြန်ရှာခြင်းလှုပ်ရှားမှုကို သက်သေပြရန် လိုအပ်သည်)
⑥အလုပ်ပြန်ရပါက ငွေပေးချေမှု ရပ်စဲမည် (Shikyuu Shuuryou)
・အမြန်ဆုံးအလုပ်ပြန်လည်ရရှိပါက ပြန်လည်အလုပ်ဝင်ခြင်းဆိုင်ရာ အထောက်အပံ့ငွေ (Saishushoku Teate) ကိုလည်း ရရှိနိုင်သည်။
■သတိပြုရန် အချက်များ
・ငွေပေးချေမှု စတင်ခြင်းအထိ ၁~၂ လကြာနိုင်သည်။
・Tokutei Ginou ဗီဇာရှိသူများသည် ၃ လအထက် အလုပ်မလုပ်ပါက နေထိုင်ခွင့် ဗီဇာ(Zairyu Shikaku) အားပယ်ဖျက်ခံရနိုင်သည်။
Hello Work သည် အလုပ်လက်မဲ့ထောက်ပံ့ကြေးလျှောက်တင်နိုင်ခြင်းသာမက အလုပ်ရှာဖွေရေးဆိုင်ရာ အကြံဥာဏ်များနှင့်အလုပ်အကိုင်များကိုလည်းမိတ်ဆက်ပေးနေပါသည်။လိုအပ်သလိုအသုံးပြုဖို့အကြံပြုပါသည်။
ဂျပန်တွင် အလုပ်အကိုင် ရှာဖွေနေသူများသည် ဖောင်မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။